မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မုန်းလို့နှောင့်ယှက်၊ နှစ်သက်တော့ လက်ခံ

မုန်းလို့နှောင့်ယှက်၊ နှစ်သက်တော့ လက်ခံ

မုန်း​လို့​နှောင့်ယှက်၊ နှစ်သက်​တော့ လက်ခံ

လွန်ခဲ့သော​နှစ်များ​က စ​န်​တီ​ယာ​ဂို​နှင့် ဇနီး လော​ဒိစ်​တို့သည် ပီရူး​နိုင်ငံ​၏ လှပသော​ဝီလ်​ကာ​ပါ​တာ​မြို့ရှိ လူများ​ကို ကျမ်းစာ​ပါ မျှော်လင့်ချက်​သတင်းတရား​ဝေမျှ​ရန် ပြောင်းရွှေ့​လာ​ကြသည်။ မကြာမီ ကူ​ဇ​ကို​မြို့မှ ခရစ်ယာန်​ဘုန်းကြီး​တစ်ပါး​ရောက်လာ​ပြီး မြို့သူ​မြို့သား​များ​ကို အစည်းအဝေး​ခေါ်​လိုက်​သည်။ ထို​ခရစ်ယာန်​ဘုန်းကြီး​က ယေဟောဝါသက်သေ​များ​ရောက်ရှိ​နေခြင်း​ကြောင့် ကပ်ရောဂါ​ဆိုး​ကြီး​အပြင် ကျွဲ​နွား​နှင့်​ကောက်ပဲသီးနှံ​များ​ကို သေကျေပျက်စီး​စေ​မည့် ဆီးနှင်း​များ ထူထပ်​စွာ​ကျရောက်​လိမ့်​မည်​ဟု သတိပေး​ခဲ့​သည်။

ဤ “ဟောကိန်း” ကြောင့် လူအများသည် ကျမ်းစာ​လေ့လာ​ရန် စ​န်​တီ​ယာ​ဂို နှင့်​လော​ဒိစ်​တို့၏ ဖိတ်ခေါ်ချက်​ကို ခြောက်​လ​ကျော်​ကြာ လက်မခံခဲ့​ကြ​ချေ။ မီ​ဂေးလ်​အမည်​ရှိ မြို့​အရာရှိ​က စ​န်​တီ​ယာ​ဂို​နှင့်​လော​ဒိစ်​တို့​နောက် တကောက်ကောက်​လိုက်​ကာ ခဲ​နှင့်​ပေါက်​သော်လည်း သူတို့ မောင်နှံ​သည် အမြဲ​ပင် ရန်​တုံ့​မူ​ခြင်း​မရှိဘဲ အေးအေးဆေးဆေး​ပြုမူ​ခဲ့​ကြသည်။

အတန်​ကြာသော် မြို့သူ​မြို့သား​အချို့​က ကျမ်းစာ​လေ့လာ​ရန် လက်ခံခဲ့​ကြသည်။ မီ​ဂေးလ်​ပင် စိတ်ပြောင်း​သွား​ကာ စ​န်​တီ​ယာ​ဂို​နှင့် ကျမ်းစာ​စလေ့လာ​တော့​သည်။ သူသည် အရက်​ကို အလွန်အကျွံ​မ​သောက်​တော့​ဘဲ အေးအေးဆေးဆေး​နေတတ်​သူ​ဖြစ်လာ​သည်။ နောက်ဆုံး​တွင် မီ​ဂေးလ်​တို့​မောင်နှံ​နှင့် သမီး​နှစ်ယောက်​လည်း ကျမ်းစာ​အမှန်တရားကို လက်ခံ​ယုံကြည်ခဲ့​ကြသည်။

ယနေ့ ထို​မြို့တွင် ယေဟောဝါသက်သေ​များ​၏ တိုးတက်​နေသော အသင်းတော်​တစ်ခု ရှိ​နေပါ​သည်။ မီ​ဂေးလ်​က မိမိ​ပေါက်​ခဲ့​သော​ကျောက်ခဲ​များ စ​န်​တီ​ယာ​ဂို​နှင့်​လော​ဒိစ်​တို့ အား မထိ​မှန် ခဲ့​သည့်​အတွက် ဝမ်းသာ​နေပြီး ၎င်း​တို့​မောင်နှံ​၏ ရန်ကို​ရန်​ချင်း​မတုံ့ပြန်​တတ်သော ပုံသက်သေ​ကောင်း​အတွက် ကျေးဇူး​တင်​နေ​လေ​သည်။

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

စ​န်​တီ​ယာ​ဂို​နှင့်​လော​ဒိစ်​၏ (အထက်​ပုံ)ရန်ကို​ရန်​ချင်း​မတုံ့ပြန်​တတ်​သည့် သဘောထား​ကြောင့်​မီ​ဂေးလ် (ညာဘက်​စွန်) စိတ်ပြောင်း​သွားခဲ့