အုပ်ချုပ်ရေးအဖွဲ့၏ အဖွဲ့ဝင်သစ်များ
အုပ်ချုပ်ရေးအဖွဲ့၏ အဖွဲ့ဝင်သစ်များ
အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါဗေသလမိသားစုသည် ဆက်သွယ်ထားသောဗီဒီယိုမှတစ်ဆင့် ၂၀၀၅ ခု နှစ်၊ ဩဂုတ်လ ၂၄ ရက် ဗုဒ္ဓဟူးနေ့နံနက်တွင် စိတ်လှုပ်ရှားဖွယ် ကြေညာချက်တစ်ခုကို ကြားခဲ့ရသည်။ ၂၀၀၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှစပြီး ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့တွင် ဂျက်ဖရီ ဒဗလျူ. ဂျက်စင်နှင့် အန်တိုနီ မောရစ် ၃ တို့ကို အဖွဲ့ဝင်သစ်နှစ်ဦးအဖြစ် ဖြည့်စွက်မည်ဖြစ်သည်။
ညီအစ်ကို ဂျက်စင်သည် ၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဩစတြေးလျ၏ပြည်နယ်တစ်ခုဖြစ်သည့် တပ်စ်မေးနီးယားကျွန်း၌ ရှေ့ဆောင်စလုပ်ခဲ့သည်။ ၁၉၇၄ ခုနှစ်၊ ဇွန်လတွင် ဂျနက်တ် (ဂျဲနီ) နှင့် လက်ထပ်ခဲ့သည်။ ထို့နောက် မကြာမီ အထူးရှေ့ဆောင်များအဖြစ် အမှုဆောင်ရန် ခန့်အပ်ခံရသည်။ ၁၉၇၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ တောင်ပစိဖိတ်ကျွန်းနိုင်ငံများဖြစ်သည့် တူဗာလူး၊ ဆာမိုအာနှင့် ဖီဂျီတို့တွင် ခရစ်ယာန်သာသနာပြုများအဖြစ် အမှုဆောင်ခဲ့သည်။ ညီအစ်ကိုနှင့်ညီအစ်မ ဂျက်စင်သည် ကျွန်းများတွင်ရှိစဉ် သမ္မာကျမ်းစာ စာပေများ ဘာသာပြန်ခြင်းလုပ်ငန်းကိုလည်း များစွာထောက်ကူပေးခဲ့သည်။ ညီအစ်ကိုဂျက်စင်သည် ၁၉၉၂ ခုနှစ်မှစ၍ ဆာမိုအာတွင် ဌာနခွဲကော်မတီဝင်အဖြစ် အမှုဆောင်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှစ၍ ဖီဂျီတွင် ဌာနခွဲကော်မတီဝင်အဖြစ် အမှုဆောင်ခဲ့သည်။ သူနှင့်ဂျဲနီသည် ၂၀၀၃ ခုနှစ်၊ ဧပြီလမှစ၍ အမေရိကန်ပြည်ထောင်စု ဗေသလမိသားစုဝင် ဖြစ်လာပြီး ဘာသာပြန်လုပ်ငန်းဌာနတွင် စတင်အလုပ်လုပ်ကိုင်ခဲ့သည်။ ထို့နောက် မကြာမီ ညီအစ်ကိုဂျက်စင်သည် အုပ်ချုပ်ရေးအဖွဲ့၏ သွန်သင်ခြင်းကော်မတီကို ကူညီပေးခဲ့သည်။
ညီအစ်ကိုမောရစ်သည် ၁၉၇၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ ရှေ့ဆောင်လုပ်ငန်းသို့ ဝင်ရောက်ခဲ့သည်။ ထိုနှစ်ဒီဇင်ဘာလတွင် စူဇဲန်နှင့်လက်ထပ်ပြီး ပထမသား ဂျက်စီမမွေးမီအထိ လေးနှစ်နီးပါး ရှေ့ဆောင်ဆက်လုပ်ခဲ့သည်။ မကြာမီ နောက်သားတစ်ဦးဖြစ်သည့် ပေါလ်ကိုထပ်ရခဲ့သည်။ ညီအစ်ကိုမောရစ်သည် ၁၉၇၉ ခုနှစ်တွင် မှန်မှန်ရှေ့ဆောင်အဖြစ် အချိန်ပြည့်လုပ်ငန်းတွင် ပြန်လည်ပါဝင်ခဲ့သည်။ သားများကျောင်းတက်သည်နှင့် သူ၏ဇနီးလည်း သူနှင့်အတူရှေ့ဆောင်လုပ်ခဲ့သည်။ သူတို့မိသားစုသည် သာ၍လိုအပ်သောဒေသများဖြစ်သည့် အမေရိကန်ပြည်ထောင်စုရှိ ရို့ဒ်ကျွန်းနှင့် ကယ်လီဖိုးနီးယားမြောက်ပိုင်းတွင် အမှုဆောင်ခဲ့သည်။ ညီအစ်ကိုမောရစ်သည် ကယ်လီဖိုးနီးယားမြောက်ပိုင်းတွင် အရန်တိုက်နယ်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့ပြီး သားများမှာ မှန်မှန်ရှေ့ဆောင်လုပ်ခဲ့ကြသည်။ ဂျက်စီနှင့်ပေါလ်တို့သည် အသက် ၁၉ နှစ်အရွယ်များတွင် ယူနိုက်တက်စတိတ်ဌာနခွဲရုံးသို့ ဖိတ်ခေါ်ခံခဲ့ရသည်။ ထိုအချိန်တွင် ညီအစ်ကိုမောရစ်သည် တိုက်နယ်စလုပ်ခဲ့သည်။ ထို့နောက် ၂၀၀၂ ခုနှစ်တွင် သူနှင့်စူဇဲန်သည် ဗေသလသို့ဖိတ်ခေါ်ခံရပြီး ဩဂုတ်လ ၁ ရက်မှစ၍ တာဝန်အသစ်ကို စထမ်းဆောင်ခဲ့သည်။ ညီအစ်ကိုမောရစ်သည် ပက်တာစင်ရှိ လုပ်ငန်းတော်ဌာနတွင်အမှုဆောင်ပြီး နောက်ပိုင်းတွင် အုပ်ချုပ်ရေးအဖွဲ့၏ လုပ်ငန်းတော်ကော်မတီတွင် ကူညီပေးခဲ့သည်။
ဤအဖွဲ့ဝင်သစ်နှစ်ဦးအပါအဝင် အုပ်ချုပ်ရေးအဖွဲ့တွင် စီ.ဒဗလျူ. ဘာဘာ၊ ဂျေ. အီး. ဘားရ်၊ အက်စ်. အက်ဖ်. ဟာ့ဒ်၊ အမ်. အက်စ်. လက်တ်၊ ဂျီ. လော့ရှ်၊ တီ. ဂျဲရက်စ်၊ ဂျီ. အိပ်ခ်ျ. ပီယပ်စ်၊ အေ. ဒီ. ရှရိုးဒါး၊ ဒီ. အိပ်ခ်ျ. စပလန်နှင့် ဒီ. ဆစ်ဒလစ်ခ်တို့ပါဝင်သည်။ အုပ်ချုပ်ရေးအဖွဲ့ဝင်အားလုံးမှာ ဝိညာဉ်တော်ဖွားခရစ်ယာန်များဖြစ်ကြသည်။