ချစ်ခြင်းမေတ္တာကြောင့် သာ၍ရဲရင့်ခြင်း
ချစ်ခြင်းမေတ္တာကြောင့် သာ၍ရဲရင့်ခြင်း
“ဘုရားသခင်သည် ကြောက်တတ်သောစိတ်သဘောကို ငါတို့အား ပေးတော်မူသည်မဟုတ်။ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကိုပေးတော်မူ၏။”—၂ တိမောသေ ၁:၇။
၁၊ ၂။ (က) မေတ္တာသည် လူတစ်ဦးကို အဘယ်အရာပြုလုပ်ရန် စေ့ဆော်ပေးနိုင်သနည်း။ (ခ) ယေရှု၏ရဲရင့်ခြင်းသည် အဘယ်ကြောင့် ထူးခြားသနည်း။
ကြင်စဦးမောင်နှံသည် ဩစတြေးလျအရှေ့ဘက် ကမ်းရိုးတန်းမြို့အနီးတွင် ရေအောက်အသက်ရှူကိရိယာဖြင့် ရေငုပ်နေကြသည်။ ရေပြင်ပေါ်ရောက်ခါနီးတွင် ငါးမန်းဖြူကြီးတစ်ကောင်သည် အမျိုးသမီးထံ တရှိန်ထိုးကူးလာသည်။ ချက်ချင်းဆိုသလို ယောက်ျားဖြစ်သူသည် သူ၏ဇနီးကိုဘေးသို့တွန်းလိုက်ပြီး သူ့အစားအသေခံလိုက်သည်။ “ကျွန်မအတွက် သူအသက်ပေးသွားတယ်” ဟု မုဆိုးမဖြစ်သွားသူဇနီးက ဈာပနအခမ်းအနားတွင် ပြောရှာသည်။
၂ မှန်ပါသည်။ မေတ္တာက လူတို့ကို အလွန်ရဲရင့်ရန် စေ့ဆော်ပေးနိုင်သည်။ ယေရှုခရစ်ကိုယ်တိုင် ဤသို့မိန့်ဆိုခဲ့သည်– “ကိုယ့်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။” (ယောဟန် ၁၅:၁၃) ယေရှုသည် ထိုစကားများပြောဆိုပြီး ၂၄ နာရီပင်မပြည့်မီ လူတစ်ဦးအတွက်မဟုတ်ဘဲ လူသားထုအတွက် မိမိအသက်ကိုပေးဆပ်တော်မူခဲ့သည်။ (မဿဲ ၂၀:၂၈) ထို့ပြင် ယေရှုသည် အရေးကြုံ၍ ရုတ်တရက် ရဲရင့်စွာ အသက်ပေးဆပ်လိုက်ခြင်းမဟုတ်။ မိမိသည် ကဲ့ရဲ့ရှုတ်ချခံရမည်၊ မတရားသဖြင့် သေဒဏ်စီရင်ခံရပြီး ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် ကွပ်မျက်ခံရမည်ကို ကြိုတင်သိရှိထားတော်မူသည်။ ထို့ကြောင့် မိမိ၏တပည့်များကို ဤသို့ကြိုတင်အသိပေးခဲ့သည်– “ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ လူသားသည် ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်သို့ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကိုစီရင်၍ တစ်ပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်။ သူတို့သည်လည်း လူသားအား ပြက်ယယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ တံတွေးနှင့်ထွေးခြင်း၊ အသေသတ်ခြင်းကိုပြုကြလိမ့်မည်။”—မာကု ၁၀:၃၂-၃၄။
၃။ အဘယ်အရာကြောင့် ယေရှု အလွန်ရဲရင့်ခဲ့သနည်း။
၃ အဘယ်အရာကြောင့် ယေရှု အလွန်ရဲရင့်ခဲ့သနည်း။ အဓိကအားဖြင့် ယုံကြည်ခြင်းနှင့် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းတို့ကြောင့်ဖြစ်သည်။ (ဟေဗြဲ ၅:၇; ၁၂:၂) သို့သော် ဘုရားသခင်နှင့် လူလူချင်းကိုချစ်သောမေတ္တာကြောင့် ယေရှု သာ၍ရဲရင့်ခဲ့သည်။ (၁ ယောဟန် ၃:၁၆) ယုံကြည်ခြင်းနှင့် ဘုရားသခင်အားကြောက်ရွံ့ခြင်းအပြင် ထိုသို့သောမေတ္တာကို ပြုစုပျိုးထောင်ပါက ကျွန်ုပ်တို့လည်း ယေရှုကဲ့သို့ ရဲရင့်နိုင်သည်။ (ဧဖက် ၅:၂) ထိုမေတ္တာကို မည်သို့ပြုစုပျိုးထောင်နိုင်သနည်း။ ထိုမေတ္တာ၏ရင်းမြစ်ကို အသိအမှတ်ပြုဖို့လိုသည်။
“ချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့်စပ်ဆိုင်”
၄။ ယေဟောဝါသည် မေတ္တာ၏ရင်းမြစ်ဖြစ်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၄ ယေဟောဝါသည် မေတ္တာ၏ပြယုဂ်နှင့်ရင်းမြစ်ဖြစ်တော်မူသည်။ “ချစ်သူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ ချစ်တတ်သောသူမည်သည်ကား ဘုရားသခင်ဖြစ်ပွားစေတော်မူသောသူဖြစ်၏။ ဘုရားသခင်ကိုသိသောသူလည်းဖြစ်၏။ ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟု တမန်တော်ယောဟန် ရေးသားခဲ့သည်။ (၁ ယောဟန် ၄:၇၊ ၈) ထို့ကြောင့် လူတစ်ဦးသည် တိကျမှန်ကန်သောအသိပညာကို ဆည်းပူးပြီး ယင်းကို နာခံမှုရှိရှိ လက်တွေ့ကျင့်သုံးခြင်းဖြင့် ယေဟောဝါထံချဉ်းကပ်မှသာ ဘုရားသခင်ကဲ့သို့သောမေတ္တာမျိုး ရှိလာနိုင်သည်။—ဖိလိပ္ပိ ၁:၉၊ ၁၀; ယာကုပ် ၄:၈; ၁ ယောဟန် ၅:၃။
၅၊ ၆။ ယေရှု၏ အစောပိုင်းနောက်လိုက်များသည် အဘယ်ကြောင့် ခရစ်တော်တင်ပြသောမေတ္တာမျိုး ပြုစုပျိုးထောင်နိုင်ခဲ့သနည်း။
ယောဟန် ၁၇:၂၆) ဘုရားသခင့်နာမတော်ကို ကိုယ်စားပြုသော ပြိုင်စံရှားဂုဏ်ရည်တော်များအကြောင်း အပြောနှင့်ရောအလုပ်ဖြင့်ပါ ဖော်ပြခြင်းဖြင့် မိမိနှင့်ခမည်းတော်ကြားရှိမေတ္တာမျိုး တပည့်များ ပြုစုပျိုးထောင်နိုင်ရန် ကူညီပေးခဲ့သည်။ ထို့ကြောင့် ယေရှု ဤသို့ဆိုနိုင်ခဲ့ခြင်းဖြစ်၏– “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။”—ယောဟန် ၁၄:၉၊ ၁၀; ၁၇:၈။
၅ ယေရှုသည် သစ္စာရှိ တမန်တော် ၁၁ ပါးနှင့်အတူ နောက်ဆုံးအကြိမ်ဆုတောင်းစဉ် ဘုရားသခင်ကိုသိရှိခြင်းနှင့် မေတ္တာတိုးများလာခြင်းတို့ ဆက်စပ်ကြောင်း ဤသို့ဖော်ပြခဲ့သည်– “ကိုယ်တော်သည် အကျွန်ုပ်ကိုချစ်တော်မူသောမေတ္တာသည် သူတို့၌ရှိစေခြင်းငှာလည်းကောင်း၊ အကျွန်ုပ်သည် သူတို့၌ရှိစေခြင်းငှာလည်းကောင်း ကိုယ်တော်၏နာမကို အကျွန်ုပ်သည် သူတို့အားပြညွှန်ပါပြီဖြစ်၍ အစဉ်ပြညွှန်ပါပြီ။” (၆ ခရစ်တော်တင်ပြသော ချစ်ခြင်းမေတ္တာသည် ဘုရားသခင့်ဝိညာဉ်တော်အသီးဖြစ်သည်။ (ဂလာတိ ၅:၂၂) အစောပိုင်းခရစ်ယာန်များသည် အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခံရသောအခါ ယေရှု၏သွန်သင်ချက်များကို မှတ်မိရုံသာမက ကျမ်းစာ၏အဓိပ္ပာယ်ကိုပါ ပို၍သိနားလည်လာကြသည်။ ထိုသို့ထိုးထွင်းသိမြင်ခြင်းကြောင့် ဘုရားသခင်ကိုချစ်သည့်မေတ္တာ ပိုခိုင်မာလာသည်။ (ယောဟန် ၁၄:၂၆; ၁၅:၂၆) ရလဒ်ကားအဘယ်နည်း။ အသက်အန္တရာယ်ရှိသည့်ကြားမှပင် သတင်းကောင်းကို ဇွဲအပြည့်ဖြင့် သတ္တိရှိရှိဟောပြောခဲ့ကြသည်။—တမန်တော် ၅:၂၈၊ ၂၉။
ရဲရင့်ခြင်းနှင့်မေတ္တာကို လက်တွေ့တင်ပြခြင်း
၇။ ပေါလုနှင့်ဗာနဗတို့သည် ခရစ်ယာန်သာသနာပြုခရီးတွင် အဘယ်အရာကြုံတွေ့ခဲ့ရသနည်း။
၇ တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– “ဘုရားသခင်သည် ကြောက်တတ်သောစိတ်သဘောကို ငါတို့အား ပေးတော်မူသည်မဟုတ်။ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကိုပေးတော်မူ၏။” (၂ တိမောသေ ၁:၇) ယင်းမှာ ပေါလု၏ကိုယ်တွေ့ပင်ဖြစ်၏။ ခရစ်ယာန်သာသနာပြုခရီးတွင် သူနှင့်ဗာနဗတို့ အဘယ်အရာကြုံတွေ့ခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ သူတို့သည် အန္တိအုတ်၊ ဣကောနိ၊ လုတ္တရအပါအဝင် မြို့များစွာတွင် ဟောပြောခဲ့ကြသည်။ မြို့တိုင်းတွင် လူအချို့ ယုံကြည်သူများဖြစ်လာကြသော်လည်း ဆန့်ကျင်သူများလည်းရှိသည်။ (တမန်တော် ၁၃:၂၊ ၁၄၊ ၄၅၊ ၅၀; ၁၄:၁၊ ၅) လုတ္တရမြို့တွင် လူအုပ်သည် ပေါလုကိုကျောက်ခဲနှင့်ပေါက်ပြီး သေပြီအထင်နှင့်ပစ်ထားခဲ့ကြသည်။ သို့သော် ‘တပည့်တို့သည် ဝိုင်းရံ၍နေကြစဉ် ပေါလုသည်ထ၍ မြို့ထဲသို့ဝင်ပြန်၏။ နက်ဖြန်နေ့၌ ဗာနဗနှင့်တကွ ဒေရဗေမြို့သို့ထွက်သွားလေ၏။’—တမန်တော် ၁၄:၆၊ ၁၉၊ ၂၀။
၈။ ပေါလုနှင့်ဗာနဗတို့၏ရဲစွမ်းသတ္တိက လူတို့ကို နက်နက်ရှိုင်းရှိုင်းချစ်ကြောင်း မည်သို့ဖော်ပြသနည်း။
၈ ထိုသို့အသက်အန္တရာယ်ရှိခြင်းကြောင့် ပေါလုနှင့်ဗာနဗတို့ ကြောက်ရွံ့ခဲ့ကြသလော။ ဝေးလေစွ! သူတို့သည် ဒေရဗေမြို့တွင် ‘လူများတို့ကို တပည့်ဖြစ်စေပြီးမှ လုတ္တရမြို့၊ ဣကောနိမြို့၊ အန္တိအုတ်မြို့တို့ကို အစဉ်အတိုင်းလှည့်လည်၍ပြန်ကြ၏။’ အဘယ်ကြောင့်နည်း။ ယုံကြည်ခြင်းတွင်ခိုင်မြဲနေဖို့ လူသစ်များကို အားပေးရန်ဖြစ်သည်။ ‘များပြားသောဆင်းရဲခြင်းကိုခံ၍ ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရကြမည်’ ဟု ပေါလုနှင့်ဗာနဗတို့ဆိုသည်။ ယေရှု၏ “သိုးတို့ကို” ချစ်သောမေတ္တာ အလွန်နက်ရှိုင်းသောကြောင့် သူတို့ရဲရင့်ခဲ့သည်မှာ ရှင်းနေပါသည်။ (တမန်တော် ၁၄:၂၁-၂၃; ယောဟန် ၂၁:၁၅-၁၇) သူတို့နှစ်ဦးသည် အသင်းတော်အသစ်များတွင် အကြီးအကဲများခန့်အပ်ပြီးနောက် ဆုတောင်းပေးပြီး “သင်းဝင်သူတို့ယုံကြည်သော သခင်ဘုရား၏လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံကြ၏။”
၉။ ပေါလု၏မေတ္တာကို ဧဖက်မြို့မှအကြီးအကဲများ မည်သို့တုံ့ပြန်ခဲ့သနည်း။
၉ ပေါလုသည် အလွန်ဂရုစိုက်တတ်ပြီး ရဲရင့်သူဖြစ်ရာ အစောပိုင်းခရစ်ယာန်များစွာ သူ့ကိုအလွန်ချစ်ကြသည်။ သူသည် ဧဖက်မြို့တွင် သုံးနှစ်လုံးနေထိုင်ခဲ့ပြီး ဆန့်ကျင်မှုများစွာ ကြုံခဲ့ရသည်။ ထိုမြို့မှအကြီးအကဲများနှင့်တွေ့ဆုံသောအခါ အဘယ်အရာဖြစ်ပျက်ခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ (တမန်တော် ၂၀:၁၇-၃၁) ဘုရားသခင် အပ်နှင်းထားသော သိုးတော်စုကိုထိန်းကျောင်းရန် အားပေးပြီးနောက် သူတို့နှင့်အတူ ဒူးထောက်ဆုတောင်းလေသည်။ ထို့နောက် “ထိုသူအပေါင်းတို့သည် အလွန်ငိုကြွေး၍ ပေါလု၏လည်ပင်းကိုဖက်ယမ်းလျက် သူ့ကိုနမ်းကြ၏။ နောက်တစ်ဖန် သူ၏မျက်နှာကိုမမြင်ရဟူသောစကားကြောင့် သာ၍ကြေကွဲသောစိတ်နှင့် ပေါလုကိုသင်္ဘောသို့ ပို့လိုက်ကြ၏။” ထိုညီအစ်ကိုများ ပေါလုကို အလွန်ချစ်လှသည်တကား! မှန်ပါသည်။ ဒေသခံအကြီးအကဲများသည် ပေါလုနှင့်သူ၏အပေါင်းအဖော်တို့ကို မသွားစေလိုသောကြောင့် သူတို့သည် မခွဲခွာချင်ဘဲခွဲခွာခဲ့ရသည်။—တမန်တော် ၂၀:၃၆–၂၁:၁။
၁၀။ မျက်မှောက်ခေတ်ယေဟောဝါသက်သေများသည် အချင်းချင်းချစ်သည့်မေတ္တာကို မည်သို့ ရဲရဲရင့်ရင့်တင်ပြခဲ့သနည်း။
၁၀ ယနေ့ နယ်လှည့်ကြီးကြပ်မှူးများ၊ အသင်းတော်အကြီးအကဲများနှင့် အခြားသူများစွာသည် ယေဟောဝါ၏သိုးတော်စုအတွက် ရဲရင့်ခဲ့ကြသောကြောင့် အလွန်ချစ်မြတ်နိုးခံရကြသည်။ ဥပမာ၊ ပြည်တွင်းစစ်ဖြစ်ပွားသောနိုင်ငံများ သို့မဟုတ် ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ထားသောနိုင်ငံများတွင် နယ်လှည့်ကြီးကြပ်မှူးများနှင့် သူတို့တမန်တော် ၅:၂၈၊ ၂၉; ဟေဗြဲ ၁၀:၂၄၊ ၂၅) ကျွန်ုပ်တို့လည်း ထိုရဲရင့်သောညီအစ်ကိုညီအစ်မများ၏ ယုံကြည်ခြင်းနှင့်မေတ္တာကို တုပနိုင်ကြပါစေ။—၁ သက်သာလောနိတ် ၁:၆။
၏ဇနီးများသည် အသက်အန္တရာယ်ရှိနိုင်ပြီး လွတ်လပ်ခွင့် ဆုံးရှုံးနိုင်သည့်ကြားမှ အသင်းတော်များထံ လည်ပတ်ခဲ့ကြသည်။ ထိုနည်းတူ သက်သေခံများစွာသည် သူတို့၏သက်သေခံချင်းများကို သစ္စာမဖောက်သောကြောင့် သို့မဟုတ် မည်သည့်နေရာမှ ဝိညာဉ်အစာရရှိကြောင်း မပြောပြသောကြောင့် ကြမ်းတမ်းသောအုပ်စိုးရှင်များနှင့် သူတို့လက်ပါးစေများ၏ နှိပ်စက်မှုခံခဲ့ရသည်။ အခြားသူထောင်ပေါင်းများစွာမှာ သတင်းကောင်းဆက်ဟောပြောသောကြောင့် သို့မဟုတ် ခရစ်ယာန်အစည်းအဝေးများတွင် ယုံကြည်သူချင်းများနှင့် ဆက်ပေါင်းသင်းသောကြောင့် နှိပ်စက်ညှဉ်းပန်းခံရပြီး အသတ်ပင်ခံခဲ့ရသည်။ (သင်၏ချစ်ခြင်းမေတ္တာ မအေးစက်စေနှင့်
၁၁။ စာတန်သည် ယေဟောဝါ၏ကျေးကျွန်များကို အဘယ်နည်းများဖြင့် ဝိညာဉ်ရေးတိုက်ပွဲဆင်နွှဲနေသနည်း။ သူတို့အဘယ်အရာပြုလုပ်ရန် လိုအပ်သနည်း။
၁၁ စာတန် မြေကြီးပေါ်သို့ ချပစ်ခံရချိန်တွင် ယေဟောဝါ၏ကျေးကျွန်များကို မီးကုန်ယမ်းကုန်တိုက်ခိုက်ရန် သူရည်ရွယ်ခဲ့သည်။ အကြောင်းမှာ သူတို့သည် “ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍ ယေရှု၏သက်သေခံတော်မူချက်ကိုစွဲလမ်းသော” ကြောင့်ဖြစ်သည်။ (ဗျာ. ၁၂:၉၊ ၁၇) စာတန်၏နည်းပရိယာယ်တစ်ခုမှာ နှိပ်စက်ညှဉ်းပန်းခြင်းဖြစ်သည်။ သို့သော် ယင်းသည် ဘုရားသခင့်လူများကို ခရစ်ယာန်မေတ္တာနှောင်ကြိုး ပိုခိုင်မာလာစေပြီး ပိုဇွဲရှိစေသောကြောင့် ဆန့်ကျင်ဘက်အကျိုးသက်ရောက်လေ့ရှိသည်။ နောက်နည်းပရိယာယ်တစ်ခုမှာ အပြစ်ပြုလိုသောဆန္ဒဖြစ်သည်။ ယင်းကိုတွန်းလှန်ရန် ရဲစွမ်းသတ္တိရှိဖို့လိုသည်။ အကြောင်းမှာ ယင်းသည် ကျွန်ုပ်တို့ကိုယ်တိုင်၏ ‘အလွန်စဉ်းလဲယိုယွင်းသောနှလုံး’ အတွင်းရှိ မသင့်တော်သောအလိုဆန္ဒများကို တွန်းလှန်ရသော အတွင်းတိုက်ပွဲဖြစ်သောကြောင့်တည်း။—ယေရမိ ၁၇:၉; ယာကုပ် ၁:၁၄၊ ၁၅။
၁၂။ ဘုရားသခင်ကိုချစ်သည့်မေတ္တာ လျော့နည်းသွားစေရန် ‘လောကစိတ်ဓာတ်’ ကို စာတန် မည်သို့အသုံးပြုသနည်း။
၁၂ စာတန်၏လက်နက်တိုက်မှ တန်ခိုးပါသော နောက်လက်နက်တစ်ခုမှာ ‘လောကစိတ်ဓာတ်’ ဖြစ်ပြီး ယင်း၏သြဇာလွှမ်းမိုးမှု သို့မဟုတ် လှုံ့ဆော်မှုသည် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်နှင့် လုံးဝဆန့်ကျင်သည်။ (၁ ကောရိန္သု ၂:၁၂) လောကစိတ်ဓာတ်သည် “မျက်စိတပ်မက်ခြင်း” ဖြစ်သော လိုဘကြီးခြင်းနှင့်ရုပ်ဝါဒလိုက်စားခြင်းတို့ကို မြေတောင်မြှောက်ပေးသည်။ (၁ ယောဟန် ၂:၁၆; ၁ တိမောသေ ၆:၉၊ ၁၀) ရုပ်ပစ္စည်းများနှင့်ငွေကြေးကိုယ်နှိုက်က အန္တရာယ်မရှိသော်လည်း ဘုရားသခင်ထက် ယင်းတို့ကိုချစ်လာပါက စာတန်အောင်ပွဲဆင်မည်ပင်။ လောကစိတ်ဓာတ်၏အစွမ်း သို့မဟုတ် “တန်ခိုး” သည် အပြစ်ပြုလိုသောသွေးသားဆန္ဒကို ဆွဲဆောင်ပြီး လိမ္မာပါးနပ်သည်၊ အဆက်မပြတ်သြဇာသက်ရောက်ပြီး လေကဲ့သို့ နေရာတိုင်းတွင်ပျံ့နှံ့နေသည်။ သင့်နှလုံးကို လောကစိတ်ဓာတ် မကူးစက်စေပါနှင့်။—ဧဖက် ၂:၂၊ ၃; သု. ၄:၂၃။
၁၃။ ကိုယ်ကျင့်တရားသန့်ရှင်းမှုကိုထိန်းသိမ်းရာတွင် ကျွန်ုပ်တို့၏ရဲရင့်မှု မည်သို့စမ်းသပ်ခံရနိုင်သနည်း။
၁၃ လောက၏ဆိုးညစ်သောစိတ်ဓာတ်ကို တွန်းလှန်ပြီး ကိုယ်ကျင့်တရားသန့်ရှင်းနေရန် ရဲရင့်မှုလိုသည်။ ဥပမာ၊ ညစ်ညမ်းသောပြကွက်များ ပေါ်လာပါက ရုပ်ရှင်ရုံမှထထွက်သွားရန်၊ ကွန်ပျူတာ သို့မဟုတ် တီဗွီကို ပိတ်လိုက်ရန် ရဲရင့်ဖို့လိုသည်။ ၁ ကောရိန္သု ၁၅:၃၃; ၁ ယောဟန် ၅:၁၉။
အကျိုးမပြုသော ရွယ်တူချင်းဖိအားကို တွန်းလှန်ရန်၊ မကောင်းသောအပေါင်းအသင်းကို အဆက်ဖြတ်ပစ်ရန် ရဲရင့်ဖို့လိုသည်။ ထိုနည်းတူ ကျောင်းနေဖက်၊ အလုပ်ဖော် သို့မဟုတ် ဆွေမျိုးသားချင်းများ၏ ကဲ့ရဲ့လှောင်ပြောင်ခံရသောအခါ ဘုရားသခင့်ပညတ်နှင့်မူများအတိုင်း အသက်ရှင်ရန် ရဲရင့်ဖို့လိုသည်။—၁၄။ လောကစိတ်ဓာတ် ကူးစက်ခံနေရပါက ဘာပြုလုပ်သင့်သနည်း။
၁၄ ထို့ကြောင့် ဘုရားသခင်နှင့် ဝိညာဉ်ရေးညီအစ်ကိုညီအစ်မများကို ချစ်သည့်မေတ္တာခိုင်မာနေရန် အလွန်အရေးကြီးလှသည်တကား! တစ်နည်းနည်းဖြင့် လောကစိတ်ဓာတ်ကူးစက်နေ,မနေသိရန် သင့်ပန်းတိုင်များနှင့်ဘဝပုံစံကို အချိန်ယူဆန်းစစ်ပါ။ အကယ်၍ ထိုသို့ကူးစက်နေလျှင် သို့မဟုတ် ကူးစက်စပြုနေလျှင်ပင် ယင်းကို အမြစ်ပါမကျန်ထုတ်ပစ်နိုင်သည်အထိ ရဲစွမ်းသတ္တိရှိဖို့ ယေဟောဝါထံဆုတောင်းပါ။ ထိုသို့စိတ်ရင်းမှန်ဖြင့်တောင်းသည့် အသနားခံချက်များကို ယေဟောဝါလျစ်လျူရှုမည်မဟုတ်ပေ။ (ဆာလံ ၅၁:၁၇) ထို့ပြင် ကိုယ်တော့်ဝိညာဉ်တော်သည် လောကဝိညာဉ်ထက် သာ၍တန်ခိုးကြီးပေသည်။—၁ ယောဟန် ၄:၄။
ကိုယ်ရေးကိုယ်တာပြဿနာများကို ရဲရင့်စွာရင်ဆိုင်ခြင်း
၁၅၊ ၁၆။ ခရစ်တော်တင်ပြသောမေတ္တာမျိုးက ကိုယ်ရေးကိုယ်တာပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် မည်သို့ထောက်ကူသနည်း။ ဥပမာပေးပါ။
၁၅ ယေဟောဝါ၏ကျေးကျွန်များသည် မစုံလင်မှု၏ဆိုးကျိုးများ၊ ဇရာထောင်းမှု၊ ရောဂါ၊ မသန်စွမ်းမှု၊ စိတ်ဓာတ်ကျမှုနှင့် အခြားပြဿနာများစွာ ရင်ဆိုင်နေရသည်။ (ရောမ ၈:၂၂) ခရစ်တော်တင်ပြသောမေတ္တာမျိုးက ထိုစမ်းသပ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်စေသည်။ ဇမ်ဘီယာနိုင်ငံရှိ ခရစ်ယာန်မိသားစုတွင်ကြီးပြင်းလာသော နာမန်ဂေါ်လွာ၏ အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ သူသည် နှစ်နှစ်သမီးအရွယ်တွင် မသန်မစွမ်းဖြစ်ခဲ့သည်။ “ကျွန်မရဲ့ပုံပန်းသွင်ပြင်ကို လူတွေမြင်ရင် လန့်သွားမှာပဲလို့ တွေးမိပြီး အရမ်းရှက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ဝိညာဉ်ရေးညီအစ်ကိုတွေက ကိစ္စရပ်တွေကို တခြားနည်းနဲ့ရှုမြင်နိုင်ဖို့ ကူညီပေးခဲ့တယ်။ ဒါကြောင့် အရှက်ကြီးတဲ့စိတ်ကို ကျော်လွှားနိုင်ပြီး နှစ်ခြင်းခံနိုင်ခဲ့တယ်” ဟုသူပြောပြသည်။
၁၆ နာမန်ဂေါ်လွာတွင် ဘီးတပ်ကုလားထိုင်ရှိသော်လည်း သဲရွှံ့ထူထပ်သောလမ်းပေါ်တွင် လေးဖက်ထောက်သွားရလေ့ရှိသည်။ သို့သော် တစ်နှစ်လျှင် အနည်းဆုံးနှစ်လ အရန်ရှေ့ဆောင်အဖြစ် ဓမ္မအမှုတွင်ပါဝင်သည်။ အိမ်ရှင်တစ်ဦးဆိုလျှင် သူသက်သေခံစဉ် မျက်ရည်ကျခဲ့သည်။ အဘယ်ကြောင့်နည်း။ ညီအစ်မ၏ယုံကြည်ခြင်းနှင့်ရဲရင့်ခြင်းကို အလွန်စိတ်စွဲမှတ်သွား၍ဖြစ်သည်။ ယေဟောဝါ၏ကြွယ်ဝသောကောင်းချီးကြောင့် နာမန်ဂေါ်လွာ၏ကျမ်းစာသင်အံမှုငါးခုမှာ နှစ်ခြင်းခံပြီး တစ်ဦးမှာ အသင်းတော်အကြီးအကဲပင်ဖြစ်နေပေပြီ။ “တစ်ခါတလေ ခြေထောက်က သိပ်ကိုက်ခဲတာပဲ။ ဒါပေမဲ့ အဲဒါကြောင့် ဘယ်တော့မှအလျှော့မပေးဘူး” ဟုသူပြောသည်။ အဆိုပါညီအစ်မသည် ကိုယ်ခန္ဓာအားနည်းသော်လည်း ဘုရားသခင်နှင့်ဟဂ္ဂဲ ၂:၇။
အိမ်နီးချင်းကိုချစ်သောမေတ္တာကြောင့် စိတ်ဝိညာဉ်မှာမူအားရှိသော ကမ္ဘာတစ်ဝန်းမှ သက်သေခံများစွာအနက် တစ်ဦးသာဖြစ်သည်။ ထိုသူအားလုံးသည် ယေဟောဝါရှေ့တွင် နှစ်သက်ဖွယ်ကောင်းလိုက်လေခြင်း!—၁၇၊ ၁၈။ များစွာသောသူတို့သည် ဖျားနာမှုနှင့် အခြားစမ်းသပ်မှုများကို အဘယ်ကြောင့် ခံရပ်နိုင်ကြသနည်း။ သင့်ဒေသမှ ဥပမာအချို့ပေးပါ။
၁၇ နာတာရှည်ရောဂါကလည်း စိတ်ပျက်အားလျော့စေနိုင်သည်။ အသင်းတော်အကြီးအကဲတစ်ဦးက ဤသို့ပြောပြသည်– “ကျွန်တော်တို့စာအုပ်ကြီးသင်တန်းအုပ်စုမှာ ညီအစ်မတစ်ယောက်က ဆီးချိုရောဂါသည်ဖြစ်ပြီး ကျောက်ကပ်ပျက်စီးနေပြီ။ နောက်ညီအစ်မတစ်ယောက်က ကင်ဆာရောဂါသည်၊ နှစ်ယောက်က လေးဖက်နာရောဂါသည်၊ တစ်ယောက်ကတော့ အရေပြားရောဂါနဲ့ ကြွက်သားအမျှင်နာရောဂါရှိတယ်။ တစ်ခါတလေ သူတို့စိတ်ဓာတ်ကျကြတယ်။ ဒါပေမဲ့ အရမ်းနေမကောင်းတဲ့အခါ ဒါမှမဟုတ် ဆေးရုံတက်နေတဲ့အခါကလွဲလို့ အစည်းအဝေးမပျက်ကြဘူး။ သူတို့အားလုံး လယ်ကွင်းလုပ်ငန်းမှာလည်း မှန်မှန်ပါဝင်ကြတယ်။ အဲဒါက “ငါသည်အားနည်းသောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏” ဆိုတဲ့ ပေါလုရဲ့စကားကို ပြန်အမှတ်ရစေတယ်။ သူတို့ရဲ့မေတ္တာနဲ့ ရဲစွမ်းသတ္တိကို လေးစားမိတယ်။ သူတို့ရဲ့ကျန်းမာရေးအခြေအနေက ဘဝမှာ တကယ်အရေးကြီးတဲ့အရာကို ပိုပြီးအာရုံစိုက်စေတယ်။”—၂ ကောရိန္သု ၁၂:၁၀။
၁၈ အိုမင်းမစွမ်းဖြစ်မှု၊ ဖျားနာမှု သို့မဟုတ် အခြားပြဿနာတစ်ခုခုနှင့် သင်ဆိုင်ပြိုင်နေရပါက စိတ်ဓာတ်ကျမှု၏သားကောင်မဖြစ်စေရန် “မခြားမလပ်ဆုတောင်း” ပါ။ (၁ သက်သာလောနိတ် ၅:၁၄၊ ၁၇) စိတ်အားတက်ချိန်၊ စိတ်ဓာတ်ကျချိန်ရှိနိုင်သည်မှာ မှန်သော်လည်း စိတ်အားတက်စေသော ဝိညာဉ်ရေးရာများ၊ အထူးသဖြင့် အဖိုးတန်နိုင်ငံတော်မျှော်လင့်ချက်ကို အာရုံစိုက်နိုင်ရန်ကြိုးစားပါ။ ညီအစ်မတစ်ဦးက “လယ်ကွင်းလုပ်ငန်းက ကျွန်မအတွက် ဆေးစွမ်းကောင်းတစ်လက်ပဲ” ဟုဆိုသည်။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဝေမျှခြင်းက သူ့ကို အပြုသဘောရှိစေသည်။
မေတ္တာက အမှားပြုသူများကို ယေဟောဝါထံပြန်လှည့်လာစေ
၁၉၊ ၂၀။ (က) အပြစ်ပြုမိသူများ ယေဟောဝါထံပြန်လှည့်လာရန် အဘယ်အရာက ရဲစွမ်းသတ္တိရှိစေနိုင်သနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်း သုံးသပ်မည်နည်း။
၁၉ ဝိညာဉ်ရေးအားနည်းလာသူနှင့် အပြစ်ပြုမိသူများအတွက် ယေဟောဝါထံပြန်လှည်လာရန် မလွယ်ကူချေ။ သို့သော် သူတို့ အမှန်တကယ်နောင်တရပြီး ဘုရားသခင်ကိုချစ်သည့်မေတ္တာပြန်ရှင်သန်စေမည်ဆိုလျှင် လိုအပ်သောရဲစွမ်းသတ္တိ ရှိလာပါလိမ့်မည်။ အမေရိကန်ပြည်ထောင်စုမှ မာရီယို * ၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ မာရီယိုသည် ခရစ်ယာန်အသင်းတော်ကိုကျောခိုင်းခဲ့ပြီး အရက်သမားနှင့် မူးယစ်ဆေးစွဲသူဖြစ်လာသည်။ အနှစ် ၂၀ ကြာသော် ထောင်ကျခဲ့သည်။ “အဲဒီအချိန်ကျမှ အနာဂတ်အကြောင်း လေးလေးနက်နက်တွေးမိပြီး ကျမ်းစာပြန်ဖတ်ခဲ့တယ်။ ယေဟောဝါရဲ့အရည်အသွေးတွေ အထူးသဖြင့် ကျွန်တော်ဆုတောင်းနေကျ ကိုယ်တော့်ကရုဏာအတွက် ကျေးဇူးတင်လေးမြတ်လာတယ်။ ထောင်ကလွတ်လာပြီးတဲ့နောက် အပေါင်းအသင်းဟောင်းတွေနဲ့ အဆက်ဖြတ်လိုက်တယ်၊ အစည်းအဝေးတွေတက်ပြီး တဖြည်းဖြည်း အရင်အခြေအနေမှန်ကိုပြန်ရောက်လာတယ်။ ကိုယ်စိုက်ခဲ့တဲ့အတိုင်း ရိတ်နေရပေမဲ့ အနည်းဆုံးတော့ ကျွန်တော့်မှာ အံ့ဖွယ်မျှော်လင့်ချက်ရှိတယ်။ ယေဟောဝါရဲ့ ကရုဏာနဲ့ခွင့်လွှတ်မှုအတွက် ကျေးဇူးတင်လို့မဆုံးဘူး” ဟု မာရီယိုပြောပြသည်။—ဆာလံ ၁၀၃:၉-၁၃; ၁၃၀:၃၊ ၄; ဂလာတိ ၆:၇၊ ၈။
၂၀ မာရီယိုကဲ့သို့သောအခြေအနေရှိသူများ ယေဟောဝါထံပြန်လှည့်လာရန် ခက်ခက်ခဲခဲကြိုးပမ်းရမည်မှာ မှန်ပါသည်။ သို့သော် ကျမ်းစာဖတ်ရှုခြင်း၊ ဆုတောင်းခြင်းနှင့် တွေးတောဆင်ခြင်ခြင်းတို့ဖြင့် သူတို့၏မေတ္တာကို ပြန်လည်ရှင်သန်စေမည်ဆိုပါက လိုအပ်သောရဲစွမ်းသတ္တိရှိပြီး စိတ်ပိုင်းဖြတ်နိုင်ပါလိမ့်မည်။ မာရီယိုသည် ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ကြောင့်လည်း ခွန်အားရှိလာခြင်းဖြစ်သည်။ မေတ္တာ၊ ယုံကြည်ခြင်းနှင့် ဘုရားသခင်အားကြောက်ရွံ့ခြင်းတို့အပြင် မျှော်လင့်ခြင်းသည် ကျွန်ုပ်တို့၏အသက်တာ ကောင်းစားရန် အစွမ်းထက်သောတွန်းအားဖြစ်နိုင်သည်။ နောက်ဆောင်းပါးတွင် အဆိုပါအဖိုးတန်ဝိညာဉ်ရေးဆုကျေးဇူးအကြောင်း အသေးစိတ်ဆွေးနွေးပါမည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 19 နာမည်ပြောင်းထားသည်။
သင်ဖြေဆိုနိုင်သလော
• မေတ္တာက ယေရှုကို မည်သို့အလွန်ရဲရင့်စေ သနည်း။
• ညီအစ်ကိုများကိုချစ်သည့်မေတ္တာက ပေါလုနှင့်ဗာနဗကို မည်သို့ထူးထူးခြားခြားရဲရင့်စေ သနည်း။
• ခရစ်ယာန်မေတ္တာကို တိုက်စားရန် အဘယ်နည်းလမ်းများကို စာတန်အသုံးပြုသနည်း။
• ယေဟောဝါကိုချစ်သည့်မေတ္တာက အဘယ်စမ်းသပ်မှုများကို ရဲစွမ်းသတ္တိရှိရှိ ခံရပ်စေနိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
လူတို့ကိုချစ်သည့် ပေါလု၏မေတ္တာက ရဲစွမ်းသတ္တိ အပြည့်ဖြင့် ဇွဲရှိရှိလုပ်ဆောင်စေ
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ဘုရားသခင့်စံနှုန်းများကို ကိုင်စွဲရန် ရဲစွမ်းသတ္တိလိုအပ်
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
နာမန်ဂေါ်လွာ စူတူတူ