ဘုရားသခင်၏မေတ္တာတော်၌ ကိုယ်ကိုစောင့်ရှောက်ကြလော့
ဘုရားသခင်၏မေတ္တာတော်၌ ကိုယ်ကိုစောင့်ရှောက်ကြလော့
“ချစ်သူတို့ . . . ဘုရားသခင်ကိုချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့်ရှောက်၍ ထာဝရအသက်အလို့ငှာ . . . မျှော်လင့်၍နေကြလော့။”—ယုဒ ၂၀၊ ၂၁။
၁၊ ၂။ သင်သည် ဘုရားသခင့်မေတ္တာ၌ မည်သို့တည်နေနိုင်သနည်း။
ယေဟောဝါသည် လောကတွင်ရှိသောလူများ မိမိ၏သားတော်ကိုယုံကြည်ကာ ထာဝရအသက်ရစေဖို့အတွက် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင် လောကသားတို့ကို ချစ်တော်မူသည်။ (ယောဟန် ၃:၁၆) ထိုသို့သောမေတ္တာကို ခံစားရခြင်းသည် အလွန်အခွင့်ထူးပင်! သင်သည် ယေဟောဝါ၏ကျေးကျွန်တစ်ဦးဖြစ်မည်ဆိုလျှင် ထိုမေတ္တာကို ထာဝရခံစားလိုမည်မှာ သေချာသည်။
၂ တပည့်တစ်ဦးဖြစ်သော ယုဒက ဘုရားသခင်၏မေတ္တာ၌ မည်သို့တည်နေနိုင်ပုံကို ဖော်ပြခဲ့သည်။ ယုဒဤသို့ရေးခဲ့၏– “သင်တို့သည် မိမိတို့အလွန်သန့်ရှင်းသောယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကိုတည်ဆောက်လျက်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်း . . . လျက် ဘုရားသခင်ကိုချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့်ရှောက်၍ ထာဝရအသက်အလို့ငှာ ငါတို့သခင်ယေရှုခရစ်၏ ကရုဏာတော်ကို မျှော်လင့်၍နေကြလော့။” (ယုဒ ၂၀၊ ၂၁) ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လေ့လာခြင်းနှင့် သတင်းကောင်းဟောခြင်းဖြင့် သင်သည် “အလွန်သန့်ရှင်းသောယုံကြည်ခြင်း”—ခရစ်ယာန်သွန်သင်ချက်များအပေါ် မိမိကိုယ်ကိုတည်ဆောက်ရန် အထောက်အကူပြုသည်။ ဘုရားသခင့်မေတ္တာ၌တည်နေရန် သင်သည် “သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်” သို့မဟုတ် ယင်း၏လွှမ်းမိုးမှုဖြင့် ဆုတောင်းရမည်။ သင်သည် ထာဝရအသက်ဆုရရှိရန် ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်ကြောင်းလည်း တင်ပြရမည်။—၁ ယောဟန် ၄:၁၀။
၃။ အချို့သူတို့သည် အဘယ်ကြောင့် ယေဟောဝါသက်သေမဟုတ်တော့သနည်း။
၃ ယုံကြည်ခြင်းရှိခဲ့ဖူးသူအချို့သည် ဘုရားသခင့်မေတ္တာ၌ မတည်နေကြတော့ပါ။ သူတို့သည် အပြစ်ရှိသောလမ်းစဉ်လိုက်စားရန် ရွေးချယ်ခဲ့ကြသောကြောင့် ယေဟောဝါသက်သေများ မဟုတ်ကြတော့ပါ။ သင်သည် ထိုအဖြစ်မျိုးမဖြစ်ရန် မည်သို့ရှောင်နိုင်သနည်း။ အောက်ဖော်ပြပါအချက်များကို စဉ်းစားသုံးသပ်ခြင်းက အပြစ်ပြုခြင်းကိုရှောင်ရှားပြီး ဘုရားသခင့်မေတ္တာ၌ ကိုယ်ကိုစောင့်ရှောက်ရန် အထောက်အကူပြုနိုင်သည်။
ဘုရားသခင်ကိုချစ်ကြောင်း တင်ပြပါ
၄။ ဘုရားသခင်အားနာခံခြင်းသည် မည်မျှအရေးကြီးသနည်း။
၄ ဘုရားသခင်အား နာခံခြင်းအားဖြင့် ကိုယ်တော်ကိုချစ်ကြောင်း တင်ပြပါ။ (မဿဲ ၂၂:၃၇) တမန်တော်ယောဟန် ဤသို့ရေးခဲ့၏– “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။” (၁ ယောဟန် ၅:၃) ဘုရားသခင်အား နာခံသည့်အကျင့်သည် စုံစမ်းနှောင့်ယှက်မှုကိုတွန်းလှန်ရန် ခွန်အားပေးပြီး ရွှင်လန်းစေနိုင်သည်။ ဆာလံဆရာ ဤသို့ဆိုခဲ့၏– “မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက် . . . ထာဝရဘုရား၏တရားတော်ကိုမွေ့လျော် . . . သောသူသည် မင်္ဂလာရှိ၏။”—ဆာလံ ၁:၁၊ ၂။
၅။ ယေဟောဝါအားချစ်မြတ်နိုးမှုက အဘယ်အရာပြုလုပ်ရန် သင့်အားလှုံ့ဆော်မည်နည်း။
၅ ယေဟောဝါအားချစ်သည့် သင့်မေတ္တာက ကိုယ်တော်၏နာမတော် ကဲ့ရဲ့ရှုတ်ချစရာဖြစ်စေနိုင်သည့် ကြီးလေးသောအပြစ်ကျူးလွန်ခြင်းကို ရှောင်ကြဉ်ရန် သင့်အားလှုံ့ဆော်ပေးပေမည်။ အာဂုရက ဤသို့ဆုတောင်းခဲ့၏– “ဆင်းရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်။ အသက်မွေးလောက်သောအစာကိုသာ ပေးတော်မူပါ။ သို့မဟုတ် အကျွန်ုပ်သည် ကြွယ်ဝ၍ ထာဝရဘုရားကား အဘယ်သူနည်းဟုဆိုလျက် ကိုယ်တော်ကိုငြင်းပယ်မည်ဟု စိုးရိမ်စရာရှိပါ၏။ သု. ၃၀:၁၊ ၈၊ ၉) ဘုရားသခင်ကို ကဲ့ရဲ့ရှုတ်ချမှုဖြစ်စေသည့် “ဘုရားသခင်၏နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆို” ခြင်းမပြုဟု စိတ်ပိုင်းဖြတ်ထားပါ။ ယင်းအစား ကိုယ်တော်၏ဘုန်းတော်ထင်ရှားစေသည့် ဖြောင့်မှန်ရာကိုပြုလုပ်ရန် အမြဲကြိုးစားပါ။—ဆာလံ ၈၆:၁၂။
သို့မဟုတ် ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့် အကျွန်ုပ်၏ဘုရားသခင်နာမတော်ကို မုသာနှင့်ဆိုင်၍မြွက်ဆိုမည်ဟု စိုးရိမ်စရာရှိပါ၏။” (၆။ သင်သည် အပြစ်ကို တမင်တကာကျူးလွန်မည်ဆိုလျှင် အဘယ်အရာဖြစ်နိုင်သနည်း။
၆ အပြစ်ပြုစေသည့် သွေးဆောင်မှုများကိုတွန်းလှန်ရာတွင် ထောက်မကူညီပေးပါရန် မေတ္တာရှင်ကောင်းကင်ခမည်းတော်ထံ မှန်မှန်ဆုတောင်းပါ။ (မဿဲ ၆:၁၃; ရောမ ၁၂:၁၂) သင့်ဆုတောင်းချက်များ အတားအဆီးမရှိစေရန် ဘုရားသခင်၏ဆုံးမစကားအတိုင်း လိုက်လျှောက်ပါ။ (၁ ပေတရု ၃:၇) သင်သည် အပြစ်ကို တမင်တကာကျူးလွန်သူဖြစ်မည်ဆိုလျှင် အကျိုးရလဒ်မှာ ဝမ်းနည်းဖွယ်ဖြစ်မည်။ အကြောင်းမှာ ယေဟောဝါအားပုန်ကန်သူတို့ ကိုယ်တော့်ထံချဉ်းကပ်သည့်အခါ သူတို့၏ဆုတောင်းချက်များ ကိုယ်တော့်ထံမရောက်ရန် ပုံဆောင်မိုးတိမ်တိုက်ကြီးဖြင့် ကိုယ်တော် ကွယ်ကာထားတော်မူသောကြောင့်ဖြစ်သည်။ (မြည်တမ်းစကား ၃:၄၂-၄၄) သို့ဖြစ်၍ နှိမ့်ချမှုတင်ပြပါ၊ ဘုရားသခင်ထံ ဆုတောင်းချဉ်းကပ်ရာတွင် အတားအဆီးဖြစ်စေမည့်အရာကို မပြုလုပ်မိစေရန် ဆုတောင်းပါ။—၂ ကောရိန္သု ၁၃:၇။
ဘုရားသခင့်သားတော်ကိုချစ်ကြောင်း တင်ပြပါ
၇၊ ၈။ ယေရှု၏ဆုံးမစကားများကို လိုက်လျှောက်ခြင်းက အပြစ်ရှိသောလမ်းစဉ်ကို တွန်းလှန်ရန် မည်သို့အထောက်အကူပြုနိုင်သနည်း။
၇ ယေရှုခရစ်မိန့်တော်မူချက်များကို နာခံခြင်းဖြင့် ကိုယ်တော့်ကိုချစ်ကြောင်း တင်ပြပါ။ ယင်းက အပြစ်ရှိသောလမ်းစဉ်ကို တွန်းလှန်ရာတွင် သင့်အားအထောက်အကူဖြစ်စေမည်။ ယေရှု ဤသို့မိန့်တော်မူခဲ့၏– “ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကိုစောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌တည်နေသကဲ့သို့ သင်တို့သည် ငါ့ပညတ်တို့ကိုစောင့်ရှောက်လျှင် ငါ့မေတ္တာ၌တည်နေကြလိမ့်မည်။” (ယောဟန် ၁၅:၁၀) ယေရှုမိန့်မှာချက်များကို လိုက်နာခြင်းက ဘုရားသခင်မေတ္တာ၌တည်နေရန် မည်သို့ထောက်ကူနိုင်သနည်း။
၈ ယေရှု၏မိန့်တော်မူချက်များကို အာရုံစိုက်ခြင်းက ကိုယ်ကျင့်တရားကောင်းကို ထိန်းသိမ်းထားရန် ထောက်ကူနိုင်သည်။ ဣသရေလလူမျိုးကိုပေးသော ဘုရားသခင့်ပညတ်တော်တွင် “သူ့မယားကိုမပြစ်မှားနှင့်” ဟုဆို၏။ (ထွက်မြောက်ရာ ၂၀:၁၄) သို့သော် ယေရှုက ဤသို့မိန့်တော်မူခြင်းဖြင့် ယင်းနောက်ကွယ်တွင်ရှိသောမူကို ဖော်ပြခဲ့၏– “ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်သောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ။” (မဿဲ ၅:၂၇၊ ၂၈) တမန်တော်ပေတရုက ပထမရာစုအသင်းတော်ရှိ အချို့သူတို့သည် “သူ့မယားကိုပြစ်မှားသောကိလေသာနှင့်ပြည့်စုံသော မျက်စိရှိ” ကြပြီး “စိတ်နှလုံးမတည်ကြည်သောသူတို့ကို . . . သွေးဆောင်တတ်ကြ၏” ဟုဆိုခဲ့သည်။ (၂ ပေတရု ၂:၁၄) သို့သော် သူတို့နှင့်မတူဘဲ သင်သည် ဘုရားသခင်နှင့် ခရစ်တော်ကို ချစ်မြတ်နိုးကာ နာခံမှုတင်ပြပြီး ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းထားရန် စိတ်ပိုင်းဖြတ်ထားမည်ဆိုလျှင် လိင်ဆိုင်ရာအပြစ်များကို ရှောင်ရှားနိုင်သည်။
သင့်အား ယေဟောဝါ၏ဝိညာဉ်တော် လမ်းညွှန်ခွင့်ပြုပါ
၉။ အပြစ်ကိုပြုမြဲပြုလုပ်နေသူတစ်ဦးဖြစ်လျှင် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပတ်သက်၍ အဘယ်အရာဖြစ်နိုင်သနည်း။
၉ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်ကို တောင်းလျှောက်ပါ၊ ယင်း၏လမ်းညွှန်မှုကို လိုက်လျှောက်ပါ။ (လုကာ ၁၁:၁၃; ဂလာတိ ၅:၁၉-၂၅) သင်သည် အပြစ်ကိုပြုမြဲပြုနေမည်ဆိုလျှင် ဘုရားသခင်သည် ဝိညာဉ်တော်ကို သင့်ထံမှ ရုပ်သိမ်းပေလိမ့်မည်။ ဒါဝိဒ်သည် ဗာသရှေဘနှင့်မှားယွင်းပြီးနောက် ဘုရားသခင်အား သူဤသို့အသနားခံခဲ့သည်– “အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော်မမူပါနှင့်။ သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်သိမ်းတော်မမူပါနှင့်။” (ဆာလံ ၅၁:၁၁) ဘုရင်ရှောလုသည် နောင်တမယူသည့် အပြစ်ပြုသူတစ်ဦးဖြစ်ခြင်းကြောင့် ဘုရားသခင့်ဝိညာဉ်တော် ဆုံးရှုံးခဲ့သည်။ ရှောလုသည် မီးရှို့ရာယဇ်ကိုပူဇော်ခြင်း၊ သိုးအုပ်၊ ဆိတ်အုပ်တို့နှင့် အာမလက်ရှင်ဘုရင်ကို ရှင်းရှင်းမဖျက်ဆီးခြင်းတို့ဖြင့် အပြစ်ပြုခဲ့သည်။ ၎င်းနောက်ပိုင်း ယေဟောဝါသည် ရှောလုထံမှ ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်သိမ်းခဲ့သည်။—၁ ဓမ္မရာဇဝင် ၁၃:၁-၁၄; ၁၅:၁-၃၅; ၁၆:၁၄-၂၃။
၁၀။ အပြစ်ပြုမိစေမည့်အတွေးကို အဘယ်ကြောင့်တွန်းလှန်သင့်သနည်း။
၁၀ အပြစ်ပြုမိစေမည့်အတွေးကို တွန်းလှန်ပါ။ တမန်တော်ပေါလု ဤသို့ရေးခဲ့၏– ‘အမှန်တရားကိုသိပြီးမှ ကိုယ်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင် နောက်တစ်ဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့်မရှိ။’ (ဟေဗြဲ ၁၀:၂၆-၃၁) အကယ်၍ သင်သည် ထိုသို့သောအခြေအနေမျိုးဖြစ်လျှင် အလွန်ဝမ်းနည်းဖွယ်ပင်!
အခြားသူများအား စစ်မှန်သည့်မေတ္တာပြပါ
၁၁၊ ၁၂။ မေတ္တာနှင့် လေးမြတ်မှုတို့က လိင်ဆိုင်ရာဖောက်ပြန်မှုမပြုရန် အဘယ်နည်းများဖြင့် တားဆီးပေးမည်နည်း။
၁၁ လူလူချင်းကိုချစ်မြတ်နိုးခြင်းက လိင်ဆိုင်ရာဖောက်ပြန်မှုမပြုရန် တားဆီးပေလိမ့်မည်။ (မဿဲ ၂၂:၃၉) ထိုမေတ္တာက သင့်နှလုံးကို ကာကွယ်စောင့်ရှောက်ရန် စေ့ဆော်ပေးမည်။ သို့ဖြင့် သင်သည် အခြားသူတစ်ဦး၏အိမ်ထောင်ဖက်ထံမှ မေတ္တာကိုခိုးယူရန် သွေးဆောင်မည်မဟုတ်ပါ။ ထိုသို့ပြုမည်ဆိုလျှင် သူ့သားအိမ်ရာပြစ်မှားသည့်အပြစ်ကို ကျူးလွန်မိနိုင်သည်။ (သု. ၄:၂၃; ယေရမိ ၄:၁၄; ၁၇:၉၊ ၁၀) မိမိဇနီးမှလွဲ၍ မည်သည့်အမျိုးသမီးကိုမျှ အထူးအာရုံစိုက်ရန် ခွင့်မပြုခဲ့သော ဖြောင့်မတ်သူယောဘကဲ့သို့ ဖြစ်ပါလေ။—ယောဘ ၃၁:၁။
ကမ္ဘာဦး ၁:၂၆-၂၈) လိင်အင်္ဂါများသည် သန့်ရှင်းမြင့်မြတ်သောအသက်ကို ဖြစ်ပွားစေရန်အတွက်ဖြစ်ကြောင်း သတိရပါ။ မတရားမေထုန်ပြုသူတို့နှင့် သူ့သားအိမ်ရာပြစ်မှားသူတို့သည် ဘုရားသခင်ကိုမနာခံ၊ လိင်မှုရေးရာကိုယုတ်ညံ့စေ၊ အိမ်ထောင်ရေးသန့်ရှင်းစင်ကြယ်မှုကိုမလေးစားဘဲ မိမိကိုယ်ကိုပြစ်မှားခြင်းဖြစ်သည်။ (၁ ကောရိန္သု ၆:၁၈) သို့သော် ဘုရားသခင်နှင့် ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ခြင်းအပြင် ဘုရားသခင်အားနာခံခြင်းသည် လူတစ်ဦးအား ခရစ်ယာန်အသင်းတော်မှ နှင်ထုတ်ခံရနိုင်သည့် အပြုအမူကို မပြုလုပ်ရန်ကာကွယ်ပေးပေမည်။
၁၂ အိမ်ထောင်ရေးသန့်ရှင်းစင်ကြယ်မှုကို လေးမြတ်ခြင်းက ကြီးလေးသောအပြစ်ကိုရှောင်ရန် သင့်အား အထောက်အကူပြုနိုင်သည်။ ဘုရားသခင်သည် အသရေရှိသောအိမ်ထောင်ဖြစ်ရန် ရည်ရွယ်တော်မူခဲ့ပြီး လိင်ဆက်ဆံခြင်းသည် အသက်ကိုပွားများစေရန်အတွက် ဖြစ်သင့်သည်။ (၁၃။ အကျင့်ယိုယွင်းသူသည် အဘယ်နည်းဖြင့် “အဖိုးထိုက်သောအရာများ ပြုန်းတီး” စေသနည်း။
၁၃ ကျွန်ုပ်တို့ချစ်ရသူတို့ စိတ်နာကြည်းမှုမဖြစ်စေရန် အပြစ်ပြုမိစေသောအတွေးများကို ချိုးနှိမ်ဖို့လိုသည်။ “ပြည့်တန်ဆာတို့နှင့် ပေါင်းဖော်သောသူမူကား ဥစ္စာ [“အဖိုးထိုက်သောအရာများ၊” ကဘ] ပြုန်းတီးတတ်၏” ဟုနယပုံပြင် ၂၉:၃ တွင်ဆို၏။ နောင်တမယူသော သူ့သားအိမ်ရာပြစ်မှားသူတစ်ဦးသည် ဘုရားသခင်နှင့်သူ၏ဆက်ဆံရေးနှင့် မိသားစုနှောင်ကြိုးကို ပျက်စီးစေသည်။ သူ၏ဇနီးသည် သူ့အား ကွာရှင်းနိုင်သည့် အခြေခံအကြောင်းရင်းရှိသွားစေသည်။ (မဿဲ ၁၉:၉) အပြစ်ပြုသူသည် ခင်ပွန်း သို့မဟုတ် ဇနီး မည်သူပင်ဖြစ်ပါစေ အိမ်ထောင်ပြိုကွဲပါက အပြစ်မရှိသောအိမ်ထောင်ဖက်၊ သားသမီးများနှင့် အခြားသူများကို အကြီးအကျယ်ထိခိုက်နာကျင်စေနိုင်သည်။ အကျင့်ယိုယွင်းမှု၏ဆိုးကျိုးကို သိရှိထားခြင်းက အကျင့်ယိုယွင်းရန်သွေးဆောင်မှုကို တွန်းလှန်ဖို့ ကျွန်ုပ်တို့ကိုလှုံ့ဆော်မှုဖြစ်သင့်ကြောင်း သင်သဘောတူသည်မဟုတ်လော။
၁၄။ အမှားပြုခြင်းနှင့်ပတ်သက်၍ နယပုံပြင် ၆:၃၀-၃၅ မှ အဘယ်သင်ခန်းစာ သင်ယူနိုင်သနည်း။
၁၄ သူ့သားအိမ်ရာပြစ်မှားမှုအတွက် အစားလျှော်ပေးနိုင်သည့်အရာမရှိ ဟူသည့်အချက်က ထိုမျှကြီးလေးသည့် တစ်ကိုယ်ကောင်းဆန်သောအပြုအမူကိုရှောင်ရန် လှုံ့ဆော်မှုဖြစ်သင့်သည်။ မွတ်သိပ်သောကြောင့် ခိုးသူတစ်ဦးကို လူတို့ထောက်ထားစာနာကောင်း စာနာမည်ဖြစ်သော်လည်း သူ့သားအိမ်ရာပြစ်မှားသူတစ်ဦးကိုမူ သူ၏မကောင်းသောရည်ရွယ်ချက်ကြောင့် စက်ဆုပ်ရွံရှာကြကြောင်း နယပုံပြင် ၆:၃၀-၃၅ တွင်ဖော်ပြထားသည်။ “ထိုသို့ပြုသောသူသည် မိမိအသက်ကိုဖျက်ဆီးတတ်၏။” မောရှေပညတ်အောက်တွင် ထိုသူသည် အသေသတ်ခြင်းကို ခံရပေမည်။ (ဝတ်ပြုရာ ၂၀:၁၀) သူ့သားအိမ်ရာပြစ်မှားသူသည် မိမိအလိုဆန္ဒပြေစေရန်အတွက်ဖြင့် အခြားသူများအား ထိခိုက်နာကျင်စေပြီး နောင်တမယူသည့် သူ့သားအိမ်ရာပြစ်မှားသူသည် ဘုရားသခင်မေတ္တာ၌မတည်ရှိတော့ဘဲ သန့်ရှင်းသောခရစ်ယာန်အသင်းတော်မှ နှင်ထုတ်ခံရစေသည်။
စင်ကြယ်သော ကိုယ်ကိုကိုယ်သိသောစိတ်ကို ထိန်းသိမ်းပါ
၁၅။ “သံပူခတ်ခြင်းကိုခံ” ရသော ကိုယ်ကိုကိုယ်သိသောစိတ်၏အခြေအနေမှာ အသို့နည်း။
၁၅ ကျွန်ုပ်တို့သည် ဘုရားသခင့်မေတ္တာ၌တည်နေလိုပါက အပြစ်ပြုသည့်တိုင် မည်သည့်ခံစားချက်မျှမရှိတော့သည်အထိ ကျွန်ုပ်တို့၏ ကိုယ်ကိုကိုယ်သိသောစိတ်ကို ခွင့်ပြု၍မဖြစ်နိုင်ပါ။ ရှင်းနေသည်မှာ ကျွန်ုပ်တို့သည် လောက၏ယုတ်ညံ့သော ကိုယ်ကျင့်တရားစံနှုန်းများကို လက်မခံရပါ။ ကျွန်ုပ်တို့ရွေးချယ်သော အပေါင်းအသင်း၊ ဖတ်ရှုသည့်အရာနှင့် အပန်းဖြေမှုကဲ့သို့သော ကိစ္စရပ်များတွင် ဂရုစိုက်ဖို့လိုသည်။ ပေါလု ဤသို့သတိပေးခဲ့၏– ‘နောင်ကာလ၌ ကိုယ်ကိုကိုယ်သိသောစိတ်တွင် သံပူခတ်ခြင်းကိုခံပြီးလျှင် မုသာစကားကိုပြောတတ်သောသူတို့၏ လျှို့ဝှက်ခြင်းအားဖြင့် လူအချို့တို့သည် ယုံကြည်ခြင်းကိုစွန့်ပယ်၍ လှည့်ဖြားတတ်သောစိတ်ဝိညာဉ်တို့၌လည်းကောင်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော သွန်သင်ချက်တို့၌လည်းကောင်း မှီဝဲဆည်းကပ်ကြလိမ့်မည်။’ (၁ တိမောသေ ၄:၁၊ ၂) “သံပူခတ်ခြင်းကိုခံ” ရသော ကိုယ်ကိုကိုယ်သိသောစိတ်သည် သံပူထိ၍ဖြစ်ပေါ်လာသော အမာရွတ်ကဲ့သို့ ခံစားချက်ကင်းမဲ့သည်။ ထိုသို့သောကိုယ်ကိုကိုယ်သိသောစိတ်သည် အယူဖောက်ပြန်သူများနှင့် ယုံကြည်ခြင်းပျက်ပြားသွားနိုင်သည့်အခြေအနေများမှ ဝေးဝေးနေရန် သတိပေးတော့မည်မဟုတ်ပါ။
၁၆။ စင်ကြယ်သောကိုယ်ကိုကိုယ်သိသောစိတ်ရှိရန် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၆ ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ကျွန်ုပ်တို့၏ ကြည်လင်သောကိုယ်ကိုကိုယ်သိသောစိတ်အပေါ် မူတည်သည်။ (၁ ပေတရု ၃:၂၁) ယေရှုသွန်းလောင်းခဲ့သောအသွေးတော်ကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်သည် သေခြင်းနှင့်စပ်ဆိုင်သောအကျင့်များမှ စင်ကြယ်ခံရကာ ကျွန်ုပ်တို့သည် “အသက်ရှင်တော်မူသောဘုရားသခင်ကို ဝတ်ပြု” နိုင်ကြသည်။ (ဟေဗြဲ ၉:၁၃၊ ၁၄) ကျွန်ုပ်တို့သည် တမင်တကာအပြစ်ကျူးလွန်မည်ဆိုပါက ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်သည် ညစ်ညူးလာမည်ဖြစ်ပြီး ဘုရားသခင့်အမှုတော်ဆောင်ရန် သန့်ရှင်းသောလူမျိုး ဖြစ်နိုင်တော့မည်မဟုတ်ပါ။ (တိတု ၁:၁၅) သို့သော် ယေဟောဝါ၏အကူအညီဖြင့် ကျွန်ုပ်တို့သည် စင်ကြယ်သောကိုယ်ကိုကိုယ်သိသောစိတ်ကို ပိုင်ဆိုင်နိုင်ကြသည်။
မှားယွင်းသောအကျင့်အကြံများရှောင်ရန် အခြားနည်းလမ်းများ
၁၇။ ‘ယေဟောဝါနောက်တော်သို့ လုံးလုံးလိုက်’ ခြင်းဖြင့် အဘယ်အကျိုးကျေးဇူး ရရှိမည်နည်း။
၁၇ ရှေးဣသရေလဘိုးဘေးကာလက်ကဲ့သို့ ‘ယေဟောဝါနောက်တော်သို့ လုံးလုံးလိုက်’ ပါ။ (တရားဟောရာ ၁:၃၄-၃၆) ဘုရားသခင်တောင်းဆိုရာကို လုပ်ဆောင်ပါ။ “နတ်ဆိုးတို့၏စားပွဲ” တွင်သုံးဆောင်ရန် ဘယ်သောအခါမျှ မစဉ်းစားပါနှင့်။ (၁ ကောရိန္သု ၁၀:၂၁) အယူဖောက်ပြန်မှုကို ငြင်းပယ်ပါ။ ယေဟောဝါ၏စားပွဲတစ်ခုတည်းမှသာ ရရှိနိုင်သည့်ဝိညာဉ်အစာကို တန်ဖိုးထားလေးမြတ်စွာ သုံးဆောင်ပါ။ သို့ဖြစ်လျှင် သင်သည် အယူမှားဆရာတို့နှင့် နတ်ဆိုးတို့၏ လှည့်ဖြားမှုနောက် ပါသွားမည်မဟုတ်ပါ။ (ဧဖက် ၆:၁၂; ယုဒ ၃၊ ၄) ကျမ်းစာလေ့လာမှု၊ အစည်းအဝေးတက်ရောက်မှု၊ လယ်ကွင်းဓမ္မအမှုတို့ကဲ့သို့သော ဝိညာဉ်ရေးရာများကို အာရုံစိုက်ပါ။ သင်သည် ယေဟောဝါနောက်လုံးလုံးလိုက်ပြီး သခင်၏အမှုတော်ကို ကြိုးစားအားထုတ်ဆောင်ရွက်ပါက ပျော်ရွှင်မည်မှာသေချာသည်။—၁ ကောရိန္သု ၁၅:၅၈။
၁၈။ ယေဟောဝါအားကြောက်ရွံ့ခြင်းသည် သင်၏အကျင့်အကြံအပေါ် မည်သည့်အကျိုးသက်ရောက်မှုရှိမည်နည်း။
၁၈ “ခန့်ညားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကိုလျောက်ပတ်စွာဝတ်ပြု” ရန်စိတ်ပိုင်းဖြတ်ထားပါ။ (ဟေဗြဲ ၁၂:၂၈) ယေဟောဝါအား ခန့်ညားကြောက်ရွံ့ခြင်းသည် မည်သည့်ထင်ရာစိုင်းသည့်လမ်းစဉ်ကိုမဆို ငြင်းဆန်ရန် သင့်အားလှုံ့ဆော်ပေလိမ့်မည်။ ဝိညာဉ်တော်ဖွားများအားပေးခဲ့သော ပေတရု၏ ဤဆုံးမစကားနှင့်အညီ ကျင့်ကြံရန် သင့်အားထောက်ကူပါလိမ့်မည်– “လူမျက်နှာကိုမငဲ့၊ ခပ်သိမ်းသောသူတို့၏အကျင့်အတိုင်း စီရင်တော်မူသောခမည်းတော်ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင်၊ ဧည့်သည်ဖြစ်စဉ်ကာလပတ်လုံး ကြောက်ရွံ့သောစိတ်နှင့် ကျင့်နေကြလော့။”—၁ ပေတရု ၁:၁၇။
၁၉။ ဘုရားသခင့်နှုတ်မြွက်စကားတော်မှ သင်ယူသိရှိရာများကို အဘယ်ကြောင့် မပြတ်လက်တွေ့ကျင့်သုံးသင့်သနည်း။
၁၉ ဘုရားသခင့်နှုတ်မြွက်စကားတော်မှ သင်ယူသိရှိရာများကို မပြတ်လက်တွေ့ကျင့်သုံးပါ။ ယင်းသို့ပြုခြင်းက သင့်အား ကြီးလေးသည့်အပြစ်မပြုမိစေရန် အထောက်အကူပြုမည်။ အကြောင်းမှာ သင်သည် “ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍သိနိုင်သောဉာဏ်ပေးတတ်သော၊ အကြားအမြင် အတွေ့အစမ်းများသောသူ” ဖြစ်ကြောင်း သက်သေထူမည်ဖြစ်သောကြောင့်ဖြစ်သည်။ (ဟေဗြဲ ၅:၁၄) အပြောအဆို၊ အပြုအမူတို့တွင် ပေါ့ပေါ့ဆဆနေမည့်အစား ဤစနစ်ဆိုးတွင် ‘အခွင့်သာသောအချိန်ကိုဝယ်ယူ’ သော ပညာရှိတစ်ဦးအဖြစ် လျှောက်လှမ်းနိုင်ရန် နိုးနိုးကြားကြားရှိပါ။ “သခင်ဘုရား၏အလိုတော်ရှိရာကို ပိုင်းခြား၍သိသောသူဖြစ်” ပြီးယင်းကို ဆက်၍လုပ်ဆောင်ပါ။—ဧဖက် ၅:၁၅-၁၇၊ ကဘ; ၂ ပေတရု ၃:၁၇။
၂၀။ လိုချင်တပ်မက်မှုကြီးခြင်းကို အဘယ်ကြောင့်ရှောင်ကြဉ်သင့်သနည်း။
၂၀ အခြားသူပိုင်ဆိုင်ရာကို လိုချင်တပ်မက်မှုကြီးသည့်—လောဘကြီးသည့်သဘောထားကို လုံးလုံးရှောင်ကြဉ်ပါ။ ပညတ်တော်ဆယ်ပါးတွင် တစ်ပါးက ဤသို့ဆို၏– “ကိုယ်နှင့်သက်ဆိုင်သောသူ၏အိမ်ကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏မယား၊ သူ၏ကျွန်ယောက်ျား၊ ထွက်မြောက်ရာ ၂၀:၁၇) ဤပညတ်သည် လူတစ်ဦး၏ အိမ်၊ ဇနီး၊ ကျွန်များ၊ တိရစ္ဆာန်များ စသည်တို့ကို ကာကွယ်ပေးခဲ့သည်။ သို့သော် အရေးအကြီးဆုံးမှာ ယေရှုဖော်ပြချက်အရ လောဘလွန်ကျူးခြင်း သို့မဟုတ် လိုချင်တပ်မက်မှုကြီးခြင်းသည် လူကိုညစ်ညူးစေသည်။—မာကု ၇:၂၀-၂၃။
မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာတစ်စုံတစ်ခုကိုမျှ တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။” (၂၁၊ ၂၂။ ခရစ်ယာန်တစ်ဦးသည် အပြစ်ပြုခြင်းကိုရှောင်ရန် အဘယ်ကြိုတင်ကာကွယ်မှုများကို ပြုလုပ်နိုင်သနည်း။
၂၁ အလိုဆန္ဒမှသည် အပြစ်ပြုခြင်းအထိ မရောက်စေရန် ကြိုတင်ကာကွယ်ပါ။ တပည့်ဖြစ်သူယာကုပ် ဤသို့ရေးခဲ့၏– “မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား အပြစ်သွေးဆောင်ခြင်းသို့ရောက်တတ်၏။ တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက်ကိုဖွားတတ်၏။ ဒုစရိုက်သည်လည်းပြည့်စုံလျှင် သေခြင်းကိုဖွားတတ်၏။” (ယာကုပ် ၁:၁၄၊ ၁၅) ဥပမာ၊ လူတစ်ဦးသည် ယခင်က အသောက်အစားပြဿနာရှိခဲ့မည်ဆိုလျှင် သူ၏အိမ်တွင် အရက်ယမကာကိုမထားရန် သူဆုံးဖြတ်ပေမည်။ ခရစ်ယာန်တစ်ဦးသည် ဆန့်ကျင်ဘက်လိင်ရှင်တစ်ဦးနှင့်ပတ်သက်သည့် သွေးဆောင်မှုကိုရှောင်ကြဉ်ရန် သူအလုပ်လုပ်သည့်နေရာ သို့မဟုတ် သူ၏အလုပ်ကိုယ်နှိုက်ကို ပြောင်းရန်လိုအပ်ပေမည်။—သု. ၆:၂၃-၂၈။
၂၂ အပြစ်ပြုမိစေနိုင်သည့် ပထမဆုံးခြေလှမ်းကိုပင် မလှမ်းပါနှင့်။ ပရောပရည်လုပ်ခြင်းနှင့် ညစ်ညမ်းသောအရာများကို တွေးတောခြင်းတို့သည်မတရားမေထုန် သို့မဟုတ် သူ့သားအိမ်ရာပြစ်မှားခြင်းကို ကျူးလွန်စေနိုင်သည်။ အသေးအဖွဲအရာများကို လိမ်လည်ပြောဆိုသူသည် ကြီးလေးသည့်ကိစ္စများကို လိမ်လည်သည်အထိဖြစ်လာနိုင်ကာ လိမ်လည်သည့်အကျင့် စွဲသွားနိုင်သည်။ သေးငယ်သည့်အရာကိုခိုးခြင်းသည် ကြီးမားသည့်အရာကိုခိုးလာသည်အထိ ထိုသူ၏ကိုယ်ကိုကိုယ်သိသောစိတ် ထုံထိုင်းသွားနိုင်သည်။ အယူဖောက်ပြန်သည့်အတွေးများကို တဖြည်းဖြည်းခွင့်ပြုလာခြင်းဖြင့် လုံးလုံးအယူဖောက်ပြန်သူတစ်ဦး ဖြစ်သွားစေနိုင်သည်။—သု. ၁၁:၉; ဗျာ. ၂၁:၈။
သင်သည် အပြစ်ပြုမိလျှင် အသို့နည်း
၂၃၊ ၂၄။ ၂ ရာဇဝင်ချုပ် ၆:၂၉-၃၁ နှင့် နယပုံပြင် ၂၈:၁၃ မှအဘယ်နှစ်သိမ့်မှု ရယူနိုင်သနည်း။
၂၃ လူသားအားလုံး မစုံလင်ကြပါ။ (ဒေ. ၇:၂၀) သို့သော် သင်သည် ကြီးလေးသည့်အပြစ်ပြုမိပြီဆိုလျှင် ယေဟောဝါ၏ဝတ်ပြုရာ အိမ်တော်အပ်နှံချိန်တွင် ဘုရင်ရှောလမုန်၏ဆုတောင်းချက်မှ နှစ်သိမ့်မှုရယူနိုင်ပါသည်။ ရှောလမုန်က ဘုရားသခင်ထံ ဤသို့ဆုတောင်းခဲ့၏– “ကိုယ်တော်၏လူ ဣသရေလအမျိုးသားအချို့တို့သည် အသီးအသီးခံရသော ဘေးဒဏ်ကိုသိလျက် ဤအိမ်တော်သို့ မိမိတို့လက်ဝါးကိုဖြန့်၍ တစ်စုံတစ်ခုသော . . . စကားအားဖြင့် ဆုတောင်းလျှင် ကျိန်းဝပ်တော်မူရာကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ . . . ကိုယ်တော်သာလျှင် လူသတ္တဝါအပေါင်းတို့၏ စိတ်နှလုံးသဘောကို သိတော်မူသည်ဖြစ်၍ ဆုတောင်းသောသူတို့၏ စိတ်နှလုံးသဘောကိုသိလျက် သူတို့အပြစ်ကို လွှတ်တော်မူပါ။ အသီးအသီးပြုကြသည်အတိုင်း စီရင်တော်မူပါ။”—၂ ရာဇဝင်ချုပ် ၆:၂၉-၃၁။
၂၄ မှန်ပါသည်၊ ဘုရားသခင်သည် စိတ်နှလုံးသဘောကိုသိတော်မူပြီး ခွင့်လွှတ်တော်မူ၏။ နယပုံပြင် ၂၈:၁၃ ၌ဤသို့ဆို၏– “မိမိအပြစ်ကိုဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကိုဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား ကရုဏာတော်ကိုခံရလိမ့်မည်။” နောင်တဖြင့်အပြစ်ဝန်ခံပြီး အပြစ်ကိုစွန့်ပစ်ခြင်းအားဖြင့် ဘုရားသခင်၏ကရုဏာတော်ကို ခံစားရနိုင်သည်။ သို့တိုင် သင်သည် ဝိညာဉ်ရေးတွင် အားနည်းနေမည်ဆိုလျှင် ဘုရားသခင်၏မေတ္တာ၌တည်နေရန် သင့်အား တခြားအဘယ်အရာက ထောက်ကူပေးနိုင်သနည်း။
သင်မည်သို့ဖြေဆိုမည်နည်း
• ကျွန်ုပ်တို့သည် ဘုရားသခင်၏မေတ္တာတော်၌ မည်သို့ကိုယ်ကိုစောင့်ရှောက်နိုင်ကြသနည်း။
• ဘုရားသခင်နှင့် ခရစ်တော်ကိုချစ်မြတ်နိုးခြင်းက အပြစ်ရှိသောလမ်းစဉ်ကို တွန်းလှန်ရာတွင် မည်သို့အထောက်အကူပြုသနည်း။
• အခြားသူများကိုအမှန်တကယ်ချစ်မြတ်နိုးခြင်းက လိင်ဆိုင်ရာဖောက်ပြန်မှုမပြုရန် အဘယ်ကြောင့် တားဆီးပေးသနည်း။
• မှားယွင်းသောအကျင့်အကြံများ ရှောင်ရန် အခြားနည်းလမ်းများမှာ အဘယ်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ဘုရားသခင်၏မေတ္တာတော်၌ ကိုယ်ကိုစောင့်ရှောက်နိုင်ပုံကို ယုဒဖော်ပြ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
အိမ်ထောင်ပြိုကွဲပါက အပြစ်မရှိသောအိမ်ထောင်ဖက်နှင့် သားသမီးများကို အကြီးအကျယ်ထိခိုက်နာကျင်စေနိုင်
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
သင်သည် ကာလက်ကဲ့သို့ ‘ယေဟောဝါနောက်တော်သို့ လုံးလုံးလိုက်’ ရန် စိတ်ပိုင်းဖြတ်ထားပါသလော
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
သွေးဆောင်မှုကို ခုခံတွန်းလှန်ရာတွင် အကူအညီအတွက် မှန်မှန်ဆုတောင်းပါ