အရေးအသား ရှေးဣသရေလနိုင်ငံတွင် ယင်း၏အရေးပါမှု
အရေးအသား ရှေးဣသရေလနိုင်ငံတွင် ယင်း၏အရေးပါမှု
ရှေးဂရိနာမည်ကျော်လင်္ကာများဖြစ်သော အိလိယက် သို့မဟုတ် အိုဒက်စီကို သင်ဖတ်ရှုဖူးသလော။ ယင်းတို့ကို ဘီစီကိုးရာစု သို့မဟုတ် ရှစ်ရာစုအတွင်း သီကုံးခဲ့သည်ဟု ယူဆရသည်။ ထို့ထက်အစောပိုင်းရာစုနှစ်ပေါင်းများစွာက ရေးသားခဲ့သော သမ္မာကျမ်းစာနှင့် ယင်းလင်္ကာတို့ကို နှိုင်းယှဉ်ပါက အသို့နည်း။ ဂျူးကျမ်းစာနှင့်ခရစ်ယာန်ကျမ်းစာစာအုပ်တွင် ဤသို့ဆို၏– “သမ္မာကျမ်းစာတွင် အရေးအသား၊ ရေးသားထားသောမှတ်တမ်းအကြောင်း ၄၂၉ ကြိမ်ထက်မနည်း ဖော်ပြထားသည်။ အိလိယက်လင်္ကာတွင် အရေးအသားနှင့်ပတ်သက်၍ တစ်ကြိမ်သာဖော်ပြပြီး အိုဒက်စီလင်္ကာတွင် မဖော်ပြခြင်းက ထူးခြားသည်။”
“ရှေးဣသရေလနိုင်ငံတွင် စာပေအရေးအသားများသည် ဝတ်ပြုရေး၏တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပုံရသည်” ဟုအရှေ့ဖျားဒေသရှေးဟောင်းသုတေသနဆိုင်ရာ အော့စဖို့ဒ်စွယ်စုံကျမ်းတွင် ရှင်းပြ၏။ ဥပမာ၊ ပညတ်ပဋိညာဉ်ကို ရေးသားပြီးနောက် ယောက်ျား၊ မိန်းမ၊ ကလေးများရှေ့ မှန်မှန်ဖတ်ပြရသည်။ ယင်းတို့ကို အုပ်စုလိုက်ဖြစ်စေ၊ သီးသန့်ဖြစ်စေ ဖတ်ရှုလေ့လာခဲ့ကြသည်။ ပညတ်တရား၏အသွင်အပြင်အချို့ကို သုံးသပ်ပြီးနောက် လီဗာပူးတက္ကသိုလ်မှ ကထိက အေလဲန်မေးလတ်က “ဣသရေလလူတိုင်း ရေးတတ်ဖတ်တတ်သည်ဟု ကျမ်းရေးသူများ ယူဆထားကြောင်း ထင်ရှားသည်” ဟုကောက်ချက်ချ၏။—တရားဟောရာ ၃၁:၉-၁၃; ယောရှု ၁:၈; နေဟမိ ၈:၁၃-၁၅; ဆာလံ ၁:၂။
ကျမ်းစာအရေးအသားများကို ခရစ်ယာန်များ မည်သို့ရှုမြင်သင့်ကြောင်း တမန်တော်ပေါလု ဤသို့ရေးခဲ့၏– ‘ငါတို့သည် ကျမ်းစာ၌ပါသော သည်းခံခြင်း၊ သက်သာခြင်းအကြောင်းများကိုအမှီပြု၍ မျှော်လင့်ရသောအခွင့်ရှိစေခြင်းငှာ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမသွန်သင်၍ ရေးထားသတည်း။’ သင်လည်း သမ္မာကျမ်းစာမှန်မှန်ဖတ်ရှုခြင်းဖြင့် ယင်းကိုတန်ဖိုးထားလေးစားကြောင်း ဖော်ပြနေသလော။—ရောမ ၁၅:၄။