ခရစ်ယာန်စည်းလုံးမှုက ဘုရားသခင်ကိုဂုဏ်တင်
ခရစ်ယာန်စည်းလုံးမှုက ဘုရားသခင်ကိုဂုဏ်တင်
“ဘုရားသခင့်စွမ်းအားတော်ကြောင့်ရသော တစ်လုံးတစ်ဝတည်းအဖြစ်ကို ကြိုးစားအားထုတ်၍ စောင့်ရှောက်ကြလော့။”—ဧ. ၄:၃။
၁။ ပထမရာစုဧဖက်မြို့က ခရစ်ယာန်တွေဟာ ဘုရားသခင်ကို ဘယ်လိုနည်းနဲ့ ဘုန်းထင်ရှားစေခဲ့ကြသလဲ။
ရှေးခေတ် ဧဖက်ခရစ်ယာန်အသင်းတော်ရဲ့ စည်းလုံးမှုက စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါရဲ့ဘုန်းကို ထင်ရှားစေခဲ့တယ်။ ကုန်သွယ်ရေးအချက်အချာကျတဲ့ အဲဒီမြို့မှာ တချို့ခရစ်ယာန်တွေဟာ ချမ်းသာကြွယ်ဝတဲ့ ကျွန်ပိုင်ရှင်တွေဖြစ်ကြပြီး တခြားသူတွေဟာ အလွန်ဆင်းရဲတဲ့ကျွန်တွေ ဖြစ်နိုင်တယ်။ (ဧ. ၆:၅၊ ၉) တချို့တွေကတော့ ဂျူးတွေတရားဟောတဲ့နေရာမှာ ပေါလု သုံးလကြာဟောပြောခဲ့တုန်းက အမှန်တရားကိုသိခဲ့တဲ့ ဂျူးတွေဖြစ်တယ်။ တခြားသူတွေကျတော့ အရင်က အာတေမိကို ကိုးကွယ်ပြီး မှော်အတတ်လိုက်စားခဲ့တဲ့သူတွေဖြစ်တယ်။ (တ. ၁၉:၈၊ ၁၉၊ ၂၆) စစ်မှန်တဲ့ခရစ်ယာန်အယူဝါဒဟာ နောက်ခံအမျိုးမျိုးရှိတဲ့လူတွေကို စည်းလုံးစေတယ်ဆိုတာ ထင်ရှားတယ်။ အသင်းတော်ရဲ့ စည်းလုံးမှုကြောင့် ယေဟောဝါရဲ့ဘုန်း ထင်ရှားတယ်ဆိုတာ ပေါလုသိမြင်ခဲ့တယ်။ တမန်တော်က ‘အသင်းတော်အားဖြင့် ယေဟောဝါ၏ဘုန်းတန်ခိုး ထင်ရှားပါစေ’ လို့ရေးခဲ့တယ်။—ဧ. ၃:၂၁။
၂။ ဧဖက်မြို့က ခရစ်ယာန်တွေရဲ့စည်းလုံးမှုကို ဘာက ခြိမ်းခြောက်နေသလဲ။
၂ ဒါပေမဲ့ ဧဖက်အသင်းတော်ရဲ့စည်းလုံးမှု ခြိမ်းခြောက်ခံနေရတယ်။ အကြီးအကဲတွေကို ပေါလု ဒီလိုသတိပေးခဲ့တယ်– ‘တပည့်တို့ကို မိမိတို့နောက် ဆွဲဆောင်ရန် မှားယွင်းသော သွန်သင်ချက်များကို ဟောပြောသူများလည်း သင်တို့အထဲမှ ပေါ်လာလိမ့်မည်။’ (တ. ၂၀:၃၀) ဒါ့အပြင် တချို့ညီအစ်ကိုတွေက စည်းလုံးမှုပြိုကွဲစေတဲ့ စိတ်ဓာတ်ကို တင်ပြနေကြဆဲဖြစ်ပြီး “ထိုစိတ်ဓာတ်သည် နာခံမှုမရှိသောသူတို့တွင် ရှင်သန်လှုပ်ရှားလျက်ရှိ၏” လို့ ပေါလုသတိပေးခဲ့တယ်။—ဧ. ၂:၂; ၄:၂၂။
စည်းလုံးမှုကို အလေးပေးတဲ့စာ
၃၊ ၄။ ဧဖက်မြို့ကခရစ်ယာန်တွေကိုရေးတဲ့ ပေါလုရဲ့စာမှာ စည်းလုံးမှုကို ဘယ်လိုအလေးပေးဖော်ပြသလဲ။
၃ ခရစ်ယာန်တွေ ညီညီညွတ်ညွတ်နဲ့ ဆက်ပြီး ပူးပေါင်းလုပ်ဆောင်လိုတယ်ဆိုရင် သူတို့တစ်ဦးစီဟာ စည်လုံးမှုတိုးပွားစေဖို့ အတတ်နိုင်ဆုံး ကြိုးစားအားထုတ်ရမယ်ဆိုတာ ပေါလုသိမြင်ခဲ့တယ်။ ဧဖက်အသင်းတော်အတွက် စည်းလုံးမှုကို အဓိကအသားပေးဖော်ပြတဲ့ စာတစ်စောင်ရေးဖို့ ဘုရားသခင်က ပေါလုကို စွမ်းအားတော်နဲ့ တိုက်တွန်းခဲ့တယ်။ ဥပမာ၊ “ကောင်းကင်ပေါ်ရှိအရာများနှင့် မြေကြီးပေါ်ရှိအရာများကို ခရစ်တော်၌ ပြန်လည်စုစည်း” မယ့် ဘုရားသခင့်ရည်ရွယ်ချက်ကို ပေါလုဖော်ပြခဲ့တယ်။ (ဧ. ၁:၁၀) ခရစ်ယာန်တွေကို အဆောက်အဦတစ်ခု တည်ဆောက်ရာမှာ အသုံးပြုတဲ့ကျောက်တွေနဲ့ နှိုင်းယှဉ်ခဲ့တယ်။ ‘အဆောက်အအုံတစ်ခုလုံးသည် လိုက်ဖက်စွာ ပေါင်းစပ်၍ ယေဟောဝါ၏ သန့်ရှင်းသော ဝတ်ပြုရာအိမ်တော်အဖြစ် ကြီးပွားလာ၏။’ (ဧ. ၂:၂၀၊ ၂၁) ဒါ့အပြင် ဂျူးတွေနဲ့ လူမျိုးခြားခရစ်ယာန်တွေရဲ့ စည်းလုံးမှုကို ပေါလု အလေးပေးဖော်ပြခဲ့ပြီး သူတို့အားလုံးက ဘုရားသခင့်ဖန်ဆင်းရာတွေဖြစ်တယ်လို့လည်း သတိပေးခဲ့တယ်။ “ကောင်းကင်နှင့် မြေကြီးပေါ်ရှိ မိသားစုတိုင်းသည် ကိုယ်တော်ကြောင့် အမည်နာမ ရရှိကြ” တဲ့ယေဟောဝါကို “ခမည်းတော်” လို့ ပေါလုရည်ညွှန်းခဲ့တယ်။—ဧ. ၃:၅၊ ၆၊ ၁၄၊ ၁၅။
၄ ဧဖက်အခန်းကြီး ၄ ကို လေ့လာတဲ့အခါ စည်းလုံးမှုရှိဖို့ ဘာကြောင့် ကြိုးစားအားထုတ်ဖို့လိုသလဲ၊ စည်းလုံးဖို့ ယေဟောဝါ ဘယ်လိုကူညီပေးသလဲ၊ ဘယ်သဘောထားတွေက ဆက်စည်းလုံးနေဖို့ အထောက်အကူပြုသလဲဆိုတာ ကျွန်ုပ်တို့ သိရပါလိမ့်မယ်။ ကင်းမျှော်စင်သင်တန်းမှာ ပိုအကျိုးရရှိဖို့ အခန်းကြီးတစ်ခန်းလုံးကို ကြိုတင်ဖတ်ထားပါ။
တစ်လုံးတစ်ဝတည်းဖြစ်ဖို့ ကြိုးစားအားထုတ်မှုလို
၅။ ဘုရားသခင့်ကောင်းကင်တမန်တွေ ဘာကြောင့် စည်းစည်းလုံးလုံးအမှုဆောင်နိုင်ကြသလဲ၊ ဒါပေမဲ့ ကျွန်ုပ်တို့အတွက်တော့ စည်းလုံးဖို့ ဘာကြောင့် ပိုခက်ခဲနိုင်သလဲ။
၅ “တစ်လုံးတစ်ဝတည်းအဖြစ်ကို ကြိုးစားအားထုတ်၍ စောင့်ရှောက်ကြ” ဖို့ ဧဖက်မြို့က ခရစ်ယာန်တွေကို ပေါလုတောင်းပန်ခဲ့တယ်။ (ဧ. ၄:၃) စည်းလုံးမှုရှိဖို့ ကြိုးစားအားထုတ်ရမယ်ဆိုတာကို နားလည်နိုင်ဖို့ ဘုရားသခင့်ကောင်းကင်တမန်တွေအကြောင်း သုံးသပ်ကြည့်ကြစို့။ ကမ္ဘာပေါ်က သက်ရှိနှစ်ခုဟာ တစ်ထေရာတည်းမတူကြတဲ့အတွက် သန်းနဲ့ချီတဲ့ကောင်းကင်တမန်တွေကိုလည်း တစ်ဦးနဲ့တစ်ဦးမတူအောင် ယေဟောဝါ ဖန်ဆင်းထားမယ်လို့ ကျိုးကြောင်းဆီလျော်စွာ ကောက်ချက်ချနိုင်တယ်။ (ဒံ. ၇:၁၀) ဒါပေမဲ့ သူတို့တွေက ဘုရားသခင့်စကားကို နားထောင်ကြပြီး ကိုယ်တော့်အလိုတော်ကို ဆောင်ကြတဲ့အတွက် ယေဟောဝါကို စည်းစည်းလုံးလုံး အမှုဆောင်နိုင်ကြတယ်။ (ဆာလံ ၁၀၃:၂၀၊ ၂၁ ကိုဖတ်ပါ။) သစ္စာရှိကောင်းကင်တမန်တွေမှာ မတူညီတဲ့အရည်အသွေးတွေ ရှိကြသလို ခရစ်ယာန်တွေမှာလည်း မတူညီတဲ့အရည်အသွေးတွေရှိတဲ့အပြင် မစုံလင်မှုကြောင့် မတူညီတဲ့ အားနည်းချက်တွေရှိကြတယ်။ ဒါကြောင့် စည်းလုံးဖို့ ပိုခက်ခဲတယ်။
၆။ ကျွန်ုပ်တို့ရဲ့အားနည်းချက်နဲ့မတူတဲ့ အားနည်းချက်ရှိသူနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဘယ်သဘောထားတွေက ကူညီပေးမလဲ။
၆ မစုံလင်တဲ့သူတွေ ပူးပေါင်းလုပ်ဆောင်ဖို့ကြိုးစားတဲ့အခါ အလွယ်တကူ အခက်တွေ့နိုင်တယ်။ ဥပမာ၊ နူးညံ့သိမ်မွေ့ပြီး နောက်ကျတတ်တဲ့ ညီအစ်ကိုတစ်ယောက်က အချိန်တိကျပြီး ဒေါသထွက်လွယ်တဲ့ ညီအစ်ကိုတစ်ယောက်နဲ့အတူ ယေဟောဝါကို အမှုဆောင်နေရတယ်ဆိုရင် ဘယ်လိုနေမလဲ။ နှစ်ယောက်ဧ. ၄:၁-၃။
စလုံးက တစ်ဖက်သားရဲ့ ဒီအကျင့်ကိုပြင်ဖို့လိုတယ်လို့ ခံစားရနိုင်တယ်၊ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးမှာ အားနည်းချက်ရှိတယ်ဆိုတာကို မေ့နေနိုင်တယ်။ ဒီညီအစ်ကို နှစ်ယောက်က ဘယ်လိုနည်းနဲ့ တညီတညွတ်တည်း အမှုဆောင်နိုင်ကြမလဲ။ ပေါလု ဆက်ပြောမယ့်စကားထဲမှာပါတဲ့ အရည်အသွေးတွေက သူတို့ကို ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ သတိပြုပါ။ ပြီးတဲ့နောက် အဲဒီမှာပါတဲ့သဘောထားတွေကို မွေးမြူခြင်းအားဖြင့် စည်းလုံးမှုကို ဘယ်လိုတိုးပွားစေနိုင်တယ်ဆိုတာ စဉ်းစားပါ။ ပေါလု ဒီလိုရေးခဲ့တယ်– ‘ထိုက်တန်စွာ လျှောက်လှမ်းကြရန် ငါသည် သင်တို့ကို တောင်းပန်ပါ၏။ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့နှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ မေတ္တာတရား၌ အချင်းချင်း သည်းခံခြင်းရှိလျက်၊ ငြိမ်သက်ခြင်း အနှောင်အဖွဲ့အားဖြင့် ဘုရားသခင့် စွမ်းအားတော်ကြောင့်ရသော တစ်လုံးတစ်ဝတည်းအဖြစ်ကို ကြိုးစားအားထုတ်၍ စောင့်ရှောက်ကြလော့။’—၇။ မစုံလင်တဲ့ တခြားခရစ်ယာန်တွေနဲ့ စည်းစည်းလုံးလုံးအမှုဆောင်ဖို့ ဘာကြောင့်အရေးကြီးသလဲ။
၇ စစ်မှန်တဲ့ဝတ်ပြုရေးမှာ ခန္ဓာကိုယ်တစ်ခုတည်းရှိတဲ့အတွက် မစုံလင်တဲ့လူသားတွေအချင်းချင်း စည်းလုံးစွာလုပ်ဆောင်တတ်အောင် သင်ယူဖို့ အရေးကြီးတယ်။ ‘သင်တို့ကို မျှော်လင့်ခြင်းတစ်ခုတည်းသို့ ခေါ်တော်မူသကဲ့သို့ပင် ခန္ဓာကိုယ်တစ်ခုတည်း၊ ဘုရားသခင့်စွမ်းအားတော် တစ်ခုတည်းသာရှိ၏။ သခင်တစ်ဦး၊ ယုံကြည်ခြင်းတစ်မျိုး၊ နှစ်ခြင်းတစ်မျိုးတည်းရှိ၏။ လူခပ်သိမ်းတို့၏အဖ ဘုရားသခင်တစ်ပါးတည်း ရှိတော်မူ၏။’ (ဧ. ၄:၄-၆) ယေဟောဝါရဲ့ စွမ်းအားတော်နဲ့ ကောင်းချီးတွေက ဘုရားသခင် အသုံးပြုနေတဲ့ ညီအစ်ကိုအသင်းအပင်းအပေါ်မှာရှိတယ်။ အသင်းတော်ထဲက တစ်ဦးဦးက ကျွန်ုပ်တို့ကို စိတ်ပျက်စေတယ်ဆိုရင်တောင် တခြားသွားစရာနေရာ မရှိဘူး။ ထာ၀ရအသက်နဲ့ဆိုင်တဲ့စကားကို ဒီနေရာမှာပဲ ကြားနိုင်တယ်။—ယော. ၆:၆၈။
“လူ့အသွင်ဆုများ” က စည်းလုံးမှုကို တိုးပွားစေ
၈။ စည်းလုံးမှုပြိုကွဲစေတဲ့အရာတွေကို တိုက်လှန်ရာမှာ ကျွန်ုပ်တို့ကို ခွန်အားရှိစေဖို့ ခရစ်တော် ဘယ်အရာကို အသုံးပြုသလဲ။
၈ အသင်းတော်စည်းလုံးမှုတိုးပွားစေဖို့ “လူ့အသွင်ဆုများ” ကို ယေရှု ဘယ်လိုပြင်ဆင်ပေးတယ်ဆိုတာ ဖော်ပြဖို့ ရှေးခေတ်စစ်သားတွေ လုပ်နေကျအလေ့အထတစ်ခုကို ပေါလု အသုံးပြုခဲ့တယ်။ အောင်ပွဲရစစ်သားတစ်ဦးက သူ့ဇနီးအတွက် အိမ်မှုကိစ္စလုပ်ပေးဖို့ ဖမ်းမိတဲ့သုံ့ပန်းတစ်ဦးကို ခေါ်လာနိုင်တယ်။ (ဆာ. ၆၈:၁၊ ၁၂၊ ၁၈) အလားတူပါပဲ၊ ယေရှုဟာ ဒီလောကကိုအောင်တဲ့အခါ တလိုတလားစိတ်ရှိတဲ့ ကျွန်များစွာကို ရရှိခဲ့တယ်။ (ဧဖက် ၄:၇၊ ၈ ကိုဖတ်ပါ။) ဒီသုံ့ပန်းတွေကို ကိုယ်တော်ဘယ်လို အသုံးပြုခဲ့သလဲ။ ‘ကိုယ်တော်သည် လူအချို့ကို တမန်တော်များ၊ အချို့ကို ပရောဖက်များ၊ အချို့ကို ဧဝံဂေလိတရားဟောပြောသူများ၊ အချို့ကို သိုးထိန်းများ၊ ဆရာများအဖြစ် ခန့်ထားတော်မူ၏။ သို့ဖြင့် သန့်ရှင်းသူတို့ကို ပြန်တည့်မတ်ပေးရန်၊ အမှုတော်ဆောင်ရန်၊ ခရစ်တော်၏ ခန္ဓာကိုယ်ကို တည်ဆောက်ပေးရန်ဖြစ်၏။ ငါတို့ရှိသမျှသည် ယုံကြည်ခြင်း၌လည်းကောင်း၊ ဘုရားသခင်၏ သားတော်ကို တိကျမှန်ကန်စွာ သိကျွမ်းခြင်း၌လည်းကောင်း တစ်လုံးတစ်ဝတည်းဖြစ်၏။’—ဧ. ၄:၁၁-၁၃။
၉။ (က) “လူ့အသွင်ဆုများ” ဟာ စည်းလုံးမှုကို ထိန်းသိမ်းဖို့ ဘယ်လိုကူညီပေးသလဲ။ (ခ) အသင်းတော်သားအားလုံးဟာ အသင်းတော်ရဲ့စည်းလုံးမှုတိုးပွားအောင် ဘာကြောင့် လုပ်ဆောင်သင့်သလဲ။
၉ မေတ္တာပြည့်ဝတဲ့ သိုးထိန်းတွေအနေနဲ့ ဒီ “လူ့အသွင်ဆုများ” ဟာ စည်းလုံးမှုကိုထိန်းသိမ်းဖို့ ကူညီပေးကြတယ်။ ဥပမာ၊ အသင်းဂလ. ၅:၂၆-၆:၁) သွန်သင်သူတွေအနေနဲ့ “လူ့အသွင်ဆုများ” ဟာ ကျမ်းစာကိုအခြေခံပြီး ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းခိုင်ခံ့အောင် တည်ဆောက်ပေးကြတယ်။ သူတို့ဟာ ဒီလိုနည်းနဲ့ အသင်းတော်ကို စည်းလုံးစေပြီး ကျွန်ုပ်တို့ကို ရင့်ကျက်တဲ့ခရစ်ယာန်တွေဖြစ်အောင် ကူညီပေးတယ်။ ပေါလုက ဒီလိုရေးခဲ့တယ်– “ငါတို့သည် နို့စို့သူငယ်များ ဖြစ်ကြတော့မည်မဟုတ်။ လိမ်လည်လှည့်ဖြားသူများနှင့် မှားယွင်းစေရန် ကလိမ်ဉာဏ်ဆင်သူများ၏စကားကို နားထောင်သဖြင့် လှိုင်းပုတ်ခံရ၍ ခပ်သိမ်းသော သွန်သင်ခြင်းလေ တိုက်ရာဘက်သို့ တိမ်းယိမ်းကြတော့မည်မဟုတ်။” (ဧ. ၄:၁၃၊ ၁၄) ကိုယ်ခန္ဓာအစိတ်အပိုင်းတွေက လိုအပ်သလိုပူးပေါင်းဆောင်ရွက်ကြသလို ခရစ်ယာန်ယောက်တိုင်းဟာ ညီအစ်ကိုအသင်းအပင်းရဲ့စည်းလုံးမှုကို တိုးပွားအောင်လုပ်ဆောင်သင့်တယ်။—ဧဖက် ၄:၁၅၊ ၁၆ ကိုဖတ်ပါ။
တော်အကြီးအကဲတစ်ဦးက ညီအစ်ကိုနှစ်ဦး “အချင်းချင်းပြိုင်ဆိုင်” နေတာကို သတိထားမိတယ်ဆိုရင် “နူးညံ့သိမ်မွေ့သောစိတ်နှင့်” သူတို့နှစ်ယောက်ကို သီးသန့်သွန်သင်ချက်ပေးပြီး “တည့်မတ်” ခြင်းအားဖြင့် အသင်းတော်ရဲ့စည်းလုံးမှုကို ပိုတိုးပွားစေနိုင်တယ်။ (စရိုက်သစ်ကို မွေးမြူပါ
၁၀။ ကိုယ်ကျင့်တရားပျက်ပြားမှုက စည်းလုံးမှုကို ဘယ်လိုပြိုကွဲစေနိုင်သလဲ။
၁၀ ဧဖက်ခရစ်ယာန်များထံရေးတဲ့ ပေါလုရဲ့စာ အခန်းကြီးလေးမှာ ရင့်ကျက်တဲ့ခရစ်ယာန်တွေ စည်းလုံးမှုကိုထိန်းသိမ်းဖို့ မေတ္တာပြခြင်းက အဓိကကျတယ်လို့ဖော်ပြထားတာကို သတိပြုမိသလား။ ဒါ့အပြင် မေတ္တာပြခြင်းမှာ ဘာတွေပါဝင်တယ်ဆိုတာကိုလည်း ဖော်ပြတယ်။ မေတ္တာလမ်းစဉ်ကို လိုက်လျှောက်မယ်ဆိုရင် မတရားမေထုန်နဲ့ လိင်ဆိုင်ရာအကျင့်ပျက်မှုကို ရှောင်မှာဖြစ်တယ်။ ‘လူမျိုးခြားတို့လျှောက်လှမ်းသည့်နည်းတူ မလျှောက်လှမ်း’ ကြဖို့ ညီအစ်ကိုတွေကို ပေါလုတိုက်တွန်းခဲ့တယ်။ (ဧ. ၄:၁၇-၁၉) ကိုယ်ကျင့်တရားပျက်ပြားတဲ့လောကက ကျွန်ုပ်တို့ရဲ့စည်းလုံးမှုကို အန္တရာယ်ပြုနေတယ်။ လူတွေက မတရားမေထုန်အကြောင်း ပြက်လုံးတွေထုတ်ကြတယ်၊ သီချင်းစပ်ပြီးဆိုကြတယ်၊ ဖျော်ဖြေရေးအဖြစ် ကြည့်ရှုကြတယ်၊ ဒါကို ခိုးကြောင်ခိုးဝှက်တစ်မျိုး၊ ပေါ်ပေါ်ထင်ထင်တစ်မျိုး ပြုကျင့်ကြတယ်။ လက်ထပ်ဖို့ မရည်ရွယ်ထားတဲ့သူတစ်ယောက်ကို လိင်ဆိုင်ရာဆွဲဆောင်မှုပါဝင်နိုင်တဲ့ ပရောပရည်လုပ်ခြင်းကတောင် သင့်ကို ယေဟောဝါနဲ့ရော အသင်းတော်နဲ့ပါ ဝေးကွာသွားစေနိုင်တယ်။ ဘာကြောင့်လဲ။ အဲဒါက မတရားမေထုန်အဆင့်ကို အလွယ်တကူ ရောက်သွားစေလို့ပဲ။ ဒါ့အပြင် ပရောပရည်လုပ်ခြင်းက အိမ်ထောင်သည်တစ်ဦးကို အိမ်ထောင်ရေးဖောက်ပြန်သူ ဖြစ်သွားစေနိုင်ပြီး မိသားစုကို တကွဲတပြားဖြစ်သွားစေနိုင်တယ်။ စည်းလုံးမှုကိုပြိုကွဲစေတဲ့ လုပ်ရပ်ပါပဲ။ “သင်တို့သည် ခရစ်တော်ထံမှ ထိုသို့သင်ယူခဲ့ကြသည်မဟုတ်” လို့ ပေါလုရေးခဲ့တာဟာ အံ့ဩစရာမဟုတ်ဘူး။—ဧ. ၄:၂၀၊ ၂၁။
၁၁။ သမ္မာကျမ်းစာက ခရစ်ယာန်တွေကို ဘာအပြောင်းအလဲလုပ်ဖို့ အားပေးထားသလဲ။
၁၁ စည်းလုံးမှုပြိုကွဲစေတဲ့ အတွေးအခေါ်တွေကို ဖယ်ထုတ်ပြီး အချင်းချင်း စည်းစည်းလုံးလုံးနေထိုင်စေတဲ့ သဘောထားတွေကိုမွေးမြူဖို့ ဒီလိုအလေးပေးဖော်ပြခဲ့တယ်– “သင်တို့သည် ဘဝလမ်းစဉ်ဟောင်းအတိုင်း လှည့်ဖြားတတ်သော ဆန္ဒများနှင့်အညီ ယိုယွင်းလျက်ရှိသော ပင်ကိုစရိုက်ဟောင်းကို ချွတ်ပယ်ရန် သွန်သင်ခံကြရပြီ။ သင်တို့၏စိတ်သဘောကို အသစ်ပြုပြင်ကြရမည်။ ထို့ပြင် စစ်မှန်သော ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်သိခြင်းတို့နှင့်အညီ ဘုရားသခင်၏ အလိုတော်အတိုင်း ဖန်ဆင်းခံရသော စရိုက်သစ်ကို ဝတ်ဆင်သင့်၏။” (ဧ. ၄:၂၂-၂၄) ကျွန်ုပ်တို့ရဲ့ ‘စိတ်သဘောကို ဘယ်လို အသစ်ပြုပြင်’ နိုင်သလဲ။ သမ္မာကျမ်းစာနဲ့ ရင့်ကျင့်တဲ့ခရစ်ယာန်တွေဆီက သင်ယူသိရှိရာတွေကို ကျေးဇူးတင်လေးမြတ်စိတ်နဲ့ တွေးတောဆင်ခြင်ရမယ်၊ အဲဒီလို ကြိုးစားလုပ်ဆောင်မယ်ဆိုရင် “ဘုရားသခင်၏အလိုတော်အတိုင်း ဖန်ဆင်းခံရသော” စရိုက်သစ်ကို ဝတ်ဆင်နိုင်မယ်။
စရိုက်သစ်နဲ့အညီ ပြောဆိုပါ
၁၂။ မှန်ရာကိုပြောဆိုခြင်းက စည်းလုံးမှုကို ဘယ်လိုတိုးပွားစေသလဲ၊ မှန်ရာကိုပြောဆိုဖို့ တချို့သူတွေ ဘာကြောင့် အခက်တွေ့သလဲ။
၁၂ မိသားစု ဒါမှမဟုတ် အသင်းတော်အတွင်းမှာရှိတဲ့ အင်္ဂါချင်းတွေကို မှန်တဲ့စကားပြောဖို့ အရေးကြီးတယ်။ ရိုးသားပွင့်လင်းပြီး ကြင်နာတဲ့စကားတွေက လူတွေကို ပိုရင်းနှီးစေတယ်။ (ယော. ၁၅:၁၅) ဒါပေမဲ့ တစ်ယောက်ယောက်က ညီအစ်ကိုကို လိမ်ညာတယ်ဆိုရင်ကော။ အဲဒါကို သူ့ရဲ့ညီအစ်ကိုသိသွားတဲ့အခါ သူတို့ကြားမှာရှိတဲ့ ယုံကြည်စိတ်ချမှု ပျက်သွားနိုင်တယ်။ ဒါကြောင့် ပေါလု ဒီလိုရေးခဲ့ခြင်းဖြစ်တယ်– “မုသားပြောခြင်းကို ဖယ်ရှား ၍ သင်တို့အသီးသီးသည် လူသားချင်းအား မှန်သောစကားကိုသာ ပြောဆိုကြလော့။ အကြောင်းမူကား ငါတို့သည် အင်္ဂါချင်းများ ဖြစ်ကြ၏။” (ဧ. ၄:၂၅) ကလေးဘဝကတည်းက လိမ်ညာတဲ့အကျင့်ရှိသူတစ်ဦးဟာ မှန်ရာကိုစပြောဖို့ အခက်တွေ့နိုင်တယ်။ ဒါပေမဲ့ သူပြုပြင်ပြောင်းလဲဖို့ ကြိုးစားတာကို ယေဟောဝါနှစ်သက်ပြီး ကိုယ်တော် သူ့ကိုကူညီပေးပါလိမ့်မယ်။
၁၃။ ချိုးနှိမ်တဲ့စကားကို မပြောဆိုတော့ခြင်းမှာ ဘာပါဝင်သလဲ။
၁၃ ကျွန်ုပ်တို့ရဲ့အပြောအဆိုကို သတိထားဖို့လိုတယ်လို့ ယေဟောဝါ သင်ပေးတယ်။ အဲဒါကိုလိုက်နာမယ်ဆိုရင် မိသားစုနဲ့ အသင်းတော်အတွင်းမှာ လေးစားမှုနဲ့ စည်းလုံးမှု တိုးပွားလာမယ်။ “သင်တို့၏နှုတ်ထဲမှ မကောင်းသော စကားတစ်ခွန်းမျှ မထွက်ပါစေနှင့်။ . . . ခပ်သိမ်းသော ခါးသီးနာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းတို့ကို မကောင်းမှုရှိသမျှနှင့်တကွ ဖယ်ရှားကြလော့။” (ဧ. ၄:၂၉၊ ၃၁) ချိုးနှိမ်ပြောဆိုတာကို ရှောင်နိုင်တဲ့နည်းတစ်နည်းက တခြားသူတွေကို လေးစားတဲ့သဘောထား မွေးမြူခြင်းဖြစ်တယ်။ ဥပမာ၊ ကိုယ့်ရဲ့ဇနီးသည်ကို အမြဲချိုးချိုးနှိမ်နှိမ်ပြောတတ်တဲ့ ခင်ပွန်းသည်တစ်ဦးဟာ အထူးသဖြင့် ယေဟောဝါက အမျိုးသမီးတွေကို ဂုဏ်တင်တဲ့အကြောင်း သင်ယူသိရှိလာတာနဲ့အမျှ ဇနီးသည်အပေါ်ထားရှိတဲ့ သူ့ရဲ့သဘောထားကို ပြောင်းလဲဖို့ကြိုးစားသင့်တယ်။ ဘုရားသခင်က အမျိုးသမီးတချို့ကို ခရစ်တော်နဲ့အတူ ဘုရင်တွေအဖြစ်တွဲဖက်အုပ်ချုပ်ဖို့ စွမ်းအားတော်ဖွားတွေအဖြစ် ကောင်းချီးပေးခဲ့တယ်။ (ဂလ. ၃:၂၈; ၁ ပေ. ၃:၇) အလားတူပဲ မိမိရဲ့ခင်ပွန်းသည်ကို အော်ငေါက်တဲ့အကျင့်ရှိတဲ့ အမျိုးသမီးတစ်ဦးဟာ ယေရှု အမျက်နှိုးဆွခံရတဲ့အချိန်မှာ ဘယ်လိုချုပ်တည်းခဲ့တယ်ဆိုတာ သိလာတဲ့အခါ ပြောင်းလဲဖို့လှုံ့ဆော်ခံရသင့်တယ်။—၁ ပေ. ၂:၂၁-၂၃။
၁၄။ ဒေါသထွက်ခြင်းက ဘာကြောင့် အန္တရာယ်ရှိတာလဲ။
၁၄ ချိုးနှိမ်တဲ့စကားပြောဆိုခြင်းနဲ့ ဒေါသမထိန်းချုပ်နိုင်ခြင်းက ဆက်စပ်နေတယ်။ ဒါက ကိုယ်အင်္ဂါချင်းဖြစ်တဲ့သူတွေကို ကွဲပြားစေနိုင်တယ်။ အမျက်ဒေါသက မီးလိုပဲ။ ထိန်းချုပ်ဖို့ခက်ပြီး ဒုက္ခရောက်စေနိုင်တယ်။ (သု. ၂၉:၂၂) ဖြေရှင်းဖို့အကြောင်းကောင်းရှိတယ်ဆိုရင်တောင်မှ ရင်းနှီးတဲ့ဆက်ဆံရေးကို မထိခိုက်စေဖို့ ဒေါသကိုထိန်းချုပ်ဖို့လိုတယ်။ ခရစ်ယာန်တွေဟာ ခွင့်လွှတ်သင့်ပြီး အငြိုးထားခြင်း၊ ပြဿနာကို ပြန်ပြီးအစဖော်ပြောဆိုခြင်းတွေကို ရှောင်သင့်တယ်။ (ဆာ. ၃၇:၈; ၁၀၃:၈၊ ၉; သု. ၁၇:၉) ပေါလုက ဧဖက်မြို့ကခရစ်ယာန်တွေကို ဒီလိုအကြံပေးခဲ့တယ်– ‘ဒေါသထွက်လျှင်လည်း အပြစ်မပြုနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။ စာတန်ကို အခွင့်မပေးကြနှင့်။’ (ဧ. ၄:၂၆၊ ၂၇) ဒေါသကိုမထိန်းချုပ်ခြင်းက အသင်းတော်အတွင်း စည်းလုံးမှုပြိုကွဲစေပြီး အငြင်းပွားမှုတွေကိုဖြစ်စေဖို့ စာတန်ကိုအခွင့်ပေးရာရောက်တယ်။
၁၅။ ကိုယ်မပိုင်တဲ့ပစ္စည်းကို ယူမယ်ဆိုရင် ဘာဖြစ်နိုင်သလဲ။
၁၅ တခြားသူတွေရဲ့ပိုင်ဆိုင်ရာကို လေးစားခြင်းက အသင်းတော်ကို ပိုစည်းလုံးစေတယ်။ “ခိုးတတ်သောသူသည် နောက်တစ်ဖန် မခိုးတော့” နဲ့လို့ ဖတ်ရတယ်။ (ဧ. ၄:၂၈) ယေဟောဝါရဲ့လူတွေအလယ်မှာ အပြန်အလှန် ယုံကြည်စိတ်ချမှုရှိတယ်။ ခရစ်ယာန်တစ်ဦးဟာ အဲဒီယုံကြည်စိတ်ချမှုကို အသုံးချပြီး ကိုယ်မပိုင်တဲ့ပစ္စည်းကို ယူမယ်ဆိုရင် စည်းလုံးမှုကို ဖြိုဖျက်ရာကျတယ်။
ဘုရားသခင်ကိုချစ်တဲ့မေတ္တာက ကျွန်ုပ်တို့ကို စည်းလုံးစေ
၁၆။ ကျွန်ုပ်တို့ရဲ့စည်းလုံးမှု ခိုင်မြဲစေဖို့ တည်ဆောက်မှုဖြစ်စေတဲ့စကားတွေကို ဘယ်လိုပြောနိုင်သလဲ။
၁၆ အချင်းချင်း မေတ္တာနဲ့ဆက်ဆံစေတဲ့ ဘုရားသခင်ကိုချစ်တဲ့မေတ္တာက ခရစ်ယာန်အသင်းတော်ကို စည်းလုံးစေတယ်။ ယေဟောဝါရဲ့ကြင်နာမှုကို ကျေးဇူးတင်လေးမြတ်ခြင်းက ဒီအကြံပြုချက်ကို ကြိုးစားလိုက်လျှောက်ဖို့ လှုံ့ဆော်ပေးတယ်– “ကြားနာသူတို့အတွက် နှစ်လို့ဖွယ်ဖြစ်စေရန် လိုအပ်သည့်အခါ တည်ဆောက်မှုဖြစ်စေသော ကောင်းသည့်စကားကိုသာ ပြောဆိုကြလော့။ . . . အချင်းချင်း ကြင်နာမှုပြ၍ သနားစာနာကြလော့။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် သင်တို့ကို အကြွင်းမဲ့ခွင့်လွှတ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်း အကြွင်းမဲ့ခွင့်လွှတ်ကြလော့။” (ဧ. ၄:၂၉၊ ၃၂) ကျွန်ုပ်တို့လို မစုံလင်တဲ့လူသားတွေကို ယေဟောဝါက ကြင်နာစွာခွင့်လွှတ်ပေးတယ်။ ဒါကြောင့် တခြားသူတွေရဲ့မစုံလင်မှုကို မြင်တွေ့တဲ့အခါ ကျွန်ုပ်တို့လည်း အလားတူခွင့်လွှတ်သင့်တယ် မဟုတ်လား။
၁၇။ စည်းလုံးမှုတိုးပွားစေဖို့ ကျွန်ုပ်တို့ ဘာကြောင့်စိတ်အားထက်သန်စွာ ကြိုးစားသင့်သလဲ။
၁၇ ဘုရားသခင့်လူမျိုးရဲ့စည်းလုံးမှုက ယေဟောဝါရဲ့ဘုန်းတန်ခိုးကို ထင်ရှားစေတယ်။ စည်းလုံးမှုတိုးပွားစေဖို့ ကိုယ်တော့်စွမ်းအားတော်က ကျွန်ုပ်တို့ကို နည်းအမျိုးမျိုးနဲ့ လှုံ့ဆော်ပေးတယ်။ စွမ်းအားတော်ရဲ့ဦးဆောင်မှုကို ကျွန်ုပ်တို့မဆန့်ကျင်လိုကြတာ သေချာတယ်။ ပေါလုက “ဘုရားသခင်၏ သန့်ရှင်းသောစွမ်းအားတော်ကို ဝမ်းမနည်းစေကြနှင့်” လို့ရေးခဲ့တယ်။ (ဧ. ၄:၃၀) စည်းလုံးမှုက ကာကွယ်ထိုက်တဲ့ ရတနာတစ်ပါးဖြစ်တယ်။ စည်းလုံးမှုရှိတဲ့သူတွေက ပျော်ရွှင်ကြပြီး ဘုရားသခင့်ဘုန်းကို ထင်ရှားစေတယ်။ “ထို့ကြောင့် ချစ်မြတ်နိုးခံရသော သားသမီးများဖြစ်သည်နှင့်အညီ ဘုရားသခင်ကို တုပကြလော့။ . . . ချစ်ခြင်းမေတ္တာ၌ လျှောက်လှမ်းနေကြလော့။”—ဧ. ၅:၁၊ ၂။
သင် ဘယ်လိုဖြေဆိုမလဲ
• ဘယ်စရိုက်သစ်က ခရစ်ယာန်တွေကို ပိုစည်းလုံးစေသလဲ။
• ကျွန်ုပ်တို့ရဲ့ အမူအကျင့်က ဘယ်လိုနည်းနဲ့ အသင်းတော်ကို ပိုစည်းလုံးစေသလဲ။
• တခြားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရာမှာ ကျွန်ုပ်တို့ရဲ့ အပြောအဆိုက ဘယ်လိုကူညီပေးနိုင်သလဲ။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၇ ပါရုပ်ပုံ]
နောက်ခံအမျိုးမျိုးရှိတဲ့လူတွေ စည်းလုံးနေကြ
[စာမျက်နှာ ၁၈ ပါရုပ်ပုံ]
ပရောပရည်လုပ်ခြင်းရဲ့ အန္တရာယ်ကို သင်သိသလား