မိမိလူမျိုးကို ဘယ်လိုကယ်နုတ်ရမယ် ဆိုတာ ယေဟောဝါသိ
မိမိလူမျိုးကို ဘယ်လိုကယ်နုတ်ရမယ် ဆိုတာ ယေဟောဝါသိ
‘ယေဟောဝါသည် ဘုရားတရား ဆည်းကပ်သူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းထဲက မည်သို့ ကယ်နုတ်ရမည်ကို သိတော်မူ၏။’—၂ ပေ. ၂:၉။
ကျွန်ုပ်တို့ ဘာကြောင့် အောက်ပါအချက်တွေကို ယုံကြည်စိတ်ချနိုင်သလဲ
ယေဟောဝါဟာ မိမိရဲ့ရည်ရွယ်ချက်တွေပြည့်စုံလာဖို့ အဖြစ်အပျက်တွေ ဖြစ်ပျက်ရမယ့်အချိန်ကို ထိန်းချုပ်နိုင်တယ်။
ယေဟောဝါက မိမိလူမျိုးကို ကယ်တင်ဖို့ မိမိရဲ့တန်ခိုးကို အသုံးပြုဖို့ အသင့်ရှိတယ်။
ကြီးစွာသောဒုက္ခအတွင်းမှာ ဖြစ်ပျက်လာမယ့်အဖြစ်အပျက်တွေကို ယေဟောဝါ အတိအကျ သိရှိတယ်။
၁။ “ကြီးစွာသောဒုက္ခ” ကာလအတွင်းမှာ ကမ္ဘာကြီးက ဘယ်လိုဖြစ်နေမလဲ။
စာတန့်လောက ပျက်စီးခြင်းရဲ့အစက လူတွေမမျှော်လင့်တဲ့အချိန်မှာ ရုတ်တရက်ရောက်လာမှာဖြစ်တယ်။ (၁ သက်. ၅:၂၊ ၃) “ကြီးစွာသောဒုက္ခ” အတွင်းမှာ ကမ္ဘာကြီးတစ်ခုလုံးက ရှုပ်ယှက်ခတ်ပြီး ဗြောင်းဆန်သွားမှာဖြစ်တယ်။ (ဇေ. ၁:၁၄-၁၇) အဲဒီအချိန်မှာ ဆင်းရဲဒုက္ခတွေ၊ ဘေးအန္တရာယ်တွေ အများကြီးကြုံတွေ့ရမှာဖြစ်ပြီး ကျမ်းစာမှာဖော်ပြထားတဲ့အတိုင်း “ဤလောကတည်ချိန်မှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်လည်းဖြစ်မည်မဟုတ်သည့် ကြီးစွာသောဒုက္ခ” ကာလ ဖြစ်ပါလိမ့်မယ်။—မဿဲ ၂၄:၂၁၊ ၂၂ ကိုဖတ်ပါ။
၂၊ ၃။ (က) “ကြီးစွာသောဒုက္ခ” အတွင်းမှာ ဘုရားသခင့်လူမျိုး ဘာတွေကို ကြုံတွေ့ရမလဲ။ (ခ) ယေဟောဝါရဲ့ကယ်တင်နိုင်စွမ်းအပေါ် ကျွန်ုပ်တို့ရဲ့ယုံကြည်စိတ်ချမှုကို ဘာက ပိုခိုင်ခံ့စေနိုင်သလဲ။
၂ ကြီးစွာသောဒုက္ခ ပြီးဆုံးခါနီးမှာ ဘုရားသခင့်လူမျိုးခံရမယ့် နောက်ဆုံးတိုက်ခိုက်မှုအကြောင်း ယေဇကျေလ ကြိုတင်ပရောဖက်ပြုခဲ့တယ်။ ဒါက “မာဂေါဂပြည်သား ဂေါဂမင်း” ရဲ့ တိုက်ခိုက်မှုဖြစ်တယ်။ “အားကြီးသောစစ်သူရဲအပေါင်း” က “ပြည်ကိုမိုးအုံ့သကဲ့သို့” ဘုရားသခင့်လူမျိုးကို တိုက်ခိုက်မှာဖြစ်တယ်။ (ယေဇ. ၃၈:၂၊ ၁၄-၁၆) ဘယ် လူ့အဖွဲ့အစည်းကမှ ယေဟောဝါရဲ့လူမျိုးကို ကူညီမှာမဟုတ်ဘူး။ သူတို့က ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ယုံကြည်အားကိုးဖို့လိုတယ်။ ရန်သူတွေက ယေဟောဝါရဲ့လူတွေကို အမြစ်မကျန်ချေမှုန်းဖို့ လာတဲ့အခါ သူတို့ ဘယ်လိုတုံ့ပြန်ကြမလဲ။
၃ သင်က ယေဟောဝါရဲ့ကျေးကျွန်တစ်ယောက်ဖြစ်တယ်ဆိုရင် ကြီးစွာသောဒုက္ခအတွင်းမှာ ယေဟောဝါက မိမိရဲ့လူတွေကို ကယ်တင်နိုင်တယ်၊ ကယ်တင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ခြင်းမျိုး သင့်မှာရှိသလား။ တမန်တော်ပေတရု ဒီလိုရေးခဲ့တယ်– ‘ယေဟောဝါသည် ဘုရားတရားဆည်းကပ်သူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ မည်သို့ကယ်နုတ်ရမည်ကို သိတော်မူ၏။ မဖြောင့်မတ်သောသူတို့ကိုမူ တရားစီရင်ရာနေ့၌ ပြစ်ဒဏ်ခံစေရန် ထားတော်မူ၏။’ (၂ ပေ. ၂:၉) အတိတ်ကာလတုန်းက မိမိရဲ့ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လိုကယ်တင်ခဲ့တယ်ဆိုတာကို လေ့လာသုံးသပ်ခြင်းက ယေဟောဝါရဲ့ကယ်တင်နိုင်စွမ်းအပေါ် ကျွန်ုပ်တို့ရဲ့ယုံကြည်စိတ်ချမှုကို ပိုခိုင်ခံ့စေပါလိမ့်မယ်။ ပုံနမူနာသုံးခုကို ဆွေးနွေးကြည့်ကြစို့။
ရေလွှမ်းမိုးဘေးကနေ ကယ်တင်ခံရ
၄။ ရေလွှမ်းမိုးဘေး မကျရောက်ခင် ဘယ်အလုပ်တွေ ပြီးစီးဖို့လိုသလဲ။
၄ ဦးဆုံး၊ နောဧခေတ် ရေလွှမ်းမိုးဘေးမှတ်တမ်းကို သုံးသပ်ကြည့်ကြစို့။ ရေလွှမ်းမိုးဘေး မကျရောက်ခင်မှာ ပြီးစီးရမယ့် အလုပ်တချို့ရှိတယ်။ သင်္ဘောကြီးတစ်စင်း တည်ဆောက်ပြီး တိရစ္ဆာန်တွေကို ဘေးအန္တရာယ်ကင်းကင်းနဲ့ သင်္ဘောထဲရောက်အောင် သွင်းရမှာဖြစ်တယ်။ ရေလွှမ်းမိုးဘေး ကျရောက်မယ့်အချိန်ကို သတ်မှတ်ဖို့ သင်္ဘောကြီးဆောက်ပြီးတဲ့အထိ ယေဟောဝါ စောင့်ခဲ့တယ်လို့ ကမ္ဘာဦးကျမ်းမှာ မဖော်ပြထားဘူး။ သင်္ဘောကြီးအချိန်မီ ပြီးပါ့မလားလို့ စိုးရိမ်စရာမလိုဘဲ ရေလွှမ်းမိုးဘေး စတင်မယ့်အချိန်ကို ယေဟောဝါ သတ်မှတ်နိုင်ခဲ့တယ်။ တကယ်တော့ ဘုရားသခင်က သင်္ဘောဆောက်ဖို့ နောဧကိုမပြောခင် အချိန်အတော်ကြာကတည်းက ရေလွှမ်းမိုးဘေး စတင်မယ့်အချိန်ကို သတ်မှတ်ပြီးသားဖြစ်တယ်။ ဒါကို ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။
၅။ ကမ္ဘာဦး ၆:၃ မှာမှတ်တမ်းတင်ထားတဲ့ ဘယ်ကြေညာချက်ကို ယေဟောဝါကြေညာခဲ့သလဲ။ ဘယ်အချိန်မှာလဲ။
၅ ယေဟောဝါက ကောင်းကင်မှာ အမိန့်တစ်ခုချမှတ်ခဲ့တယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ ကမ္ဘာဦး ၆:၃ (ကဘ) မှာကိုယ်တော်က “လူဟာ အသွေးအသားပဲဖြစ်တဲ့အတွက် သူ့ကို ငါ အမြဲ သည်းခံနေမှာမဟုတ်ဘူး။ ဒါကြောင့် လူ့သက်တမ်းက ၁၂၀ ဖြစ်ရမယ်” လို့ပြောခဲ့တယ်။ ဒါက လူတွေရဲ့ပျမ်းမျှသက်တမ်းအကြောင်း ပြောနေတာမဟုတ်ဘူး။ မြေကြီးပေါ်မှာရှိတဲ့ ဆိုးသွမ်းမှုအားလုံးကို ဖျက်ဆီးပစ်မယ့်အချိန်ကို ယေဟောဝါ ပြောနေခြင်းဖြစ်တယ်။ * ရေလွှမ်းမိုးဘေးက ဘီစီ ၂၃၇၀ မှာစတယ်။ ဒါကြောင့် ဘုရားသခင်က ဘီစီ ၂၄၉၀ မှာ ဒီကြေညာချက်ကို ကြေညာတာဖြစ်ရမယ်။ အဲဒီအချိန်မှာ နောဧအသက်က ၄၈၀ ဖြစ်တယ်။ (က. ၇:၆) ဒီကြေညာချက်ကိုပြောပြီး အနှစ် ၂၀ လောက်ဖြစ်တဲ့ ဘီစီ ၂၄၇၀ ကစပြီး နောဧရဲ့သားတွေ မွေးဖွားလာတယ်။ (က. ၅:၃၂) နောဧရဲ့သားသုံးယောက် မွေးပြီးတဲ့နောက် ရေလွှမ်းမိုးဘေးကျရောက်ဖို့ အနှစ် ၁၀၀ လောက်လိုသေးတယ်။ ဒါပေမဲ့ ယေဟောဝါက လူတွေကိုကယ်တင်ဖို့ နောဧလုပ်ရမယ့် အထူးတာဝန်အကြောင်း သူ့ကို မပြောပြသေးဘူး။ နောဧကိုပြောပြဖို့ ဘုရားသခင် အချိန်ဘယ်လောက်စောင့်ခဲ့သလဲ။
၆။ သင်္ဘောဆောက်ဖို့ နောဧကို ယေဟောဝါအမိန့်ပေးတာ ဘယ်အချိန်လောက်မှာလဲ။
၆ ယေဟောဝါက သူလုပ်ဆောင်မယ့်အရာတွေအကြာင်း နောဧကိုပြောပြဖို့ နောဧရဲ့သားတွေမွေးပြီး နှစ်အတော်ကြာတဲ့အထိ စောင့်ခဲ့ပုံရတယ်။ ကျွန်ုပ်တို့ ဘာကြောင့် အဲဒီလိုပြောသလဲ။ သင်္ဘောဆောက်ဖို့ နောဧကို ဘုရားသခင်အမိန့်ပေးတဲ့အချိန်မှာ နောဧသားတွေက အရွယ်ရောက်နေပြီး အိမ်ထောင်ကျနေပြီလို့ ကျမ်းစာမှာဖော်ပြထားတယ်။ ယေဟောဝါက နောဧကို ဒီလိုပြောတယ်– “သင်နဲ့ ငါပဋိညာဉ်ဖွဲ့မယ်။ သင်၊ သင့်သားတွေ၊ သင့်ဇနီး၊ သင့်ချွေးမတွေက သင်နဲ့အတူ သင်္ဘောထဲဝင်ရမယ်။” (က. ၆:၉-၁၈၊ ကဘ) ဒါကြောင့် နောဧကို သင်္ဘောဆောက်ဖို့ပြောတာက ရေလွှမ်းမိုးဘေးမကျရောက်ခင် အနှစ် ၄၀ ဒါမှမဟုတ် ၅၀ လောက်ကဖြစ်နိုင်တယ်။
၇။ (က) နောဧနဲ့ သူ့မိသားစုက ယုံကြည်ခြင်းကို ဘယ်လိုဖော်ပြခဲ့သလဲ။ (ခ) ရေလွှမ်းမိုးဘေးစမယ့်အချိန် အတိအကျကို ဘုရားသခင် ဘယ်အချိန်မှာ နောဧကို ပြောခဲ့သလဲ။
၇ နောဧနဲ့သူ့မိသားစုက သင်္ဘောဆောက်နေရင်းနဲ့ ရေလွှမ်းမိုးဘေးကို ဘုရားသခင် ဘယ်လိုကျရောက်စေမလဲ၊ ရေလွှမ်းမိုးဘေး ဘယ်အချိန်မှာ စတင်မလဲဆိုတာ စဉ်းစားနေမှာပဲ။ ဒီအသေးစိတ်အချက်အလက်တွေကို သူတို့မသိရပေမဲ့ သင်္ဘောဆက်ဆောက်ခြင်းအားဖြင့် သူတို့ရဲ့ယုံကြည်ခြင်းကို ဖော်ပြခဲ့ကြတယ်။ သမ္မာကျမ်းစာမှာ “မှာထားတော်မူသည်အတိုင်းလည်း နောဧပြုလေ၏” လို့ဖော်ပြထားတယ်။ (က. ၆:၂၂) နောက်ဆုံးမှာတော့ နောက်ခုနစ်ရက်ကြာရင် ရေလွှမ်းမိုးဘေး စတော့မယ်လို့ နောဧကို ယေဟောဝါ ပြောခဲ့တယ်။ ဒီခုနစ်ရက်က တိရစ္ဆာန်တွေကို သင်္ဘောထဲသွင်းဖို့ နောဧနဲ့ သူ့မိသားစုအတွက် အချိန်လောက်ရုံလေးပဲရှိခဲ့တယ်။ ဒါနဲ့ “နောဧအသက် ခြောက်ရာစေ့သောနှစ်၊ ဒုတိယလ၊ ဆယ့်ခုနစ်ရက်နေ့” မှာ မိုးစရွာတဲ့အခါ လုပ်စရာတွေအားလုံး ပြီးစီးနေပြီ။—က. ၇:၁-၅၊ ၁၁။
၈။ ဒီလောကစနစ်အဆုံးမှာ မိမိလူမျိုးကို ဘယ်အချိန်မှာကယ်တင်ရမယ်ဆိုတာ ယေဟောဝါသိရှိကြောင်း ရေလွှမ်းမိုးဘေးမှတ်တမ်းက ဘယ်လိုသိရှိစေသလဲ။
၈ ယေဟောဝါက မိမိလူမျိုးကိုကယ်တင်ဖို့ အကောင်းဆုံးအချိန်နဲ့ အကောင်းဆုံးနည်းလမ်းကို အမြဲသိတယ်ဆိုတဲ့မ. ၂၄:၃၆; ဟဗက္ကုတ် ၂:၃ ကိုဖတ်ပါ။
အချက်ကို ရေလွှမ်းမိုးဘေးမှတ်တမ်းက အထင်အရှားဖော်ပြတယ်။ ဒီလောကစနစ်ကုန်ဆုံးဖို့ နီးလာတာနဲ့အမျှ ယေဟောဝါရဲ့ရည်ရွယ်ချက်အားလုံးဟာ ကိုယ်တော်သတ်မှတ်ထားတဲ့ “အချိန်နာရီ” အတိအကျမှာ ဧကန်အမှန် ဖြစ်ပျက်လာမယ်ဆိုတာ ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါတယ်။—ပင်လယ်နီမှ ကယ်လွှတ်ခံရ
၉၊ ၁၀။ အီဂျစ်စစ်တပ်ကို ချောင်ပိတ်မိစေဖို့ ယေဟောဝါ မိမိလူမျိုးကို ဘယ်လို အသုံးပြုခဲ့သလဲ။
၉ ယေဟောဝါဟာ မိမိရဲ့ရည်ရွယ်ချက်တွေပြည့်စုံစေဖို့ အဖြစ်အပျက်တွေ ဖြစ်ပျက်ရမယ့်အချိန်ကို ထိန်းချုပ်ထားကြောင်း ရေလွှမ်းမိုးဘေးမှတ်တမ်းကနေ သိရှိခဲ့ကြတယ်။ ဒုတိယပုံနမူနာက ယေဟောဝါဟာ မိမိရဲ့အလိုတော်ပြည့်စုံဖို့နဲ့ မိမိရဲ့လူမျိုးကို ကယ်တင်ဖို့ အတိုင်းအဆမဲ့တန်ခိုးကို အသုံးပြုမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ကြောင်း ဖော်ပြပါလိမ့်မယ်။ ယေဟောဝါဟာ မိမိရဲ့လူတွေကို အမြဲကယ်တင်နိုင်တယ်။ ဒါပေမဲ့ တစ်ခါတလေမှာ ရန်သူတွေကိုလှည့်စားဖို့အတွက် မိမိလူမျိုးကို အန္တရာယ်ကျရောက်တော့မယ့်အခြေအနေမျိုး ကြုံတွေ့ဖို့ ကိုယ်တော်ခွင့်ပြုတယ်။ အစ္စရေးလူမျိုးကို အီဂျစ်ပြည်ရဲ့ကျွန်ဘဝကနေ ကယ်ထုတ်လာတုန်းက အဲဒီအတိုင်း ဖြစ်ပျက်ခဲ့တယ်။
၁၀ အစ္စရေးလူမျိုး သုံးသန်းခန့် အီဂျစ်ပြည်ကနေ ထွက်လာကြတယ်။ အစ္စရေးလူတွေ လမ်းပျောက်ပြီး ယောင်လည်လည်ဖြစ်နေပြီလို့ ဖာရောထင်သွားစေတဲ့လမ်းကနေ ဦးဆောင်ခေါ်သွားဖို့ မောရှေကို ယေဟောဝါပြောခဲ့တယ်။ (ထွက်မြောက်ရာ ၁၄:၁-၄ ကိုဖတ်ပါ။) ဒါနဲ့ ဖာရောနဲ့သူ့စစ်တပ်ဟာ အစ္စရေးလူတွေကို ပင်လယ်နီမှာ ချောင်ပိတ်ပြီးဖမ်းဖို့ သူတို့နောက်ကနေ လိုက်ခဲ့ကြတယ်။ အစ္စရေးလူတွေမှာ လွတ်လမ်းမရှိတဲ့ပုံ ပေါက်နေတယ်။ (ထွ. ၁၄:၅-၁၀) ဒါပေမဲ့ အစ္စရေးလူတွေ တကယ့်အန္တရာယ်နဲ့ မကြုံတွေ့ခဲ့ကြဘူး။ ဘာကြောင့်လဲ။ ယေဟောဝါက သူတို့ကိုကယ်တင်ဖို့ အဆင်သင့်ရှိခဲ့လို့ပဲ။
၁၁၊ ၁၂။ (က) အစ္စရေးလူတွေကို ယေဟောဝါ ဘယ်လို ကူညီခဲ့သလဲ။ ဘာ ရလဒ်ရခဲ့သလဲ။ (ခ) ဒီမှတ်တမ်းက ကျွန်ုပ်တို့ကို ဘာသင်ပေးသလဲ။
၁၁ အစ္စရေးလူတွေကို ရှေ့ကနေလမ်းပြတဲ့ “မိုးတိမ်တိုင်” က အနောက်ဘက်ရွေ့သွားပြီး အီဂျစ်လူတွေရဲ့လမ်းကို ပိတ်လိုက်တယ်။ မိုးတိမ်တိုင်က အီဂျစ်လူတွေကို အမှောင်ကျစေပြီး အစ္စရေးလူတွေကိုတော့ ညမှာတောင် အလင်းပေးတယ်။ (ထွက်မြောက်ရာ ၁၄:၁၉၊ ၂၀ ကိုဖတ်ပါ။) ပြီးတဲ့နောက် ယေဟောဝါက အားကြီးတဲ့လေနဲ့ ပင်လယ်နီကို နှစ်ခြမ်းခွဲလိုက်လို့ မြစ်ကြမ်းပြင်က ခြောက်သွေ့တဲ့မြေပြင်ဖြစ်သွားတယ်။ ဒါတွေဖြစ်ဖို့ အချိန်အတော်ကြာမှာ ဖြစ်တယ်၊ ဘာကြောင့်လဲဆိုတော့ “တစ်ညလုံး အရှေ့လေပြင်းတိုက်စေတဲ့အတွက်” “အစ္စရေးတွေက ပင်လယ်အလယ် ခြောက်သွေ့တဲ့မြေပေါ် ဖြတ်လျှောက်သွားကြတယ်” လို့ မှတ်တမ်းကဖော်ပြတယ်။ အစ္စရေးလူတွေက အီဂျစ်စစ်ရထားတွေနဲ့စာရင် ဖြည်းဖြည်းပဲသွားကြတယ်။ ဒါပေမဲ့ အီဂျစ်စစ်တပ်က အစ္စရေးလူတွေကိုမီအောင် မလိုက်နိုင်ဘူး၊ အကြောင်းကတော့ ယေဟောဝါက မိမိလူမျိုးအတွက် တိုက်ခိုက်ပေးလို့ပဲ။ “အီဂျစ်တပ်ကိုကြည့်ပြီး သူတို့ကို ဖရိုဖရဲဖြစ်စေတယ်။ ကိုယ်တော်က မြင်းရထားဘီးတွေကို ကျွတ်ထွက်စေတဲ့အတွက် သူတို့ ခက်ခက်ခဲခဲ မောင်းရတယ်။”—ထွ. ၁၄:၂၁-၂၅၊ ကဘ။
၁၂ အစ္စရေးလူတွေ တစ်ဖက်ကမ်းကို ဘေးမသီရန်မခ ချောချောမောမော ရောက်သွားပြီ၊ အဲဒီအခါမှာ ယေဟောဝါက မောရှေကို “ရေပြန်စီးလာပြီး အီဂျစ်တွေနဲ့ သူတို့ရဲ့စစ်မြင်းရထားတွေ၊ မြင်းစီးသူရဲတွေပေါ် လွှမ်းမိုးစေဖို့ သင့်လက်ကို ပင်လယ်ပေါ် ဆန့်လိုက်ပါ” လို့ပြောတယ်။ ရေပြန်စီးလာလို့ စစ်သားတွေ ထွက်ပြေးဖို့ကြိုးစားတဲ့အခါ “ယေဟောဝါက သူတို့ကို ပင်လယ်ထဲ ခါချပစ်တယ်။” သူတို့မှာ လွတ်လမ်းမရှိတော့ဘူး။ “သူတို့တစ်ယောက်မှ မလွတ်ဘူး။” (ထွ. ၁၄:၂၆-၂၈၊ ကဘ) ဘယ်လိုအခြေအနေမျိုးမှာမဆို မိမိရဲ့လူမျိုးကို ကယ်တင်နိုင်တဲ့တန်ခိုးရှိတယ်ဆိုတာ ယေဟောဝါ ပြသခဲ့တယ်။
ဂျေရုဆလင်မြို့ ပျက်စီးခြင်းဘေးကနေ တချို့ လွတ်မြောက်ခဲ့ကြ
၁၃။ ယေရှု ဘယ်ညွှန်ကြားချက်ပေးခဲ့သလဲ။ ယေရှုရဲ့နောက်လိုက်တွေ ဘယ်အချက်ကို သိချင်ခဲ့ကြမလဲ။
၁၃ ကျွန်ုပ်တို့လေ့လာမယ့် တတိယပုံနမူနာကတော့ ပထမရာစုမှာ ဂျေရုဆလင်ကို ရောမစစ်တပ်တိုက်ခိုက်တုန်းက ဖြစ်ပျက်တဲ့ အဖြစ်အပျက်ဖြစ်တယ်။ မိမိရဲ့ရည်ရွယ်ချက်ပြည့်စုံဖို့အတွက် အဖြစ်အပျက်တွေ ဘယ်လိုဖြစ်ပျက်လာမယ်ဆိုတာကို ယေဟောဝါ အတိအကျသိတယ်ဆိုတာ ဒီပုံနမူနာက ဖော်ပြတယ်။ အေဒီ ၇၀ မှာ ဂျေရုဆလင်မပျက်ဆီးခင် ဂျေရုဆလင်မြို့နဲ့ ယုဒနယ်မှာနေထိုင်တဲ့ ခရစ်ယာန်တွေကို ညွှန်ကြားချက်ပေးဖို့ ယေရှုကို ယေဟောဝါအသုံးပြုခဲ့တယ်။ “သန့်ရှင်းရာအရပ်” မှာ “ဖျက်ဆီးတတ်သောရွံရှာဖွယ်ရာ” ရောက်ရှိနေတာကို မြင်တဲ့အခါ “တောင်ပေါ်သို့ပြေး” ဖို့ ယေရှု သူတို့ကိုပြောခဲ့တယ်။ (မ. ၂၄:၁၅၊ ၁၆) ဒါပေမဲ့ ဒီပရောဖက်ပြုချက်ပြည့်စုံတာကို ယေရှုရဲ့နောက်လိုက်တွေ ဘယ်လိုသိရမလဲ။
၁၄။ ယေရှုညွှန်ကြားချက်ရဲ့အဓိပ္ပာယ်ကို နားလည်စေတဲ့ ဘယ်အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့သလဲ။
၁၄ နှစ်ပေါင်းအတော်ကြာတဲ့အခါ ယေရှုပြောခဲ့တဲ့စကားရဲ့အဓိပ္ပာယ်ကို သူတို့နားလည်လာတယ်။ အေဒီ ၆၆ မှာ စက်စ်တီးယပ်စ် ဂဲလပ်စ်ဟာ ဂျူးပုန်ကန်သူတွေကို နှိမ်နင်းဖို့ ရောမစစ်တပ်ကို ဦးဆောင်ပြီး ဂျေရုဆလင်မြို့ကို ချီတက်လာတယ်။ ဇီးလော့ထ်လို့ခေါ်တဲ့ ဂျူးသူပုန်တွေ ဗိမာန်တော်မှာ ပုန်းခိုနေတယ်ဆိုတာ သတင်းရလို့ ရောမစစ်တပ်က ဗိမာန်တော်တံတိုင်းကို စဖြိုခဲ့ကြတယ်။ ယေရှုညွှန်ကြားချက်ကိုသတိရတဲ့ ခရစ်ယာန်တွေက ဒီအဖြစ်အပျက်အားလုံးရဲ့ အဓိပ္ပာယ်ကို နားလည်တယ်။ ရုပ်ပုံတွေပါတဲ့အလံတွေကို သယ်ဆောင်လာတဲ့ အယူမှားရောမစစ်တပ်က ဂျေရုဆလင်ဗိမာန်တော်တံတိုင်းနားအထိ ရောက်လာတာဟာ “သန့်ရှင်းရာအရပ်” မှာ “ဖျက်ဆီးတတ်သောရွံရှာဖွယ်ရာ” ရောက်ရှိနေခြင်းဖြစ်ကြောင်း သူတို့ နားလည်သဘောပေါက်ကြတယ်။ ဒီအချိန်က ယေရှုရဲ့နောက်လိုက်တွေ “တောင်ပေါ်သို့ပြေး” ရမယ့်အချိန်ပဲ။ ဒါပေမဲ့ ရန်သူတွေဝိုင်းရံနေတဲ့ မြို့ကနေ သူတို့ ဘယ်လိုထွက်ပြေးကြမလဲ။ ဘယ်လိုမှမထင်မှတ်ထားတဲ့အရာတစ်ခု ဖြစ်ပျက်ခဲ့တယ်။
၁၅၊ ၁၆။ (က) ဘယ်ရှင်းလင်းတဲ့ညွှန်ကြားချက်ကို ယေရှုပေးခဲ့သလဲ။ ယေရှုရဲ့နောက်လိုက်တွေ ဒီညွှန်ကြားချက်ကို လိုက်နာဖို့ ဘာကြောင့် အရမ်းအရေးကြီးခဲ့သလဲ။ (ခ) ကယ်တင်ခံရဖို့ ကျွန်ုပ်တို့ ဘာလုပ်ဖို့လိုသလဲ။
မဿဲ ၂၄:၁၇၊ ၁၈ ကိုဖတ်ပါ။) ယေရှုရဲ့စကားကိုနာခံပြီး မြို့ထဲကနေ ချက်ချင်းထွက်ဖို့ အရမ်းအရေးကြီးခဲ့တယ်။ ဘာကြောင့်လဲ။ နောက်ရက်အနည်းငယ်အတွင်းမှာပဲ ဂျူးသူပုန်တွေပြန်လာပြီး ဂျေရုဆလင်မြို့နဲ့ ယုဒနယ်မှာရှိတဲ့လူတွေကို ပုန်ကန်မှုမှာ ပူးပေါင်းပါဝင်ဖို့ အတင်းအကျပ် လုပ်ဆောင်ခဲ့ကြတယ်။ ဂျူးသူပုန်အဖွဲ့တွေက အာဏာရဖို့ အပြိုင်အဆိုင် ကြိုးစားကြလို့ ရုတ်တရက်ဆိုသလိုပဲ မြို့က ကစဉ့်ကလျားဖြစ်ပြီး ရှုပ်ယှက်ခတ်ကုန်တယ်။ ဒါကြောင့် မြို့ထဲကနေထွက်ဖို့ ပိုပိုခက်ခဲလာတယ်။ အေဒီ ၇၀ မှာ ရောမတွေပြန်ရောက်တဲ့အခါ ဂျေရုဆလင်မြို့ထဲကနေထွက်ဖို့ မဖြစ်နိုင်တော့ဘူး။ (လု. ၁၉:၄၃) မြို့ထဲမှာနေခဲ့တဲ့သူတွေ ပိတ်မိသွားတယ်။ ဒါပေမဲ့ ယေရှုရဲ့ညွှန်ကြားချက်တွေကို နားထောင်ပြီး တောင်ပေါ်ကိုထွက်ပြေးသွားတဲ့ ခရစ်ယာန်တွေက လွတ်မြောက်သွားတယ်။ မိမိရဲ့လူတွေကို ဘယ်လိုကယ်တင်ရမယ်ဆိုတာ ယေဟောဝါ သိတယ်ဆိုတဲ့အချက်ကို သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်။ ဒီမှတ်တမ်းကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။
၁၅ အံ့ဩစရာကောင်းတာက စက်စ်တီးယပ်စ် ဂဲလပ်စ်နဲ့ သူ့ရဲ့စစ်သားတွေဟာ ပြန်ဆုတ်ခွာသွားခဲ့ကြတယ်။ ဂျူးသူပုန်တွေက သူတို့နောက်လိုက်ပြီး တိုက်ခိုက်ခဲ့ကြတယ်။ အခု မြို့ထဲမှာ ရောမစစ်တပ်နဲ့ ဂျူးသူပုန်တွေ မရှိတော့တဲ့အတွက် ယေရှုရဲ့နောက်လိုက်တွေ ထွက်ပြေးဖို့ အခွင့်အရေးရသွားတယ်။ ပစ္စည်းတွေမယူဘဲ မြို့ထဲကနေချက်ချင်းထွက်ဖို့ ယေရှု သူတို့ကို တိတိကျကျ ညွှန်ကြားခဲ့တယ်။ (၁၆ ကြီးစွာသောဒုက္ခအတွင်းမှာ ခရစ်ယာန်တွေဟာ သမ္မာကျမ်းစာနဲ့ အဖွဲ့အစည်းရဲ့ညွှန်ကြားချက်တွေကို နာခံဖို့လိုမှာဖြစ်တယ်။ ဥပမာ၊ ယေရှုက မိမိရဲ့နောက်လိုက်တွေကို “တောင်ပေါ်သို့ပြေး” ဖို့ ညွှန်ကြားခဲ့တယ်။ ကျွန်ုပ်တို့လည်း ကြီးစွာသောဒုက္ခအတွင်းမှာ “ပြေး” ဖို့ ညွှန်ကြားချက်တွေရမှာဖြစ်တယ်။ ဘယ်လိုပြေးကြမလဲ။ အခုအချိန်မှာတော့ အတိအကျ မသိရသေးဘူး။ * ဒါပေမဲ့ အချိန်ကျတဲ့အခါ ယေဟောဝါက အဲဒီညွှန်ကြားချက်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း အသိပေးမယ်ဆိုတာ ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါတယ်။ အဲဒီအချိန်မှာရရှိမယ့် ညွှန်ကြားချက်တွေကို လိုက်နာမှသာ ကျွန်ုပ်တို့ကယ်တင်ခံရမှာဖြစ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးသင့်တယ်– ‘အခုအချိန်မှာ မိမိရဲ့လူမျိုးကို ယေဟောဝါပေးနေတဲ့ ညွှန်ကြားချက်တွေကို ငါလိုက်သလား။ ငါ ချက်ချင်းနာခံသလား ဒါမှမဟုတ် တုံ့နှေးနေသလား။’—ယာ. ၃:၁၇။
အနာဂတ်အတွက် ခွန်အားဖြည့်တင်းခံရ
၁၇။ ဘုရားသခင့်လူမျိုးကို ဂေါဂတိုက်ခိုက်ခြင်းနဲ့ပတ်သက်တဲ့ ဟဗက္ကုတ်ရဲ့ ပရောဖက်ပြုချက်ကနေ ကျွန်ုပ်တို့ ဘာသိရှိရသလဲ။
၁၇ အခု ဆောင်းပါးအစပိုင်းမှာဖော်ပြခဲ့တဲ့ ဂေါဂရဲ့တိုက်ခိုက်မှုအကြောင်း ပြောကြစို့။ ယေဇကျေလလိုပဲ ပရောဖက်ဟဗက္ကုတ်လည်း အဲဒီအချိန်အကြောင်း ဒီလိုပြောခဲ့တယ်– “တရားစီရင်ချက်သတင်းကို ငါကြားတဲ့အခါ ငါ့အသည်းနှလုံးက တလှပ်လှပ်ခုန်ပြီး ငါ့နှုတ်ခမ်းတွေက တဆတ်ဆတ်တုန်နေတယ်။ ငါ့အရိုးတွေက ဆွေးမြည့်ကုန်တယ်။ ငါ့အခြေအနေက ကြောက်စရာကောင်းလိုက်တာ။ ဒါကြောင့် ဒုက္ခနေ့ရက်ကို ငါ ငြိမ်ငြိမ်လေးစောင့်နေပါ့မယ်။ အဲဒီနေ့က ရန်သူတွေကို စီးနင်းတိုက်ခိုက်တဲ့သူလို လာလိမ့်မယ်။” (ဟဗ. ၃:၁၆၊ ကဘ) ဘုရားသခင့်လူမျိုးကို ရန်သူတွေလာတိုက်တယ်ဆိုတာကို ဟဗက္ကုတ်ကြားတဲ့အခါ သူ့အသည်းနှလုံးတွေ တလှပ်လှပ်ခုန်လာပြီး နှုတ်ခမ်းတွေက တဆတ်ဆတ်တုန်လာတယ်၊ ခန္ဓာကိုယ်က အားပြတ်သွားတယ်။ ဒါပေမဲ့ သူက ယေဟောဝါရဲ့နေ့ကြီးကို “ငြိမ်ငြိမ်လေးစောင့်နေ” ဖို့ တလိုတလားရှိခဲ့တယ်။ ဂေါဂနဲ့ သူ့နောက်လိုက်တွေ ကျွန်ုပ်တို့ကို တိုက်ခိုက်လာတဲ့အခါမှာ ကျွန်ုပ်တို့လည်း ကြောက်ရွံ့ထိတ်လန့်ကြမှာဖြစ်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့လည်း ဟဗက္ကုတ်လိုပဲ မိမိလူမျိုးကို ယေဟောဝါ ကယ်တင်မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။—ဟဗ. ၃:၁၈၊ ၁၉။
၁၈။ (က) ကျွန်ုပ်တို့ရဲ့ရန်သူတွေ တိုက်ခိုက်လာတဲ့အခါ ဘာကြောင့် မကြောက်ရွံ့သင့်သလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာအကြောင်းသုံးသပ်ကြမလဲ။
၁၈ ကျွန်ုပ်တို့ လေ့လာသုံးသပ်ခဲ့တဲ့ ပုံနမူနာသုံးခုက ယေဟောဝါဟာ မိမိရဲ့လူမျိုးကို ဘယ်လိုကယ်တင်ရမယ်ဆိုတာ သိတဲ့အကြောင်း သံသယရှိစရာမလိုဘူးဆိုတာ ဖော်ပြတယ်။ ကိုယ်တော့်ရည်ရွယ်ချက်တွေ ပြည့်စုံလာမယ်၊ ရန်သူတွေကို ကိုယ်တော် အောင်နိုင်မှာဖြစ်တယ်။ ယေဟောဝါ အောင်ပွဲခံတဲ့အချိန်မှာ ကျွန်ုပ်တို့ ရှိနေချင်တယ်ဆိုရင် အဆုံးအထိ သစ္စာရှိရမှာဖြစ်တယ်။ ကျွန်ုပ်တို့ ဆက်သစ္စာတည်ကြည်ဖို့ အခုအချိန်မှာ ယေဟောဝါ ဘယ်လိုကူညီပေးနေသလဲ။ ဒီအကြောင်းကို နောက်ဆောင်းပါးမှာ သုံးသပ်မှာဖြစ်တယ်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 16 မေ ၁၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၉ ကိုဖတ်ပါ။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
အစ္စရေးလူတွေက ဖာရောစစ်တပ်ရဲ့တိုက်ခိုက်မှုကို တကယ်ခံခဲ့ရသလား