မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကြင်နာမှုကြောင့် နာကျင်မှု အရည်ပျော်ရ

ကြင်နာမှုကြောင့် နာကျင်မှု အရည်ပျော်ရ

ကြင်နာမှုကြောင့် နာကျင်မှု အရည်ပျော်ရ

နယ်သာလန်နိုင်ငံမှာ ဂျော့ဂ်ျနဲ့မာနွန်ဆိုတဲ့ သက်သေခံနှစ်ဦးက အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်ကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ပြောပြဖို့ ချဉ်းကပ်သွားတော့ အဲဒီအမျိုးသမီးကြီးက ဖော်ရွေမှုမပြဘူး။ ဒီအမျိုးသမီးကြီးရဲ့ ခင်ပွန်းနှစ်ယောက်နဲ့ သားတစ်ယောက်က သေဆုံးသွားတယ်၊ သူကတော့ ပြင်းထန်တဲ့ အဆစ်ရောင်ရောဂါဝေဒနာ ခံစားနေရတယ်ဆိုတာ သူတို့ သိလိုက်ရတယ်။ စကားပြောတာတော့ အေးအေးဆေးဆေးရှိပေမဲ့ ဖော်ဖော်ရွေရွေမရှိဘူး။

ဒါပေမဲ့ ဒီအမျိုးသမီးကြီးကို ကြည့်ရတာ အရမ်းအထီးကျန်ပြီး စိတ်ထိခိုက်နာကျင်နေပုံရလို့ ဂျော့ဂ်ျက မာနွန်ကို ပန်းစည်းတစ်စည်း၀ယ်ပြီး ပြန်သွားရအောင်လို့ ပြောတယ်။ သူတို့ အဲဒီအတိုင်းလုပ်ပြီး ပြန်သွားကြတော့ အိမ်ရှင်ဖြစ်တဲ့ ရီအာက သဘောကျ၊ အံ့ဩသွားတယ်။ ဖြစ်ချင်တော့ အဲဒီအချိန်က သူ့အတွက်အဆင်မပြေလို့ နောက်တစ်ခါ ပြန်လည်ပတ်ဖို့ ချိန်းဆိုလိုက်ကြတယ်။ ချိန်းထားတဲ့အချိန်အတိုင်း ဂျော့ဂ်ျနဲ့မာနွန် ပြန်သွားတော့ တံခါးဖွင့်ပေးမယ့်သူ မရှိဘူး။ အချိန်ပြောင်းပြီး ခဏခဏ ပြန်သွားတော့လည်း သူ့ကို မတွေ့ရဘူး။ ဒီအမျိုးသမီးကြီး ရှောင်နေတာပဲလို့ သူတို့ တွေးမိခဲ့ကြတယ်။

တစ်နေ့ကျတော့ ဂျော့ဂ်ျက ရီအာကို အိမ်မှာ တွေ့သွားတယ်။ ရီအာက ချိန်းထားတဲ့အချိန်မှာ သူ,မရှိတဲ့အတွက် တောင်းပန်ပြီး သူ ဆေးရုံတက်ရတဲ့အကြောင်း ပြောပြတယ်။ “ရှင်တို့နှစ်ယောက်ပြန်သွားတော့ ကျွန်မ ဘာလုပ်ခဲ့သလဲဆိုတာ ရှင်တို့ သိမှာမဟုတ်ဘူး။ ကျွန်မ ကျမ်းစာ စဖတ်ခဲ့တယ်” လို့ သူပြောတယ်။ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ပြောဆိုဆွေးနွေးကြရင်း ကျမ်းစာသင်အံမှု စခဲ့ကြတယ်။

သမ္မာကျမ်းစာကို လေ့လာရင်း ရီအာဟာ စိတ်ထိခိုက်နာကျင်တဲ့သူအဖြစ်ကနေ ပျော်ရွှင်၊ ကြင်နာတတ်တဲ့သူ ဖြစ်လာတယ်။ အိမ်ထဲမှာပဲ အောင်းနေရပေမဲ့ သူက ချက်ချင်းပဲ သူ့ဆီလာလည်တဲ့သူတွေကို သူအသစ်တွေ့ရှိထားတဲ့ ယုံကြည်ချက်အကြောင်း စပြောပြတယ်။ သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် အစည်းအဝေးတွေကို မကြာခဏ မတက်နိုင်ပေမဲ့ ညီအစ်ကိုညီအစ်မတွေ သူ့ဆီလာလည်ပတ်တာကို သူကြိုက်တယ်။ သူ့အသက် ၈၂ နှစ်ပြည့်တဲ့နေ့မှာ တိုက်နယ်စည်းဝေးပွဲတစ်ခုကိုတက်ပြီး ဘုရားသခင်ထံဆက်ကပ်အပ်နှံတဲ့ အထိမ်းအမှတ်အဖြစ် နှစ်ခြင်းခံလိုက်တယ်။

သူ ကွယ်လွန်ပြီးလို့ လအနည်းငယ်အကြာမှာ သူစပ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ကို တွေ့ခဲ့ကြတယ်။ အဲဒီကဗျာထဲမှာ အသက်ကြီးတဲ့အခါ ခံစားရတဲ့ အထီးကျန်ခြင်းရဲ့ ခါးသီးမှုကို ဖော်ပြထားပြီး ကြင်နာမှုရဲ့ အရေးကြီးပုံကို အလေးပေးစပ်ဆိုထားတယ်။ “ဒီကဗျာကို ဖတ်နေချိန်မှာ ကျွန်မ အရမ်းစိတ်လှုပ်ရှားခဲ့တယ်၊ သူ့အပေါ် ကြင်နာမှုပြဖို့ ကျွန်မတို့ကို ယေဟောဝါ ကူညီပေးခဲ့တဲ့အတွက် ကျွန်မ အရမ်းပျော်တယ်” လို့မာနွန် ပြောပြတယ်။

မှန်ပါတယ်၊ ယေဟောဝါပြခဲ့တဲ့ပုံနမူနာက တခြားသူတွေအပေါ် မေတ္တာနဲ့ကြင်နာမှုပြဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးတယ်။ (ဧ. ၅:၁၊ ၂) ကျွန်ုပ်တို့က ဘုရားသခင့်အမှုတော်ဆောင်များဖြစ်ကြောင်း ကြင်နာမှုပြခြင်းအားဖြင့် ဖော်ပြမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့အမှုဆောင်လုပ်ငန်းမှာ အောင်မြင်မှု ရရှိပါလိမ့်မယ်။—၂ ကော. ၆:၄၊