ကင်းမျှော်စင်—လေ့လာရန် စာစောင် နိုဝင်ဘာ ၂၀၁၃

ဒီဆိုးညစ်တဲ့လောကကို ယေဟောဝါ ဖျက်ဆီးမယ့်အချိန်ကို စောင့်နေရင်း ဘုရားသခင့် စိတ်ရှည်မှုအတွက် ကျေးဇူးတင်ကြောင်း ဘယ်လို တင်ပြနိုင်သလဲ။ ဒီနေ့ခေတ် မြေကြီးပေါ်မှာရှိတဲ့ သိုးအုပ်ကို ယေဟောဝါနဲ့ ယေရှု ဘယ်လို ထိန်းကျောင်းနေသလဲ။

“ဆုတောင်းခြင်းအမှု၌ နိုးနိုးကြားကြား ရှိကြလော့”

ခရစ်ယာန်တွေဘာကြောင့် မပြတ်ဆုတောင်းနေသင့်သလဲ။ တခြားသူတွေအတွက် ဆုတောင်းပေးတယ်ဆိုရင် ဘယ်သူတွေ အကျိုးခံစားရသလဲ။

လိုအပ်နေသူတွေကို ကျွန်ုပ်တို့ ကူညီပေးနိုင်ပုံ

တခြားသူတွေရဲ့လိုအပ်ရာတွေကို ကူညီပေးဖို့ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာချီလုပ်ငန်းမှာ တချို့သူတွေ လှူဒါန်းကြပုံကို လေ့လာကြည့်ပါ။

ဘယ်လိုနည်းနဲ့ ‘စိတ်ရှည်ရှည် စောင့်နေ’ နိုင်သလဲ

အဆုံးနီးလာတာနဲ့အမျှ ပရောဖက်မိက္ခာရဲ့ စံနမူနာကနေ စိတ်ရှည်ခြင်းအကြောင်း ဘာသင်ယူနိုင်သလဲ။

ဘဝအတ္ထုပ္ပတ္တိ

ဘုရားအမှုဆောင်တာက သူ့အတွက် ဆေးပဲ!

အိုနီးစမာ့စ်ဟာ မွေးရာပါအရိုးကြွပ်ဆတ်ရောဂါ ရှိတယ်။ ကျမ်းစာမှာပါတဲ့ ဘုရားသခင့်ကတိတော်တွေက သူ့အတွက် ဘယ်လို အားပေးမှုဖြစ်စေခဲ့သလဲ။

သိုးထိန်းခုနစ်ယောက်နဲ့ မင်းညီမင်းသားရှစ်ယောက်က ယနေ့ ကျွန်ုပ်တို့အတွက် ဘာအဓိပ္ပာယ်ရှိသလဲ

ဟေဇကိ၊ ဟေရှာယ၊ မိက္ခာနဲ့ ဂျေရုဆလင်ကမှူးမတ်တွေဟာ သိုးထိန်းကောင်းတွေဖြစ်ကြောင်း ဖော်ပြခဲ့ကြတယ်။ အခုအချိန်မှာ မိက္ခာ ၅ မှာပါတဲ့ သိုးထိန်းခုနစ်ယောက်နဲ့ မင်းညီမင်းသားရှစ်ယောက်က ဘယ်သူတွေကို ဆိုလိုသလဲ။

ယေဟောဝါရဲ့သိုးထိန်းတွေကို နာခံပါ

အကြီးအကဲတွေဟာ ဘုရားသခင့်အသင်းတော်ကို ထိန်းကျောင်းဖို့ သန့်ရှင်းသောစွမ်းအားတော်နဲ့ ခန့်အပ်ခံရသူတွေဖြစ်တယ်။ သူတို့ရဲ့စကားကို သိုးတွေ ဘာကြောင့် နားထောင်သင့်သလဲ။

သိုးထိန်းတို့၊ အကြီးမြတ်ဆုံးသိုးထိန်းတွေကို တုပကြပါ

အသင်းတော်မှာ တစ်ယောက်ယောက် အကူအညီလိုနေတယ်ဆိုရင် အကြီးအကဲတွေ ဘယ်လိုကူညီပေးနိုင်သလဲ။ “မဟာသိုးထိန်း” ယေရှုကို အကြီးအကဲတွေ ဘယ်လိုတုပနိုင်သလဲ။

မော်ကွန်းတိုက်မှ

“ကျွန်တော်က လိပ်ခွံထဲက လိပ်နဲ့တူတယ်၊ ကျွန်တော်သွားလေရာမှာ ကျွန်တော့်အိမ် အမြဲပါတယ်

၁၉၂၉ ခုနှစ်အကုန်လောက်မှာ ကမ္ဘာ့စီးပွားရေးအခြေအနေ အရမ်းကျဆင်းခဲ့တယ်။ ကော်လ်ပေါ်တာလို့ခေါ်တဲ့ ရှေ့ဆောင်တွေ (အချိန်ပြည့်ဟောပြောသူတွေ) ဒီအကျပ်အတည်းကို ဘယ်လို ဖြေရှင်းခဲ့ကြသလဲ။