မိခင်မေတ္တာတွင် ပေါ်လွင်နေသော ဘုရားသခင်၏မေတ္တာတော်
မိခင်မေတ္တာတွင် ပေါ်လွင်နေသော ဘုရားသခင်၏မေတ္တာတော်
“မိန်းမသည် မိမိဖွားသောသားကို မသနားသည်တိုင်အောင် မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း သင့်ကို ငါမမေ့လျော့။”—ဟေရှာယ ၄၉:၁၅။
မွေးကင်းစကလေးတစ်ဦးကို မိခင်ဖြစ်သူက တယုတယပိုက်ထွေးကာ နို့ချိုတိုက်ကျွေးနေသည်။ ထိုမြင်ကွင်းသည် ကြင်နာမှုနှင့်ချစ်ခြင်းမေတ္တာကို သရုပ်ဖော်နေသည်။ “ကျွန်မရဲ့ရင်သွေးလေးကို ဦးဆုံးအကြိမ် ချီပိုက်လိုက်ချိန်မှာ မေတ္တာတွေပြည့်လွှမ်းလာပြီး ဒီရင်သွေးလေးကို တာဝန်ယူချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်” ဟု ပမ်အမည်ရှိမိခင်တစ်ဦးပြောပြသည်။
ယင်းသည် ထင်ရှားသောအဖြစ်မှန်တစ်ခုဖြစ်ပုံရသော်လည်း လေ့လာတွေ့ရှိချက်များအရ မိခင်မေတ္တာက ကလေးငယ်၏ကြီးထွားဖွံ့ဖြိုးမှုအပေါ် များစွာအကျိုးသက်ရောက်ကြောင်း ဖော်ပြသည်။ ကမ္ဘာ့ကျန်းမာရေးအစီအစဉ်မှထုတ်ဝေသော စာတမ်းတစ်ခုတွင် စိတ်ကျန်းမာရေးနှင့်ပတ်သက်၍ ဤသို့ဆို၏– “စွန့်ပစ်ခံရပြီး မိခင်နှင့်သီးခြားခွဲထားခံရသော ကလေးများသည် မှိုင်တွေစိတ်ဓာတ်ကျပြီး တစ်ခါတစ်ရံ အထိတ်တလန့်ဖြစ်နေတတ်သည်ဟု လေ့လာမှုများက ဖော်ပြသည်။” မွေးကင်းစအရွယ်တွင် မေတ္တာဖြင့်ဂရုစိုက်ခံရသော သားသမီးများသည် လျစ်လျူရှုခံရသောကလေးများထက် အတော်ပင် ဉာဏ်ရည်မြင့်မားကြောင်း လေ့လာမှုတစ်ခုကဖော်ပြသည်ဟု ထိုစာတမ်းတွင်ပင် ကိုးကားထားသည်။
မိခင်မေတ္တာ၏အရေးကြီးမှုနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်ရှိ ဆေးတက္ကသိုလ်မှ စိတ်ရောဂါကု ပါမောက္ခအေလဲန်ရှောက ဤသို့ဆို၏– “ကလေးတစ်ဦး သူ့မိခင်နှင့် ဦးဆုံးထိတွေ့ဆက်သွယ်ရသော ဆက်ဆံရေးသည် နောင်လာမည့်ဆက်ဆံရေးမှန်သမျှတွင် ဝင်ဆံ့နိုင်ရန် ပုံသွင်းပေးသည်။”
မိခင်တစ်ဦးသည် ဝမ်းနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဖျားနာခြင်းနှင့် အခြားဖိစီးမှုများကြောင့် မိမိရင်သွေးကို ဟေရှာယ ၄၉:၁၅) သို့သော် ယင်းသည် ကြုံတောင့်ကြုံခဲကိစ္စဖြစ်သည်။ အမှန်မှာ မိခင်များသည် သဘာဝအားဖြင့် မိမိတို့ရင်သွေးလေးကို တွယ်တာမြတ်နိုးကြသည်။ မိခင်များ သားဖွားစဉ် အောက်ဆီတိုဆင်ဟုခေါ်သော ဟော်မုန်းပမာဏမြင့်တက်လာပြီး ထိုဟော်မုန်းက သားအိမ်ကိုကျုံ့စေ၍ နို့ရည်ထွက်စေရန်လှုံ့ဆော်ပေးကြောင်း သုတေသီများ တွေ့ရှိခဲ့ကြသည်။ ထို့ပြင် ကျားမ,မရွေးတွင် ထွက်ပေါ်သော ထိုဟော်မုန်းသည် ကလေးအပေါ် ကိုယ်ကျိုးစွန့်မေတ္တာပြရန် မိခင်များကိုလှုံ့ဆော်ပေးသည်ဟု ယူဆကြသည်။
လျစ်လျူရှုမိနိုင်သည် သို့မဟုတ် “မိမိနို့စို့သူငယ်ကို မေ့လျော့” သည့်အထိပင် ဖြစ်သွားနိုင်ပါသည်။ (မေတ္တာ၏မူလအစကား အဘယ်နည်း
ဆင့်ကဲအယူကို အားပေးထောက်ခံသူများသည် မိခင်နှင့်ကလေးစပ်ကြားရှိမေတ္တာကဲ့သို့သော ကိုယ်ကျိုးစွန့်မေတ္တာသည် အမှတ်တမဲ့ဖြစ်ပေါ်လာသည်၊ ထိုအရည်အသွေးသည် အကျိုးပြုသဖြင့် လူတို့ဆင့်ကဲဖြစ်တည်ရာတွင် ဆက်ရှိနေခြင်းဖြစ်သည်ဟု သွန်သင်ကြသည်။ ဥပမာ၊ မိခင်များနှင့်ပတ်သက်သော အွန်လိုင်းဂျာနယ်တစ်စောင်တွင် ဤသို့ဆို၏– “ရှေးတွားသွားသတ္တဝါမှ ဆင့်ကဲရရှိလာသော လူ့ဦးနှောက်တွင် ထပ်ဆင့်ဖြစ်ပေါ်လာသောဦးဆုံးအပိုင်းသည် စိတ်လှုပ်ရှားမှုများကိုဖြစ်ပေါ်စေသော လင်းဘစ်အာရုံကြောအဖွဲ့ဖြစ်သည်။ ဦးနှောက်၏ထိုအပိုင်းသည် မိခင်နှင့်ရင်သွေးငယ်များကို သံယောဇဉ်နှောင်ဖွဲ့စေသည်။”
ထိုအာရုံကြောအဖွဲ့သည် ကျွန်ုပ်တို့၏စိတ်လှုပ်ရှားမှုများအတွက် အရေးပါကြောင်း သုတေသီများက ဖော်ပြသည်။ သို့သော် ရင်သွေးကိုချစ်သော မိခင်၏မေတ္တာသည် တွားသွားသတ္တဝါတစ်ကောင်၏ဦးနှောက်မှ အမှတ်တမဲ့ဆင့်ကဲဖြစ်ပေါ်လာခြင်းမှာ သင့်အတွက်ယုတ္တိရှိပါသလော။
ဖြစ်နိုင်ခြေတစ်ခုကိုလည်း သုံးသပ်ကြည့်ပါ။ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ၊ မိမိအရည်အသွေးများကို တင်ပြနိုင်စွမ်းဖြင့် လူကိုဖန်ဆင်းတော်မူ၏ဟု ကျမ်းစာကဖော်ပြသည်။ (ကမ္ဘာဦး ၁:၂၇) ဘုရားသခင်၏အထင်ရှားဆုံးအရည်အသွေးမှာ မေတ္တာဖြစ်၏။ “ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။” အဘယ်ကြောင့်နည်း။ “အကြောင်းမူကား ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုတမန်တော်ယောဟန်ရေးခဲ့သည်။ (၁ ယောဟန် ၄:၈) ထိုကျမ်းချက်က ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာရှိသည်ဟု မဆိုထားကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ ယင်းအစား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ဟုဆိုသည်။ ကိုယ်တော်သည် ချစ်ခြင်းမေတ္တာ၏မူလရင်းမြစ်ဖြစ်သည်။
သမ္မာကျမ်းစာတွင် မေတ္တာကို ဤသို့အနက်ဖွင့်ထားသည်– “မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။ မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကိုမရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟုမထင်တတ်၊ မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။” (၁ ကောရိန္သု ၁၃:၄-၈) ထူးကဲသာလွန်သော ထိုအရည်အသွေးသည် အမှုမဲ့အမှတ်မဲ့ဖြစ်ပေါ်လာသည်ဟု ယုံကြည်ခြင်းမှာ ယုတ္တိရှိပုံပေါက်သလော။
သင့်ကို မည်သို့အကျိုးသက်ရောက်သနည်း
အထက်ပါအပိုဒ်တွင် မေတ္တာအကြောင်း အနက်ဖွင့်ချက်ကို သင်ဖတ်ရသည့်အခါ တစ်စုံတစ်ဦးထံမှ ထိုသို့သောမေတ္တာမျိုးကို သင် လိုလားတောင့်တမိသလော။ ထိုသို့တောင့်တခြင်းသည် သဘာဝပင်။ အဘယ်ကြောင့်နည်း။ “[ကျွန်ုပ်]တို့သည် ဘုရားသခင်၏အမျိုးအနွယ်ဖြစ်” သောကြောင့်တည်း။ (တမန်တော် ၁၇:၂၉) ထိုမေတ္တာမျိုးခံစားရရန်နှင့် သူတစ်ပါးကိုမေတ္တာပြရန် ကျွန်ုပ်တို့ဖန်ဆင်းခံရသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို နှစ်နှစ်ကာကာချစ်ကြောင်း ယုံကြည်စိတ်ချနိုင်သည်။ (ယောဟန် ၃:၁၆; ၁ ပေတရု ၅:၆၊ ၇) ဤဆောင်းပါး၏အစပိုင်းတွင် ကိုးကားထားသောကျမ်းချက်က ကျွန်ုပ်တို့ကိုချစ်သော ဘုရားသခင့်မေတ္တာသည် ရင်သွေးအပေါ်ထားရှိသော မိခင်၏မေတ္တာထက်ပင် ပို၍အစွမ်းထက်ပြီး ပို၍တာရှည်ခံသည်ကို ဖော်ပြနေသည်။
သို့သော် ‘ဘုရားသခင်က ဉာဏ်ကြီးရှင်၊ တန်ခိုးရှင်၊ မေတ္တာရှင်ဖြစ်တယ်ဆိုရင် ဘာကြောင့် ဆင်းရဲခက်ခဲမှုတွေကို အဆုံးမတိုင်ပေးတာလဲ။ ကလေးသူငယ်တွေ သေဆုံးတာ၊ ဖိနှိပ်မှုတွေဆက်ရှိနေတာ၊ အလွဲသုံးစားမှုနဲ့ လိုဘကြီးမှုတွေကြောင့် ကမ္ဘာကြီးပျက်စီးနေတာကို ဘာကြောင့်ခွင့်ပြုရတာလဲ’ ဟုသင်သိလိုပေမည်။ ထိုမေးခွန်းများအတွက် ယုတ္တိရှိသောအဖြေများ ရှိပါသည်။
မသိဝါဒီများက မည်သို့ပင်ဆိုကြပါစေ ထိုမေးခွန်းများအတွက် စိတ်ကျေနပ်ဖွယ်အဖြေများကို ရှာတွေ့နိုင်ပါသည်။ နိုင်ငံပေါင်းရာနှင့်ချီမှ လူသန်းပေါင်းများစွာသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာခြင်းဖြင့် ထိုအဖြေများကို ရှာတွေ့နေကြသည်။ သင်လည်း ထိုသို့ပြုရန် ဤဂျာနယ်ထုတ်ဝေသူတို့က ဖိတ်ခေါ်ပါသည်။ သမ္မာကျမ်းစာနှင့် ဖန်ဆင်းရာများကိုလေ့လာခြင်းဖြင့် ဘုရားသခင်ကိုသိကျွမ်းခြင်းအသိပညာ တိုးများလာသည်နှင့်အမျှ ကိုယ်တော်သည် အလှမ်းကွာဝေးလွန်းသော၊ မသိနားမလည်နိုင်သောဘုရားသခင် မဟုတ်ကြောင်း သင်သိမြင်လာပါလိမ့်မည်။ ထို့ပြင် ဘုရားသခင်သည် “ငါတို့တွင် အဘယ်သူနှင့်မျှဝေးတော်မူသည်မဟုတ်” ကြောင်းကိုလည်း သင်ယုံကြည်စိတ်ချလာပါလိမ့်မည်။—တမန်တော် ၁၇:၂၇။
[စာမျက်နှာ ၈ ပါအဓိကအချက်]
ကျွန်ုပ်တို့အပေါ်ထားရှိသော ဘုရားသခင့်မေတ္တာသည် ရင်သွေးအပေါ်ထားရှိသော မိခင်၏မေတ္တာထက် ပို၍တာရှည်ခံသည်