မကောင်းကြံ ဘေးဒဏ်ထိ
လူငယ်စာရှုသူများအတွက်
မကောင်းကြံ ဘေးဒဏ်ထိ
ညွှန်ကြားချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ဝန်းကျင်မှာ ပြုလုပ်ပါ။ ကျမ်းချက်တွေကို ဖတ်ရှုရင်း အဖြစ်အပျက်မှာ သင်တို့ပါဝင်တယ်လို့ စိတ်ကူးကြည့်ပါ။ အဖြစ်အပျက်ကို စိတ်မှာ မြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ အဓိကဇာတ်ကောင်တွေရဲ့ စိတ်လှုပ်ရှားမှုတွေကို ခံစားကြည့်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။
အဖြစ်အပျက်ကို ဆန်းစစ်ပါ။—ဒံယေလ ၆:၁-၂၈ ကိုဖတ်ပါ။
သင်တို့ ဘယ်လိုထင်သလဲ။ ဒါရိက ဘယ်လိုလူစားမျိုးလဲ။ သင်တို့စိတ်ထဲပေါ်လာတဲ့အတိုင်း သူ့ရဲ့ရုပ်သွင်ကို ရေးကြည့်ပါ။ ဘယ်လိုအသံနေအသံထားနဲ့ သူစကားပြောမယ်လို့ ထင်သလဲ။ (အခန်းငယ် ၁၄၊ ၁၆၊ ၁၈-၂၀ ကိုထပ်ဖတ်ကြည့်ပါ။)
․․․․․
ဒံယေလကိုပစ်ချတဲ့တွင်းက ဘာနဲ့တူသလဲ၊ ခြင်္သေ့တွေကို ဘယ်လိုပုံဖော်မလဲ။
․․․․․
ဒံယေလကိုပစ်ချပြီး ခြင်္သေ့တွင်းကို ပိတ်လိုက်တဲ့အချိန်ခဏလေးမှာ ဘာဖြစ်မယ်လို့ထင်သလဲ။
․․․․․
ထပ်လေ့လာကြည့်ပါဦး။
ဒါရိမင်းရဲ့ဝန်ကြီးတွေက ဒံယေလကို ဘာကြောင့် မနာလိုဖြစ်ကြတာလဲ။ (အခန်းငယ် ၃ ကိုထပ်ဖတ်ကြည့်ပါ။)
․․․․․
ဒံယေလက တိတ်တိတ်လေး ဆုတောင်းနိုင်ရက်နဲ့ ဘာကြောင့် အများမြင်အောင်ဆုတောင်းရတာလဲ။ (အခန်းငယ် ၁၀၊ ၁၁ ကိုထပ်ဖတ်ကြည့်ပါ။)
․․․․․
ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး အမိန့်ထုတ်ဖို့အကြံပေးလာတာကို ဒါရိ ဘာကြောင့်သဘောကျသွားမယ်လို့ ထင်သလဲ။ (အခန်းငယ် ၇ ကိုထပ်ဖတ်ကြည့်ပါ။)
․․․․․
သင်ယူသိရှိခဲ့တာကို လက်တွေ့ကျင့်သုံးပါ။ ဒီအချက်တွေနဲ့ပတ်သက်ပြီး သိရှိခဲ့တာကို ချရေးကြည့်ပါ . . .
․․․․․
ဆန့်ကျင်မှုကြုံရချိန်မှာတောင် ရဲစွမ်းသတ္တိရှိမှု။
․․․․․
ဆုတောင်းခြင်းရဲ့အရေးကြီးမှု။
․․․․․
တည်ကြည်မှုရှိတဲ့ကျေးကျွန်တွေအပေါ် ယေဟောဝါရဲ့ဂရုစိုက်မှု။
․․․․․
ဒီမှတ်တမ်းမှာ ဘယ်အချက်တွေက သင်တို့ကို စိတ်ထိမိစေသလဲ။ ဘာကြောင့်လဲ။
․․․․․