လူငယ်တစ်ဦးရဲ့ ရဲစွမ်းသတ္တိ
လူငယ်စာရှုသူများအတွက်
လူငယ်တစ်ဦးရဲ့ ရဲစွမ်းသတ္တိ
ညွှန်ကြားချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ဝန်းကျင်မှာ ပြုလုပ်ပါ။ ကျမ်းချက်တွေကိုဖတ်ရှုရင်း အဖြစ်အပျက်မှာ သင်ပါဝင်နေတယ်လို့ စိတ်ကူးကြည့်ပါ။ အဖြစ်အပျက်ကို စိတ်မှာမြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ အဓိကဇာတ်ကောင်တွေရဲ့ စိတ်လှုပ်ရှားမှုတွေကို ခံစားကြည့်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။
အဖြစ်အပျက်ကို ဆန်းစစ်ပါ။—၁ ဓမ္မရာဇဝင် ၁၇:၁-၁၁၊ ၂၆၊ ၃၂-၅၁ ကိုဖတ်ပါ။
ဂေါလျတ်ရဲ့ ရုပ်သွင်နဲ့အသံနေအသံထားကို သင့်စိတ်ထဲပေါ်လာတဲ့အတိုင်း ချရေးပါ။
․․․․․
ဒါဝိဒ်က ဣသရေလစစ်သားတစ်ယောက်မဟုတ်ပေမဲ့ ဂေါလျတ်ကိုတိုက်တဲ့ စစ်ပွဲမှာပါဝင်ဖို့ သူ့ကို ဘာကလှုံ့ဆော်ပေးခဲ့သလဲ။ (အခန်းငယ် ၂၆ ကိုကြည့်ပါ။)
․․․․․
ယေဟောဝါကူညီမယ်ဆိုတာ ဒါဝိဒ် ဘာကြောင့်ယုံကြည်စိတ်ချခဲ့သလဲ။ (အခန်းငယ် ၃၄-၃၇ ကိုပြန်ဖတ်ပါ။)
․․․․․
ထပ်လေ့လာကြည့်ပါဦး။
တခြားကင်းမျှော်စင်တွေကို ရှာဖွေလေ့လာပြီး ဖြေကြည့်ပါ။
(၁) ဂေါလျတ်ရဲ့အရပ်အမြင့်။ (၁ ဓမ္မရာဇဝင် ၁၇:၄)
ခြောက်တောင်နှင့်တစ်ထွာ= ․․․․․
(၂) ဂေါလျတ်ရဲ့ကြေးဝါချပ်အင်္ကျီ အလေးချိန်။ (၁ ဓမ္မရာဇဝင် ၁၇:၅)
အခွက်ငါးဆယ်အလေးချိန်= ․․․․․
(၃) ဂေါလျတ်ရဲ့လှံသွားအလေးချိန်။ (၁ ဓမ္မရာဇဝင် ၁၇:၇)
သံခြောက်ပိဿာအချိန်= ․․․․․
သင်ယူသိရှိခဲ့တာကို လက်တွေ့ကျင့်သုံးပါ။ ဒီအချက်တွေနဲ့ပတ်သက်ပြီး သိရှိခဲ့တာကို ချရေးကြည့်ပါ . . .
ရဲစွမ်းသတ္တိ။
․․․․․
ကိုယ့်အစွမ်းခွန်အားထက် ယေဟောဝါအပေါ် ယုံကြည်ကိုးစားမှု။
․․․․․
ထပ်ဆင့်သိမှတ်စရာ။
ဂေါလျတ်ကိုအနိုင်ယူဖို့ခက်ခဲသလိုမျိုး ဘယ်လိုအခက်အခဲတွေကို သင်ရင်ဆိုင်နေရသလဲ။
․․․․․
(သင်ကိုယ်တိုင် ဒါမှမဟုတ် တခြားသူတွေရဲ့) ဘယ်တွေ့ကြုံမှုတွေက သင့်ကို ယေဟောဝါမစွန့်ပစ်ဘူးဆိုတာ ယုံကြည်စိတ်ချစေသလဲ။
․․․․․
ဒီမှတ်တမ်းမှာ ဘယ်အချက်တွေက သင့်စိတ်ကို အရမ်းထိမိစေသလဲ၊ ဘာကြောင့်လဲ။
․․․․․