ယုံကြည်ချက်အတွက် ကာကွယ်ပြောဆိုသူများ—ခရစ်ယာန်များလော၊ အတွေးအခေါ်ပညာရှင်ဖြစ်လိုသူများလော
ယုံကြည်ချက်အတွက် ကာကွယ်ပြောဆိုသူများ—ခရစ်ယာန်များလော၊ အတွေးအခေါ်ပညာရှင်ဖြစ်လိုသူများလော
သွေးနီးချင်းကာမစပ်ယှက်ခြင်း၊ ကလေးများကိုသတ်ခြင်း၊ လူသားစားခြင်း။ ယင်းတို့သည် အေဒီ ဒုတိယရာစုက ခရစ်ယာန်များကို မဟုတ်မမှန်ပြောဆိုသည့် စွပ်စွဲချက်တချို့ဖြစ်သည်။ ယင်းကြောင့် ညှဉ်းပန်းနှိပ်စက်မှုများ ဖြစ်ပေါ်လာခဲ့ရာ အမည်ခံခရစ်ယာန်စာရေးဆရာများက ၎င်းတို့၏ယုံကြည်ချက်အတွက် ကာကွယ်ပြောဆိုရန် တာဝန်ရှိသည်ဟု ယူမှတ်ခဲ့ကြ၏။ နောက်ပိုင်းတွင် ယုံကြည်ချက်အတွက် ကာကွယ်ပြောဆိုသူများအဖြစ် လူသိများလာသော အဆိုပါစာရေးဆရာများ၏ ရည်ရွယ်ချက်မှာ ရောမအာဏာပိုင်များနှင့် ပြည်သူလူထု၏ နှစ်သက်လက်ခံမှုရရန် မိမိတို့၏ဘာသာတရားသည် အန္တရာယ်မရှိကြောင်း သက်သေထူဖို့ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အလွန်အန္တရာယ်များ၏။ အကြောင်းမှာ ရောမအာဏာပိုင်များနှင့် ပြည်သူလူထုသည် သူတို့ကို အလျှော့ပေးလိုက်လျောသူများကိုသာ လက်ခံကြသောကြောင့်ဖြစ်၏။ အကြောင်းမဲ့ အလိုလိုက်အကြိုက်ဆောင်ပါက ညှဉ်းပန်းနှိပ်စက်မှု ပို၍ပြင်းထန်လာနိုင်သည့်အပြင် ခရစ်ယာန်ယုံကြည်ချက်ကို အားပျော့သွားစေနိုင်သည်။ ယုံကြည်ချက်အတွက် ကာကွယ်ပြောဆိုသူများသည် စွပ်စွဲချက်များကို မည်သို့ချေပခဲ့ကြသနည်း။ အဘယ်ရလဒ်များ ရရှိခဲ့ကြသနည်း။
ယုံကြည်ချက်အတွက် ကာကွယ်ပြောဆိုသူများနှင့် ရောမအင်ပါယာ
ယုံကြည်ချက်အတွက် ကာကွယ်ပြောဆိုသူများသည် အေဒီ ဒုတိယရာစုနှင့် တတိယရာစုအစောပိုင်းက ပညာတတ်များ ဖြစ်ကြသည်။ ထိုသူတို့အထဲတွင် အကျော်ကြားဆုံးမှာ ဂျတ်စ်တင်မာတာ၊ အလက်ဇန္ဒြီးယားမြို့သား ကလီးမင့်နှင့် တာတူလျန်တို့ဖြစ်သည်။ * သူတို့၏စာပေများသည် အယူမှားသူများနှင့် ရောမအာဏာပိုင်များကို ရည်ရွယ်၍ ရေးသားထားခြင်းဖြစ်သည်။ ထိုစာပေများတွင် ခရစ်ယာန်ယုံကြည်ချက်များကို ရှင်းပြထားပြီး သမ္မာကျမ်းစာမှ ရည်ညွှန်းဖော်ပြချက်များ ပါဝင်လေ့ရှိသည်။ ထို့ထက်ကား သူတို့သည် ညှဉ်းပန်းနှိပ်စက်သူများ၏ စွဲချက်များကို ချေပပြောဆိုခဲ့သည်။ ခရစ်ယာန်များဘက်မှနေ၍ ရပ်တည်ကာ အကောင်းပြောဆိုခဲ့သည်။
ယုံကြည်ချက်အတွက် ကာကွယ်ပြောဆိုသူများ အဓိကထားလုပ်ဆောင်သည့် အရာတစ်ခုမှာ ခရစ်ယာန်များသည် ဧကရာဇ်မင်း သို့မဟုတ် ရောမအင်ပါယာ၏ ရန်သူများမဟုတ်ကြောင်း အာဏာပိုင်များကို ယုံကြည်စိတ်ချစေရန်ဖြစ်သည်။ ဧကရာဇ်မင်းကို “ဘုရားသခင် ခန့်အပ်ထား” သည်ဟု တာတူလျန်ကဆိုပြီး တော်ဝင်မိသားစုကသာ ထီးနန်းဆက်ခံခွင့်ရှိသည်ဟု အယ်သနာဂိုရပ်စ်က ထောက်ခံခဲ့သည်။ သို့နှင့် သူတို့သည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခဲ့သည်။ ထိုသို့ပါဝင်ပတ်သက်ခြင်းဖြင့် သူတို့သည် “ငါ၏နိုင်ငံသည် ဤလောကနှင့် မသက်ဆိုင်” ဟူသော ယေရှု၏စကားကို လျစ်လျူရှုခဲ့ကြသည်။—ယောဟန် ၁၈:၃၆။
ထို့ပြင် ရောမအင်ပါယာနှင့် ခရစ်ယာန်ဘာသာတရားသည် ဆက်စပ်မှုရှိကြောင်း ယုံကြည်ချက်အတွက် ကာကွယ်ပြောဆိုသူများက ဆိုခဲ့ကြသည်။ အင်ပါယာ၏အကျိုးစီးပွားအတွက် နိုင်ငံရေးနှင့်ဘာသာရေးက ပူးပေါင်း၍ ပံ့ပိုးပေးနေကြသည်ဟု မယ်လတိုက ပြောသည်။ The Epistle to Diognetus စာအုပ်ကို ရေးသားသူ အမည်မသိ စာရေးဆရာတစ်ဦးက ခရစ်ယာန်များသည် ‘လောကကို သွေးစည်းညီညွတ်’ စေသောသူများ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ခရစ်ယာန်များသည် ရောမအင်ပါယာ တိုးတက်အောင်မြင်စေရန်၊ လောကစနစ်၏နိဂုံးပိုင်း အမြန်မရောက်လာစေရန် ဆုတောင်းပေးနေကြောင်း တာတူလျန်က ရေးသားခဲ့သည်။ ဤသို့ဖြင့် ဘုရားသခင့်နိုင်ငံတော် ရောက်လာဖို့ မလိုအပ်တော့သည့်သဘော သက်ရောက်သွားစေခဲ့သည်။—အမည်ခံခရစ်ယာန်ဘာသာသည် အတွေးအခေါ်ပညာဖြစ်လာ
အတွေးအခေါ်ပညာရှင် စဲလ်ဆပ်စ်သည် ခရစ်ယာန်များကို သရော်သည့်အနေဖြင့် “အလုပ်ကြမ်းသမားများ၊ ဖိနပ်ချုပ်သမားများ၊ လယ်သမားများ၊ အသိဉာဏ်မဲ့သောသူများ” ဟုခေါ်ဆိုခဲ့သည်။ ယုံကြည်ချက်အတွက် ကာကွယ်ပြောဆိုသူများသည် ထိုသို့သရော်မှုများကို သည်းမခံနိုင်ကြချေ။ ထို့ကြောင့် ပြည်သူလူထု၏ နှစ်သက်လက်ခံမှုကိုရရှိရန် နည်းဗျူဟာအသစ်ကို သူတို့ကျင့်သုံးမှ ဖြစ်တော့မည်။ တစ်ချိန်က သူတို့ငြင်းပယ်ခဲ့ကြသော အတွေးအခေါ်ပညာကို ယခုမူ အမည်ခံခရစ်ယာန်တို့၏ အရေးကိစ္စအတွက် အသုံးပြုရတော့သည်။ ဥပမာ၊ အလက်ဇန္ဒြီးယားမြို့သား ကလီးမင့်က အတွေးအခေါ်ပညာကို “စစ်မှန်သောဓမ္မပညာ” အဖြစ် ရှုမြင်ခဲ့သည်။ အယူမှား အတွေးအခေါ်ပညာကို ငြင်းပယ်ဖို့ ပြောဆိုခဲ့သော ဂျတ်စ်တင်သည် အမည်ခံခရစ်ယာန်ယုံကြည်ချက်များကို ဖော်ပြရန် အတွေးအခေါ်ဆိုင်ရာ အသုံးအနှုန်းများနှင့် ယူဆချက်များကို ဦးစွာ အသုံးပြုခဲ့သူဖြစ်သည်။ ထိုသို့အသုံးပြုခြင်းက “အကျိုးရှိပြီး အန္တရာယ်ကင်း” သည်ဟု သူကဆို၏။
ထိုအချိန်မှစ၍ ၎င်းတို့၏နည်းဗျူဟာသည် အတွေးအခေါ်ပညာကို ဆန့်ကျင်ရန်မဟုတ်တော့ဘဲ အမည်ခံခရစ်ယာန်တို့၏ တွေးခေါ်ဆင်ခြင်မှုသည် အယူမှားသူတို့၏ အတွေးအခေါ်ပညာထက် ပို၍သာလွန်ကြောင်း ယူဆစေခဲ့သည်။ “တချို့သော ကိစ္စရပ်များတွင် လူတို့လေးစားသည့် ကဗျာဆရာများနှင့် အတွေးအခေါ်ပညာရှင်များအတိုင်း သွန်သင်ပေးပြီး တချို့ကိစ္စရပ်များတွင်မူ ကျွန်ုပ်တို့၏သွန်သင်ချက်များသည် ဘုရားသခင်ထံမှ ရရှိပြီး ပို၍နားလည်လွယ်သောအရာများဖြစ်သည်” ဟုဂျတ်စ်တင်က ရေးသားခဲ့သည်။ ခရစ်ယာန်သွန်သင်ချက်များကို အတွေးအခေါ်ပိုင်းဆိုင်ရာ ယူဆချက်များနှင့် နှစ်သက်စဖွယ်ဖြစ်အောင် တန်ဆာဆင်လိုက်ခြင်းအားဖြင့် ယင်းသွန်သင်ချက်များသည် ယခင်ကတည်းက တည်ရှိပြီးသားဖြစ်သည်ဟု ယုံကြည်ချက်အတွက် ကာကွယ်ပြောဆိုသူများက ဆိုကြသည်။ ခရစ်ယာန်စာပေများသည် ဂရိစာပေများထက် ပို၍ရှေးကျကြောင်း၊ သမ္မာကျမ်းစာပါ ပရောဖက်များသည် ဂရိအတွေးအခေါ်ပညာရှင်များထက် အရင်ပေါ်ထွန်းခဲ့ကြောင်း သူတို့က ထောက်ပြကြသည်။ အတွေးအခေါ်ပညာရှင်များသည် ထိုပရောဖက်များကို တုပခဲ့ကြသည်ဟူ၍ပင် အချို့က ကောက်ချက်ချသည်။ ပလေတိုသည် မောရှေ၏ တပည့်ဖြစ်သည်ဟုလည်းဆိုကြ၏။
အမှန်တရားမှ သွေဖည်သွားသော အမည်ခံခရစ်ယာန်ဘာသာ
ယင်းနည်းဗျူဟာအသစ်ကြောင့် အမည်ခံခရစ်ယာန်ဘာသာနှင့် အယူမှားအတွေးအခေါ်ပညာတို့ ရောထွေးသွားသည်။ ကျမ်းစာဇာတ်ကောင်များကို ဂရိနတ်ဘုရားများနှင့် နှိုင်းယှဉ်လာကြသည်။ ယေရှုကို ဂရိနတ်ဘုရား ပါဆီးယပ်စ်နှင့်တူသည်ဟုဆို၏။ မာရိသည် ပါဆီးယပ်စ်၏မယ်တော်
ဒန်းနီကဲ့သို့ပင် အပျိုစင်ဘ၀ဖြင့် ကိုယ်ဝန်ဆောင်ခဲ့သည်ဟုဆို၏။သွန်သင်ချက်တချို့ကိုမူ အကြီးအကျယ် ပြုပြင်ပြောင်းလဲထားကြသည်။ ဥပမာ၊ သမ္မာကျမ်းစာတွင် ယေရှုကို “လောဂေါ့စ်” ဟုခေါ်ဆိုထားသည်။ အဓိပ္ပာယ်မှာ ဘုရားသခင်၏ ပြောရေးဆိုခွင့်ရှိသူ သို့မဟုတ် ‘နှုတ်မြွက်တော်’ ဟူ၍ဖြစ်၏။ (ယောဟန် ၁:၁-၃၊ အောက်ခြေမှတ်ချက်၊ ၁၄-၁၈; ဗျာ. ၁၉:၁၁-၁၃) အစောပိုင်းကမူ အတွေးအခေါ်ပညာရှင်နှင့်တူသော ဂျတ်စ်တင်သည် ယင်းသွန်သင်ချက်ကို တလွဲဖော်ပြခဲ့သည်။ သူသည် “နှုတ်မြွက်တော်” နှင့် “ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း” ဟူ၍ အဓိပ္ပာယ်နှစ်မျိုးရှိနိုင်သော ဂရိစကားလုံး လောဂေါ့စ်ကို အသုံးပြုခဲ့သည်။ ခရစ်ယာန်များသည် နှုတ်မြွက်တော်ကို ခရစ်တော်အသွင်ဖြင့် ရရှိခဲ့သည်ဟု သူကဆို၏။ သို့သော် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းအသွင်ရှိသော လောဂေါ့စ်မှာ အယူမှားသူတို့အပါအဝင် လူတိုင်းတွင် ရှိသည်ဟုလည်း ဆိုသည်။ ဤသို့ဖြင့် ခရစ်ယာန်များအပြင် ဆိုကရေးတီးနှင့် အခြားသူများကဲ့သို့သော ဘုရားသခင်မရှိဟုဆိုသူ သို့မဟုတ် ယူဆသူများကပင် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းနှင့်အညီ နေထိုင်ကြသည်ဟု ဂျတ်စ်တင်က ကောက်ချက်ချသည်။
ထို့ပြင် တာတူလျန်အပါအဝင် ယုံကြည်ချက်အတွက် ကာကွယ်ပြောဆိုသူအားလုံး ယေရှုကို ဂရိအတွေးအခေါ်ပညာရပ်ဆိုင်ရာ လောဂေါ့စ်နှင့် မရမကပေါင်းစပ်လိုက်ပြီး ဘုရားသခင်နှင့်ချိတ်ဆက်လိုက်ခြင်းဖြင့် သုံးပါးတစ်ဆူအယူဝါဒ ဖြစ်ပေါ်လာရန် လမ်းစထွင်ပေးလိုက်သည်။ *
မူရင်းကျမ်းစာတွင် “စိုးလ်” ဟူသောစကားလုံးသည် အကြိမ်ပေါင်း ၈၅၀ ကျော်ပါရှိသည်။ ယင်းတွင် အကြိမ်ပေါင်း ၁၀၀ ကျော်မှာ ဂရိပုံစံဖြင့်ဖြစ်သည်။ မြန်မာဘာသာပြန်ကျမ်းတချို့တွင် စိုးလ်ကို အသက်ရှင်သော သတ္တဝါ သို့မဟုတ် ဝိညာဉ်ဟု ပြန်ဆိုထားကြသည်။ စိုးလ်၏ မူရင်းအဓိပ္ပာယ်မှာ အသက်ရှင်သော လူ သို့မဟုတ် တိရစ္ဆာန်ကို ရည်ညွှန်းခြင်းဖြစ်၏။ (၁ ကောရိန္သု ၁၅:၄၅; ယာကုပ် ၅:၂၀၊ သမ္မာ; ဗျာ. ၁၆:၃) သို့သော် ယုံကြည်ချက်အတွက် ကာကွယ်ပြောဆိုသူများက အဆိုပါကျမ်းစာသွန်သင်ချက်ကို မလိမ့်တပတ်လုပ်လိုက်ကြသည်။ စိုးလ်သည် မျက်စိနှင့်မမြင်နိုင်သော၊ မသေနိုင်သောအရာဖြစ်ပြီး ခန္ဓာကိုယ်မှ သီးခြားခွဲထွက်နိုင်သည်ဟူသော ပလေတို၏ အတွေးအခေါ်ပညာဖြင့် ကျမ်းစာသွန်သင်ချက်ကို ပေါင်းစပ်လိုက်ကြသည်။ ရှင်ပြန်ထမြောက်ခြင်း ယုံကြည်ချက်သည် ဘ၀ကူးပြောင်းခြင်းဟူသော ပိုက်သာဂိုရပ်စ်၏ သွန်သင်ချက်တွင် အစကတည်းက ပါရှိခဲ့ကြောင်း မီနယူကီးယပ်စ် ဖီးလခ်စ်ကဆိုသည်။ သူတို့သည် ဂရိအတွေးအခေါ်ပညာကြောင့် သမ္မာကျမ်းစာသွန်သင်ချက်များနှင့် အလှမ်းဝေးသွားကြသည်။
မှားယွင်းသော ရွေးချယ်မှု
အတွေးအခေါ်ပညာကြောင့် ခရစ်ယာန်ယုံကြည်ချက် တလွဲဖြစ်သွားနိုင်သည်ဟု ယုံကြည်ချက်အတွက် ကာကွယ်ပြောဆိုသူတချို့က သတိပြုမိသည်။ သူတို့သည် အတွေးအခေါ်ပညာရှင်များကို ဝေဖန်ကြသော်လည်း အတွေးအခေါ်ဆိုင်ရာ အသိပညာရှာဖွေနည်းကိုမူ နှစ်သက်နေကြဆဲပင်။ ဥပမာ၊ အတွေးအခေါ်ပညာရှင်များသည် အကျိုးရှိသည့်အရာ ဘာတစ်ခုကိုမျှ မလုပ်ဆောင်ကြဟု တေရှန်က ပြစ်တင်ပြောဆိုခဲ့သည်။ တစ်ချိန်တည်းတွင် သူသည် ခရစ်ယာန်ဘာသာကို “ကျွန်ုပ်တို့၏ အတွေးအခေါ်ပညာ” ဟုခေါ်ဆိုခဲ့ကာ တွေးတောမှန်းဆနေရသည်ကို အလွန်နှစ်သက်၏။ တာတူလျန်ကမူ ခရစ်ယာန်အယူအဆအပေါ် အယူမှားအတွေးအခေါ်ပညာ လွှမ်းမိုးနေသည်ကို ဝေဖန်ရှုတ်ချခဲ့သည်။ သို့သော် သူသည် “အတွေးအခေါ်ပညာရှင်နှင့် မာတုရဖြစ်သူ ဂျတ်စ်တင်၊ အတွေးအခေါ်ပညာရှင် မီလ်ရှီရေ့စ်” နှင့် အခြားသူများ၏ လမ်းစဉ်ကို လိုက်လျှောက်လိုသည်ဟုလည်း ဆိုခဲ့၏။ အယ်သနာဂိုရပ်စ်က သူ့ကိုယ်သူ “အေသင်မြို့သား ခရစ်ယာန်အတွေးအခေါ်ပညာရှင်” ဟုဆိုသည်။ ကလီးမင့်ကမူ “ခရစ်ယာန်များသည် ဉာဏ်ပညာရရန်၊ ယုံကြည်မှုအတွက် ကာကွယ်ပြောဆိုရန် အတွေးအခေါ်ပညာကို ဂရုတစိုက် ရွေးချယ်အသုံးပြုတတ်ရမည်” ဟုဆိုသည်။
သူတို့၏ယုံကြည်ချက်အတွက် ကာကွယ်ပြောဆိုခြင်းကြောင့် အောင်မြင်မှုများ ရရှိခဲ့မည်ဖြစ်သော်လည်း သူတို့သည် မဟာအမှားကြီးတစ်ခုကို ကျူးလွန်မိလေပြီ။ မည်သို့ကျူးလွန်မိသနည်း။ လိုသလိုသုံးစွဲနိုင်သော ဘုရားသခင်ပြင်ဆင်ပေးသည့် လက်နက်စုံတွင် “ဘုရားသခင်၏ တရားစကားတော်” သည် “အသက်ရှင်၍ တန်ခိုးရှိ” ရာ မည်သည့်အရာထက်မဆို ပို၍အစွမ်းထက်ကြောင်း ခရစ်ယာန်များကို တမန်တော်ပေါလု သတိပေးခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ ပေါလုက “ငါတို့သည် မှားယွင်းသော အတွေးအခေါ်များကိုလည်းကောင်း၊ ဘုရားသခင်နှင့်ဟေဗြဲ ၄:၁၂; ၂ ကောရိန္သု ၁၀:၄၊ ၅; ဧဖက် ၆:၁၇။
ဆိုင်သော အသိပညာကို ဆန့်ကျင်သည့် ထောင်လွှားသောအရာရှိသမျှကိုလည်းကောင်း မှောက်လှန်ကြ၏” ဟုပြောခဲ့သည်။—ယေရှု အသတ်မခံရမီညတွင် တပည့်များကို “အားယူကြလော့။ ငါသည် လောကကိုအောင်ပြီ” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၆:၃၃) ကိုယ်တော်ကြုံတွေ့ခဲ့ရသော စမ်းသပ်မှုများနှင့် ဆင်းရဲခက်ခဲမှုများက ခမည်းတော်အပေါ်ထားရှိသော ကိုယ်တော်၏ယုံကြည်ခြင်းနှင့် သစ္စာစောင့်သိမှုကို မချိုးဖျက်နိုင်ခဲ့ချေ။ အလားတူ အသက်ရှင်ကျန်ရစ်ခဲ့သော နောက်ဆုံးတမန်တော်ဖြစ်သည့် ယောဟန်က “လောကကို အောင်နိုင်စေသည်ကား ငါတို့၏ယုံကြည်ခြင်းပေတည်း” ဟုရေးသားခဲ့သည်။ (၁ ယောဟန် ၅:၄) ယုံကြည်ချက်အတွက် ကာကွယ်ပြောဆိုသူများသည် ခရစ်ယာန်ယုံကြည်ချက်ဘက်မှ ရပ်တည်လိုကြသော်လည်း လောကအတွေးအခေါ်ပညာ၏ အယူအဆများနှင့် အဆိုပြုချက်များကို ခံယူခြင်းဖြင့် မှားယွင်းစွာ ရွေးချယ်ခဲ့ကြသည်။ ထိုသို့ဖြင့် သူတို့သည် အတွေးအခေါ်ပညာ၏ သွေးဆောင်မှုအောက် ကျရောက်သွားခဲ့ပြီး သူတို့နှင့် အမည်ခံခရစ်ယာန်ဘာသာ၏ အမှတ်လက္ခဏာကို လောက,က အနိုင်ယူလိုက်သည်။ သူတို့သည် စစ်မှန်သော ခရစ်ယာန်ယုံကြည်ချက်အတွက် ရပ်တည်၍ ကာကွယ်ပြောဆိုမည့်အစား “အလင်း၏ ကောင်းကင်တမန် ဖြစ်ယောင်ဆောင်” သော စာတန်၏ ထောင်ချောက်ထဲ အမှတ်တမဲ့ ကျရောက်သွားခဲ့ကြသည်။—၂ ကောရိန္သု ၁၁:၁၄။
ယနေ့ခေတ် ခရစ်ယာန်ဓမ္မဆရာများနှင့် ဓမ္မပညာရှင်များသည် အထက်ပါလမ်းစဉ်အတိုင်း လိုက်လျှောက်ခဲ့ကြသည်။ သူတို့သည် စစ်မှန်သော ခရစ်ယာန်ဘာသာအတွက် သမ္မာကျမ်းစာကို အသုံးပြု၍ ကာကွယ်ပြောဆိုမည့်အစား သမ္မာကျမ်းစာ၏ တန်ဖိုးကို ကျဆင်းစေကြသည်။ ဩဇာအာဏာရှိ လူတန်းစားနှင့် ပြည်သူလူထု၏ နှစ်သက်လက်ခံမှုကိုရရှိရန် လောကအတွေးအခေါ်ပညာရပ်ကို အသုံးပြု၍ သွန်သင်ကြသည်။ ကျမ်းစာနှင့်မညီသော လောကလမ်းစဉ်နောက်လိုက်ခြင်း၏ အန္တရာယ်ကို ခိုင်မာပြတ်သားစွာ သတိပေးမည့်အစား ၎င်းတို့အား ထောက်ခံသူများ၏ နှစ်သက်လက်ခံမှုရရှိရန် သူတို့ “ကြားလိုရာများ” ကိုသာ ဟောပြောကြတော့သည်။ (၂ တိမောသေ ၄:၃) ထိုသူတို့သည် ရှေးခေတ်က ယုံကြည်ချက်အတွက် ကာကွယ်ပြောဆိုသူများကဲ့သို့ပင် ဤကျမ်းစာသတိပေးချက်ကို လျစ်လျူရှုခဲ့ကြသည်မှာ ဝမ်းနည်းစရာပင်– “ခရစ်တော်၏ သွန်သင်ချက်အတိုင်းမလိုက်၊ လောက၏ အခြေခံတရားကိုလိုက်၍ လူ့ထုံးတမ်းစဉ်လာပေါ် အခြေပြုသော အတွေးအခေါ်နှင့် အကျိုးမဲ့ လှည့်ဖြားပြောဆိုခြင်းအားဖြင့် သင်တို့ကို သားကောင်အဖြစ် ဖမ်းယူမည့်သူတစ်ဦးဦး ရှိနိုင်သောကြောင့် သတိပြုကြလော့။” ထို့ပြင် “သူတို့၏အဆုံးသည် သူတို့၏လုပ်ရပ်အတိုင်း ဖြစ်လိမ့်မည်” ဟုလည်း ကျမ်းစာက သတိပေးခဲ့သည်။—ကောလောသဲ ၂:၈; ၂ ကောရိန္သု ၁၁:၁၅။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 ယုံကြည်ချက်အတွက် ကာကွယ်ပြောဆိုသူများတွင် ကွာဒရေးတပ်စ်၊ အရစ္စတီးဒီးစ်၊ တေရှန်၊ အပေါ်လာနာရပ်စ်၊ အယ်သနာဂိုရပ်စ်၊ သီအောဖလပ်စ်၊ မယ်လတို၊ မီနယူကီးယပ်စ် ဖီးလခ်စ်နှင့် အခြားလူသိနည်းသော စာရေးဆရာများလည်း ပါဝင်သည်။ ၂၀၀၃၊ မေ ၁၅ ကင်းမျှော်စင်၊ စာမျက်နှာ ၂၇-၂၉ နှင့် ၁၉၉၆၊ မတ်လ ၁၅ ကင်းမျှော်စင်၊ စာမျက်နှာ ၂၈-၃၀ တွင်ကြည့်ပါ။
^ အပိုဒ်၊ 13 တာတူလျန်၏ ယုံကြည်ချက်များအကြောင်း ထပ်ဆင့်သိလိုပါက ၂၀၀၂၊ မေ ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၉-၃၁ တွင်ကြည့်ပါ။
[စာမျက်နှာ ၃၁ ပါ အကျဉ်းဖော်ပြချက်]
“ငါတို့သည် မှားယွင်းသော အတွေးအခေါ်များ ကိုလည်းကောင်း၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာကို ဆန့်ကျင်သည့် ထောင်လွှားသောအရာ ရှိသမျှကိုလည်းကောင်း မှောက်လှန်ကြ၏။”—၂ ကောရိန္သု ၁၀:၅
[စာမျက်နှာ ၂၈ ပါရုပ်ပုံ]
ဂျတ်စ်တင်အတွက် အတွေးအခေါ်ပညာကို အတုယူခြင်းသည် “အကျိုးရှိပြီး အန္တရာယ်ကင်း”
[စာမျက်နှာ ၂၉ ပါရုပ်ပုံ]
အတွေးအခေါ်ပညာကို “စစ်မှန်သော ဓမ္မပညာ” အဖြစ် ကလီးမင့် ရှုမြင်ခဲ့
[စာမျက်နှာ ၂၉ ပါရုပ်ပုံ]
တာတူလျန်၏ တွေးခေါ်ဆင်ခြင်မှုက သုံးပါးတစ်ဆူအယူဝါဒ ဖြစ်ပေါ်လာရန် ထောက်ကူပေးခဲ့
[စာမျက်နှာ ၂၉ ပါရုပ်ပုံ]
အမည်ခံခရစ်ယာန်ဘာသာကို “ကျွန်ုပ်တို့၏ အတွေးအခေါ်ပညာ” ဟုတေရှန် ခေါ်ဆိုခဲ့
[စာမျက်နှာ ၃၀ ပါရုပ်ပုံ]
ယနေ့ခေတ် ခရစ်ယာန်ဓမ္မဆရာများနှင့် ဓမ္မပညာရှင်များသည် ရှေးခေတ်က ယုံကြည်ချက်အတွက် ကာကွယ်ပြောဆိုသူများ၏လမ်းစဉ်ကို လိုက်လျှောက်ခဲ့ကြ
[စာမျက်နှာ ၃၁ ပါရုပ်ပုံ]
အတွေးအခေါ်ပညာနှင့် လူတို့၏လှည့်စားမှုကို မခံယူရန် တမန်တော်ပေါလု သတိပေးခဲ့
[Picture Credit Lines on page 29]
ကလီးမင့်– Historical Pictures Service; တာတူလျန်– © Bibliothèque nationale de France