မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဘယ်သူတွေ ကောင်းကင်တက်ကြမှာလဲ၊ ဘာအတွက်လဲ

ယနေ့ခေတ် လူသန်းပေါင်းများစွာဟာ သူတို့သေဆုံးသွားတဲ့အခါ ကောင်းကင်တက်ဖို့ မျှော်လင့်ကြတယ်။ သစ္စာရှိတမန်တော်တွေ ကောင်းကင်တက်ကြမယ်လို့ ယေရှု ပြောခဲ့တာမှန်ပါတယ်။ ကောင်းကင်ခမည်းတော်နဲ့အတူနေဖို့ သူတို့အတွက် နေရာပြင်ဆင်ပေးမယ်လို့ ယေရှု မသေဆုံးခင် ကတိပြုခဲ့တယ်။—ယောဟန် ၁၄:၂ ကိုဖတ်ပါ။

သေဆုံးသွားတဲ့သူတွေဟာ ဘာအတွက် ကောင်းကင်တက်ကြမှာလဲ။ ကောင်းကင်မှာ သူတို့ ဘာလုပ်ကြမှာလဲ။ တမန်တော်တွေဟာ ကောင်းကင်မှာ ရှင်ဘုရင်ဖြစ်ကြမယ်လို့ ယေရှု ပြောခဲ့တယ်။ အဲဒီကနေ ကမ္ဘာမြေကို သူတို့ အုပ်ချုပ်ကြလိမ့်မယ်။—လုကာ ၂၂:၂၈-၃၀; ဗျာဒိတ် ၅:၁၀ တို့ကို ဖတ်ပါ။

လူကောင်းအားလုံး ကောင်းကင်တက်ကြမှာလား

နိုင်ငံအများစုမှာ အုပ်ချုပ်သူလူတန်းစားက အနည်းစုပဲရှိပါတယ်။ ယေရှုဟာ ရွေးချယ်ထားသူတွေကိုပဲ ကောင်းကင်မှာ အသက်ပြန်ရှင်စေတယ်။ သူတို့ဟာ ကမ္ဘာမြေကြီးကို အုပ်ချုပ်မှာဖြစ်တဲ့အတွက် အနည်းစုပဲဖြစ်မယ်ဆိုတာကို နားလည်နိုင်ပါတယ်။ (လုကာ ၁၂:၃၂) ယေရှုနဲ့အတူ တွဲပြီးအုပ်ချုပ်မယ့်သူ အရေအတွက် အတိအကျကို သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။—ဗျာဒိတ် ၁၄:၁ ကိုဖတ်ပါ။

ယေရှုဟာ မိမိရဲ့နောက်လိုက်တွေ ကောင်းကင်မှာနေဖို့ ပြင်ဆင်ပေးခဲ့တယ်။ ကောင်းကင်မှာ သူတို့ ဘာလုပ်ကြမယ်လို့ သင် ထင်သလဲ

ကောင်းကင်တက်မယ့်သူတွေပဲ ဆုချခံရတာ မဟုတ်ပါဘူး။ ယေရှုရဲ့ နိုင်ငံတော်ကို သစ္စာရှိရှိ လက်အောက်ခံမယ့်သူတွေဟာ ဧဒင်ဥယျာဉ်လိုမျိုး သာယာလှပတဲ့ကမ္ဘာမြေမှာ ထာဝစဉ် အသက်ရှင်ခွင့် ရကြပါလိမ့်မယ်။ (ယောဟန် ၃:၁၆) လက်ရှိဆိုးညစ်တဲ့စနစ် ဖျက်ဆီးခံရတဲ့အခါ လူတချို့ လွတ်မြောက်ပြီး သာယာလှပတဲ့ကမ္ဘာမြေမှာ နေထိုင်ရပါလိမ့်မယ်။ ဖျက်ဆီးခြင်းမတိုင်ခင် သေဆုံးသွားတဲ့သူတွေဟာ ကမ္ဘာမြေပေါ်မှာပဲ အသက်ပြန်ရှင်လာကြပါလိမ့်မယ်။—ဆာလံ ၃၇:၂၉ကဘ; ယောဟန် ၅:၂၈၊ ၂၉ ကိုဖတ်ပါ။