မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဘာရည်ရွယ်ချက်နဲ့ ခရစ်တော်ပြန်လာမှာလဲ

ယေရှုခရစ်က ကမ္ဘာပေါ် ပြန်လာမယ်လို့ ကတိပေးခဲ့တယ်။ အဲဒီကတိကို ကောင်းကင်မတက်ခင် အေဒီ ၃၃ မှာ ပေးခဲ့တာဖြစ်တယ်။ ယေရှုဟာ ခရီးဝေးကို ထွက်သွားပြီးနောက် ဘုရင်အဖြစ် ပြန်လာမယ့် မင်းသားနဲ့ သူ့ကိုယ်သူ နှိုင်းယှဉ်ခဲ့တယ်။ ဒါကြောင့် ယေရှု ပြန်လာရတဲ့ရည်ရွယ်ချက်က လူသားတွေကို အုပ်ချုပ်ဖို့ဖြစ်တယ်။—လုကာ ၁၉:၁၁၊ ၁၂ ကိုဖတ်ပါ။

ယေရှု ပြန်လာရတဲ့ရည်ရွယ်ချက်က လူသားတွေကို အုပ်ချုပ်ဖို့ဖြစ်

ဘယ်လို ခန္ဓာကိုယ်မျိုးနဲ့ ခရစ်တော် ပြန်လာမှာလဲ။ ယေရှုဟာ သေပြီးတဲ့နောက် မမြင်နိုင်တဲ့ နာမ်ဝိညာဉ်ခန္ဓာကိုယ်နဲ့ အသက်ပြန်ရှင်ခဲ့တယ်။ (၁ ပေတရု ၃:၁၈) အဲဒီနောက် ကောင်းကင်ကို ပြန်သွားပြီး ယေဟောဝါဘုရားရဲ့ ညာဘက်မှာ ထိုင်စောင့်နေခဲ့တယ်။ (ဆာလံ ၁၁၀:၁) တော်တော်လေးကြာပြီးနောက် “အသက်ကြီးသောသူ” ဖြစ်တဲ့ ယေဟောဝါဘုရားက လူသားတွေကို အုပ်ချုပ်ဖို့ ယေရှုကို အာဏာအပ်နှင်းခဲ့တယ်။ ဒါကြောင့် ယေရှုဟာ လူတစ်ယောက်အဖြစ်မဟုတ်ဘဲ မမြင်ရတဲ့ နာမ်ဝိညာဉ်ခန္ဓာကိုယ်နဲ့ ဘုရင်အဖြစ် ပြန်လာမှာဖြစ်တယ်။—ဒံယေလ ၇:၁၃၊ ၁၄ ကိုဖတ်ပါ။

ယေရှုပြန်လာတဲ့အခါ ဘာတွေလုပ်မှာလဲ

မျက်မြင်မရတဲ့နည်းနဲ့ ကောင်းကင်တမန်တွေနဲ့အတူ ယေရှု ပြန်လာတဲ့အခါ လူသားတွေကို တရားစီရင်ပါလိမ့်မယ်။ လူဆိုးတွေကို ဖျက်ဆီးပြီး မိမိကို ဘုရင်အဖြစ် လက်ခံသူတွေကို ထာဝရအသက်ဆု ပေးမှာဖြစ်တယ်။—မဿဲ ၂၅:၃၁-၃၃၊ ၄၆ ကိုဖတ်ပါ။

ယေရှု ဘုရင်အဖြစ် အုပ်ချုပ်တဲ့အခါ ကမ္ဘာမြေကြီးကို သာယာလှပတဲ့ဥယျာဉ်အဖြစ် ပြောင်းလဲပေးမှာဖြစ်တယ်။ သေဆုံးသွားသူတွေလည်း သာယာလှပတဲ့ ကမ္ဘာမြေကြီးမှာ ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ သူတို့ကို အသက်ပြန်ရှင်အောင် လုပ်ပေးမှာဖြစ်တယ်။—လုကာ ၂၃:၄၂၊ ၄၃ ကိုဖတ်ပါ။