ရှေးအစ္စရေးလူမျိုးကို ဘုရားပေးတဲ့ပညတ်က တရားမျှတမှုရှိသလား
လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က အနောက်နိုင်ငံတစ်နိုင်ငံရဲ့ တရားရုံးမှာ လူသတ်မှုနဲ့ မဟုတ်မမှန်စွဲချက်တင်ခံရတဲ့ တရားခံနှစ်ယောက်ကို သေဒဏ်ချမှတ်လိုက်တယ်။ နောက်ပိုင်း အဖြစ်မှန်ပေါ်သွားတဲ့အခါ ရှေ့နေတွေက ကြိုးစားပြီး အမှုပြန်လိုက်ပေးတဲ့အတွက် တစ်ယောက်လွတ်သွားတယ်။ နောက်တစ်ယောက်ကိုတော့ အတော်ဆုံးရှေ့နေတွေတောင် လွတ်အောင်မလုပ်ပေးနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ သူ့ကို သေဒဏ်စီရင်ပြီး ဖြစ်လို့ပဲ။
တရားရေးစနစ်အားလုံးနီးပါးမှာ စီရင်ချက်တွေက မမျှတမှုတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် သမ္မာကျမ်းစာက “သင်တို့သည် တရားမျှတစွာ အစဉ်ပြုမူကျင့်ကြံရကြမည်” လို့တိုက်တွန်းထားပါတယ်။ (တရားဟောရာ ၁၆:၂၀၊ ခမ) တရားသူကြီးတွေက အမှုကိစ္စတွေကို တရားမျှတစွာ ကိုင်တွယ်တဲ့အခါ ပြည်သူပြည်သားတွေ အကျိုးကျေးဇူးခံစားရတယ်။ တရားရေးကိစ္စနဲ့ပတ်သက်ပြီး ရှေးအစ္စရေးလူတွေကို ဘုရားပေးထားတဲ့ပညတ်ဟာ ဘက်မလိုက်မှု၊ တရားမျှတမှုပေါ် အခြေခံထားပါတယ်။ “[ဘုရားသခင်] စီရင်တော်မူသမျှတို့သည် တရားနှင့်ညီ” မညီဆိုတာကို သိနိုင်ဖို့ ဘုရားရဲ့ပညတ်ကို သုံးသပ်ကြည့်ရအောင်။—တရားဟောရာ ၃၂:၄။
“ပညာအမြော်အမြင်နှင့် အတွေ့အကြုံ” ရှိတဲ့ တရားသူကြီးတွေ
တရားသူကြီးတွေက အကျင့်ပျက်ခြစားမှုမရှိဘဲ အရည်အချင်းရှိပြီး တရားမျှတမယ်ဆိုရင် လူတွေ အကျိုးကျေးဇူးခံစားရပါလိမ့်မယ်။ အဲဒီအရည်အသွေးတွေရှိတဲ့ တရားသူကြီးတွေကို ဘုရား အလွန်တန်ဖိုးထားတယ်ဆိုတာ ဘုရားပေးပညတ်က ဖော်ပြနေတယ်။ တောကန္တာရမှာ အစ္စရေးလူတွေ လှည့်လည်နေတုန်းက ‘အရည်အချင်းရှိပြီး ဘုရားကို ကြောက်ရွံ့၍ ရိုးသားဖြောင့်မတ်လျက် အဂတိမလိုက်စားတတ်သူများ’ ကို တရားသူကြီးအဖြစ် ခန့်အပ်ပါလို့ မောရှေကို ဘုရားမိန့်မှာခဲ့တယ်။ (ထွက်မြောက်ရာ ၁၈:၂၁၊ ၂၂၊ ခမ) တရားသူကြီးတွေဟာ “ပညာအမြော်အမြင်နှင့် အတွေ့အကြုံ” တွေရှိရမယ်လို့ နောက်နှစ်ပေါင်း ၄၀ အကြာမှာ မောရှေ အလေးပေးထပ်ပြောခဲ့တယ်။—တရားဟောရာ ၁:၁၃-၁၇၊ ခမ။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ယုဒရှင်ဘုရင် ယောရှဖတ် * က တရားသူကြီးတွေကို ဒီလိုမိန့်မှာခဲ့တယ်– “သင်တို့ပြုသောအမှုကို သတိပြုကြလော့။ လူ၏အမှုကိုစောင့်၍ တရားစီရင်သည်မဟုတ်။ သင်တို့စီရင်ရာတွင် ရှိတော်မူသော ထာဝရဘုရား၏အမှုတော်ကိုစောင့်၍ စီရင်ရကြ၏။ သို့ဖြစ်၍ ထာဝရဘုရားကို ကြောက်ရွံ့သောစိတ်ရှိ၍ သတိပြုကြလော့။ ငါတို့ဘုရားသခင်သည် မတရားသောအမှုကို လက်ခံခြင်း၊ လူမျက်နှာကိုထောက်ခြင်း၊ တံစိုးစားခြင်းအခွင့်ရှိတော်မမူဟု မှာထားတော်မူ၏။” (၂ ရာဇဝင်ချုပ် ၁၉:၆၊ ၇) ဒါကြောင့် မျက်နှာလိုက်မှု၊ ဒါမှမဟုတ် လောဘကြီးမှုကြောင့် လွဲမှားတဲ့ဆုံးဖြတ်ချက်တွေ ချခဲ့မယ်ဆိုရင် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး တရားသူကြီးတွေကို ဘုရားသခင် အရေးယူလိမ့်မယ်လို့ ရှင်ဘုရင် သတိပေးခဲ့တယ်။
အစ္စရေးတရားသူကြီးတွေဟာ ဘုရားရဲ့စံနှုန်းတွေနဲ့အညီ တရားစီရင်တဲ့အခါ ပြည်သူပြည်သားတွေက ကာကွယ်မှုနဲ့ လုံခြုံမှုခံစားရပါတယ်။ ဒါပေမဲ့ ဘုရားပညတ်မှာ အခြေခံလမ်းညွှန်ချက်တွေကိုလည်း ဖော်ပြပေးထားပါတယ်။ အဲဒါတွေက ခက်ခဲတဲ့အမှုကိစ္စတွေမှာတောင် တရားသူကြီးတွေအနေနဲ့ မှန်မှန်ကန်ကန် စီရင်ချက်ချနိုင်ဖို့ ထောက်ကူပေးပါတယ်။ အဲဒီလမ်းညွှန်ချက်တချို့က ဘာတွေလဲ။
တရားမျှတစွာ စီရင်ချက်ချနိုင်မယ့် လမ်းညွှန်ချက်များ
တရားသူကြီးတွေက ဉာဏ်အမြော်အမြင်နဲ့ အရည်အချင်းရှိရမှာ မှန်ပေမဲ့ သူတို့ရဲ့ အစွမ်းအစပေါ်မှာ မူတည်ပြီး တရားမစီရင်ရဘူး။ ယေဟောဝါဘုရားက သူတို့ကို လမ်းညွှန်ချက်တွေပေးထားပါတယ်။ အဲဒီလမ်းညွှန်ချက်တွေအတိုင်း တရားစီရင်မှသာ မှန်ကန်ပြီး တရားမျှတမှု ရှိနိုင်မယ်။ အစ္စရေးတရားသူကြီးတွေကို ပေးထားတဲ့ လမ်းညွှန်ချက်တချို့ကို နောက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
တရားဟောရာ ၁:၁၆) အမှုကိစ္စနဲ့ပတ်သက်ပြီး အချက်အလက်အားလုံး ရရှိမှသာ မှန်မှန်ကန်ကန် တရားစီရင်နိုင်မှာဖြစ်တယ်။ ဒါကြောင့် “စေ့စေ့စပ်စပ် မေးမြန်းစုံစမ်း” ပါဆိုပြီး တရားရေးကိစ္စ ကိုင်တွယ်မယ့်သူတွေကို ဘုရားမိန့်မှာခဲ့တယ်။ ရာဇဝတ်မှုကို ကိုင်တွယ်မယ့်သူအနေနဲ့ အမှုကိစ္စ မစီရင်ခင်မှာ “စေ့စေ့စပ်စပ် စုံစမ်း” ထားရမယ်။—တရားဟောရာ ၁၃:၁၄; ၁၇:၄၊ ခမ။
သေသေချာချာ စုံစမ်းမေးမြန်းပါ။ ဘုရားသခင်က မောရှေကနေတစ်ဆင့် အစ္စရေးတရားသူကြီးတွေကို ဒီလိုညွှန်ကြားခဲ့တယ်– ‘သင်တို့ညီအစ်ကို၏ အမှုတို့ကိုနားထောင်၍ တရားသဖြင့်စီရင်ကြလော့။’ (သက်သေထွက်ဆိုချက်တွေကို နားထောင်ပါ။ စစ်ဆေးမေးမြန်းတဲ့အခါ သက်သေထွက်ဆိုချက်တွေက အရေးကြီးပါတယ်။ ဘုရားသခင်ပညတ်မှာ ဒီလိုဖော်ပြထားတယ်– “လူပြုသော မည်သည့်ဒုစရိုက်ပြစ်မှုမဆို သက်သေတစ်ဦးတည်းရှိလျှင် မတည်ရ။ သက်သေနှစ်ဦး၊ သုံးဦးထွက်ဆိုမှ တည်ရလိမ့်မည်။” (တရားဟောရာ ၁၉:၁၅၊ သမ္မာ) သက်သေထွက်ဆိုမယ့်သူတွေကို ဘုရားပညတ်မှာ ဒီလိုမိန့်မှာထားတယ်– “သင်တို့သည် မဟုတ်မမှန်သောသတင်းကို မလွှင့်နှင့်။ အပြစ်ကျူးလွန်သူဘက်မှ မတရားသက်သေမခံနှင့်။”—ထွက်မြောက်ရာ ၂၃:၁၊ ခမ။
အမှန်အတိုင်း သက်သေထွက်ဆိုပါ။ တရားရုံးမှာ မဟုတ်မမှန်လိမ်ညာပြောဆိုသူတွေ အားလုံးကို ဒီလိုပြင်းပြင်းထန်ထန် သတိပေးခဲ့တယ်– “တရားသူကြီးတို့သည် အမှုကိုစေ့စပ်စွာ စစ်ဆေး၍ ထိုသူသည် ဣသရေလအမျိုးသားချင်းအား မတရားစွပ်စွဲကြောင်း စစ်ဆေးတွေ့ရှိရလျှင် အစွပ်စွဲခံရသူ ခံရမည့်အပြစ်ဒဏ်ကို သူ့အားခံစေရမည်။ ဤနည်းအားဖြင့် သင်တို့သည် ထိုသို့သောဒုစရိုက်ကို ဖယ်ရှားနိုင်ကြမည်။” (တရားဟောရာ ၁၉:၁၈၊ ၁၉၊ ခမ) ဒါကြောင့် လူတစ်ယောက်က တခြားသူရဲ့ အမွေဥစ္စာကိုလိုချင်လို့ လိမ်လည်ခဲ့တယ်ဆိုရင် ပြစ်ဒဏ်အနေနဲ့ အဲဒီအမွေဥစ္စာရဲ့ တူညီတဲ့ပမာဏအတိုင်း ပြန်လျော်ပေးရမယ်။ အပြစ်မရှိသူတစ်ယောက်ကို သေသင့်တယ်လို့ လိမ်လည်စွပ်စွဲတဲ့သူဟာ သေဒဏ်စီရင်ခံရမှာဖြစ်တယ်။ အဲဒီလမ်းညွှန်ချက်တွေက မှန်မှန်ကန်ကန် သက်သေထွက်ဆိုဖို့ တွန်းအားဖြစ်စေပါတယ်။
ဘက်မလိုက်ဘဲ တရားစီရင်ပါ။ တရားသူကြီးတွေက အထောက်အထားအားလုံးကို ရပြီးတဲ့နောက် မှန်မှန်ကန်ကန် တရားစီရင်နိုင်ဖို့ ဆွေးနွေးကြရတယ်။ အဲဒီလို ဆွေးနွေးတဲ့အခါ “အမှုအခင်းများကို တရားမျှတစွာ စီရင်ရမည်။ ဆင်းရဲသူဘက်သို့ မျက်နှာသာပေးခြင်း၊ ပစ္စည်းချမ်းသာသူဘက်သို့ မျက်နှာလိုက်ခြင်းမရှိစေရ” ဆိုတဲ့ အသေးစိတ်ဖော်ပြထားတဲ့ ဝတ်ပြုရာ ၁၉:၁၅၊ ခမ) တရားရေးကိစ္စတွေကို ကိုင်တွယ်တဲ့အခါ ပါဝင်ပတ်သက်သူတွေရဲ့ အပြင်ပန်း ဒါမှမဟုတ် အဆင့်အတန်းပေါ်မဟုတ်ဘဲ အဖြစ်မှန်ပေါ်မှာပဲ မူတည်ပြီး စီရင်ချက်ချရမယ်။
ဘုရားပညတ်ကို လိုက်နာဖို့ အထူးအရေးကြီးတယ်။ (လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက အစ္စရေးလူတွေကိုပေးခဲ့တဲ့ လမ်းညွှန်ချက်တွေဟာ ဒီနေ့ခေတ် တရားရုံးတွေမှာလည်း အသုံးဝင်နေတုန်းပါပဲ။ အဲဒီလမ်းညွှန်ချက်တွေကိုသာ လိုက်လျှောက်မယ်ဆိုရင် မှားယွင်းတဲ့ တရားစီရင်ချက်တွေ ရှိတော့မှာ မဟုတ်ပါဘူး။
မျှတတဲ့တရားစီရင်မှုကနေ အကျိုးရရှိခဲ့တဲ့သူတွေ
အစ္စရေးလူတွေကို မောရှေ ဒီလိုမေးခဲ့တယ်– “ယနေ့ သင်တို့အား ငါ သွန်သင်သော ပညတ်တော်များကဲ့သို့ တရားမျှတသောပညတ်များကို ရသောလူမျိုးကြီးရှိသေးသလော။” (တရားဟောရာ ၄:၈၊ ခမ) တခြားဘယ်လူမျိုးကမှ တရားမျှတတဲ့ ပညတ်ကနေ အကျိုးမခံစားခဲ့ရပါဘူး။ ဘုရင်ရှောလမုန်ဟာ ငယ်ရွယ်စဉ်မှာ ယေဟောဝါဘုရားရဲ့ ပညတ်တွေကို ကြိုးစားလိုက်လျှောက်ခဲ့တဲ့အတွက် သူ့အုပ်ချုပ်မှုအောက်မှာ ပြည်သူတွေဟာ “ဘေးလွတ်လျက်နေရ” ပြီး ပစ္စည်းဥစ္စာကြွယ်ဝတဲ့အပြင် “စားသောက်ပျော်မွေ့လျက်နေ” ခွင့်ရခဲ့တယ်။—၃ ဓမ္မရာဇဝင် ၄:၂၀၊ ၂၅၊ သမ္မာ။
ဝမ်းနည်းစရာက အစ္စရေးလူတွေဟာ တဖြည်းဖြည်းနဲ့ ဘုရားရဲ့ပညတ်တွေကို မလိုက်နာကြတော့ဘူး။ ကျမ်းရေးသူ ယေရမိကတစ်ဆင့် ဘုရားဒီလိုပြောခဲ့တယ်– “ထာဝရဘုရား၏နှုတ်ကပါဌ်တော်ကို ပယ်ကြပြီ။ သူတို့၌ ပညာမည်မျှရှိသနည်း။” (ယေရမိ ၈:၉) နောက်ပိုင်းမှာ ဂျေရုဆလင်မြို့ဟာ “စက်ဆုပ်ရွံရှာဖွယ်အမှု” တွေနဲ့ပြည့်နေတဲ့ “လူအသက်ကိုသတ်တတ်သောမြို့” ဖြစ်လာတယ်။ နောက်ဆုံး အဲဒီမြို့ဟာ ဖျက်ဆီးခံလိုက်ရပြီး အနှစ် ၇၀ အထိ လူမနေတဲ့နေရာ ဖြစ်ခဲ့တယ်။—ယေဇကျေလ ၂၂:၂; ယေရမိ ၂၅:၁၁။
ကျမ်းရေးသူ ဟေရှာယဟာ အစ္စရေးလူတွေရဲ့သမိုင်းမှာ ဒုက္ခများတဲ့ကာလအတွင်း အသက်ရှင်ခဲ့သူဖြစ်တယ်။ အဲဒီအချိန်မှာ ယေဟောဝါဘုရားနဲ့ ကိုယ်တော့်ပညတ်တွေနဲ့ပတ်သက်ပြီး ဒီအမှန်တရားကို ကြေညာခဲ့တယ်– “ကမ္ဘာမြေကြီးနှင့် ကမ္ဘာသူ ကမ္ဘာသားတို့အား ကိုယ်တော်ရှင် တရားစီရင်တော်မူသောအခါ၊ တရားမျှတမှုဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို သူတို့သိရှိကြပါလိမ့်မည်။”—ဟေရှာယ ၂၆:၉၊ ခမ။
ဟေရှာယက ဘုရားခန့်အပ်ထားတဲ့ ဘုရင်ယေရှုခရစ် အုပ်ချုပ်မှုအကြောင်း ဘုရားလမ်းညွှန်မှုနဲ့ ဒီလိုကြိုဟောခဲ့တယ်– “ကိုယ်တော်သည် မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်၊ နားကြားသည်အတိုင်း မဆုံးဖြတ်ဘဲ နွမ်းပါးသူတို့အမှုကို ဖြောင့်မတ်စွာစီရင်၍ ဆင်းရဲသော ပြည်သူပြည်သားတို့ အမှုကိုလည်း မျှတစွာ ဆုံးဖြတ်တော်မူလိမ့်မည်။” (ဟေရှာယ ၁၁:၃၊ ၄၊ သမ္မာ) ဘုရားနိုင်ငံတော်မှာ ဘုရင်ယေရှုအုပ်ချုပ်တဲ့အခါ လက်အောက်ခံပြည်သားတွေ အားလုံးအတွက် ဘယ်လောက်ကောင်းတဲ့ အနာဂတ်ဖြစ်လိုက်မလဲ။—မဿဲ ၆:၁၀။
^ စာပိုဒ်၊ 6 ယောရှဖတ်ဆိုတဲ့ နာမည်ဟာ “ယေဟောဝါက တရားသူကြီးဖြစ်တယ်” လို့ အဓိပ္ပာယ်ရှိပါတယ်။