မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

ရောမတပ်မှူးရဲ့တာဝန်က ဘာလဲ

နံရံပေါ်မှာထွင်းထုထားတဲ့ တပ်မှူး မာကပ်စ် ဖာဘိုနီယပ်စ် ဖာစီလပ်စ်ရဲ့ပုံ

ခရစ်ယာန်ဂရိကျမ်းစောင် (ဓမ္မသစ်ကျမ်း) မှာ ရောမတပ်မှူးတွေအကြောင်း အကြိမ်ကြိမ်ဖော်ပြထားပါတယ်။ ယေရှုကို သေဒဏ်ပေးတဲ့အခါ ကြီးကြပ်ပေးရတဲ့ စစ်တပ်အရာရှိနဲ့ ခရစ်ယာန်ဘာသာကို ဦးဆုံးပြောင်းဝင်လာတဲ့ ကော်နေလိတို့ဟာ ရောမတပ်မှူးတွေဖြစ်တယ်။ ဒါ့အပြင် ပေါလုကို ကြိမ်ဒဏ်ပေးတဲ့အခါ ကြီးကြပ်ပေးတဲ့သူနဲ့ ပေါလုကို ရောမမြို့ဆီ စောင့်ကြပ်ပို့ဆောင်ပေးရတဲ့ ယုလိလက်တို့လည်း ရောမတပ်မှူးတွေဖြစ်တယ်။—မာကု ၁၅:၃၉; တမန်တော် ၁၀:၁; ၂၂:၂၅; ၂၇:၁

ရောမတပ်မှူးတစ်ဦးက တပ်သား ၅၀ နဲ့ ၁၀၀ ကြားရှိတဲ့ ကြည်းတပ်ကို အုပ်ချုပ်ရတယ်။ သူ့ရဲ့တာဝန်က တပ်သားတွေကို စစ်ရေးလေ့ကျင့်ပေးဖို့နဲ့ စစ်စည်းကမ်းတွေချမှတ်ပေးဖို့ဖြစ်တယ်။ ဒါ့အပြင် တပ်သားတွေရဲ့ ဝတ်စုံတွေ၊ လက်နက်တွေကို စစ်ဆေးပေးရတဲ့အပြင် တပ်ဖြန့်ချိန်မှာလည်း အမိန့်ပေးရတယ်။

သာမန်တပ်သားတစ်ယောက်ရနိုင်တဲ့ အမြင့်ဆုံးရာထူးက တပ်မှူးရာထူးဖြစ်တယ်။ စစ်သားတွေကို ဦးဆောင်နိုင်စွမ်းရှိသူတွေပဲ ဒီရာထူးကို ရရှိကြတယ်။ အကြောင်းက ရောမစစ်တပ်ရဲ့စည်းကမ်းရှိမှုနဲ့ တိုက်ရည်ခိုက်ရည်ရှိမှုက တပ်မှူးတွေအပေါ် မူတည်နေလို့ပါ။ ရောမတပ်မှူးတွေဟာ “အတွေ့အကြုံများပြီး စစ်ဗျူဟာကြွယ်ဝသူတွေဖြစ်တယ်” လို့ စာပေတစ်ခုမှာ ဖော်ပြထားတယ်။

ကျမ်းစာခေတ် ကြည့်မှန်တွေနဲ့ ဒီနေ့ခေတ် ကြည့်မှန်တွေ ဘယ်လိုကွာခြားသလဲ

ရှေးခေတ်အီဂျစ်တွေရဲ့ ကြည့်မှန်

ဒီနေ့ခေတ် ကြည့်မှန်တွေနဲ့မတူတဲ့ ကျမ်းစာခေတ် ကြည့်မှန်တွေကို ပြောင်လက်အောင်တိုက်ထားတဲ့ ကြေးညိုသတ္တုနဲ့ ပြုလုပ်ထားတယ်။ ရွှေ၊ ငွေ၊ ကြေးနီ၊ မိုးကြိုးသတ္တုနဲ့လည်း ပြုလုပ်ကြတယ်။ ကျမ်းစာခေတ် ကြည့်မှန်တွေအကြောင်း ဦးဆုံးဖော်ပြချက်က အစ္စရေးတွေရဲ့ အဓိကဝတ်ပြုရာနေရာဖြစ်တဲ့ တဲတော်တည်ဆောက်ရေးနဲ့ ဆက်စပ်နေပါတယ်။ တဲတော်မှာသုံးတဲ့ ကြေးနီအင်တုံကြီးနဲ့ အင်တုံစင်ပြုလုပ်ဖို့ ကြည့်မှန်တွေကို အမျိုးသမီးတွေ လှူဒါန်းခဲ့ကြတယ်။ (ထွက်မြောက်ရာ ၃၈:၈) ကြည့်မှန်တွေကိုအရည်ကျိုပြီး အဲဒီပစ္စည်းတွေပြုလုပ်တာ ဖြစ်နိုင်ပါတယ်။

အစ္စရေးပြည်နဲ့ အနီးတဝိုက်က ဒေသတွေမှာ ကြည့်မှန်တွေအပြင် ကျောက်မျက်ရတနာနဲ့ အမျိုးသမီးအသုံးအဆောင်ပစ္စည်းတွေကိုပါ ရှေးဟောင်းသုတေသီတွေ တူးဖော်တွေ့ရှိခဲ့ကြတယ်။ ကြည့်မှန်တွေဟာ အဝိုင်းပုံစံဖြစ်ပြီး သစ်သား၊ သတ္တု၊ ဆင်စွယ်လက်ကိုင်တွေနဲ့ အလှဆင်တတ်ကြတယ်။ ဒီလက်ကိုင်တွေကို အများအားဖြင့် အမျိုးသမီးမျက်နှာမျိုး ပုံဖော်ထားကြတယ်။ ပြောင်လက်အောင်မတိုက်ထားတဲ့ ကြည့်မှန်ရဲ့နောက်တစ်ဖက်မှာတော့ အလှဆင်တာမျိုးမရှိပါဘူး။

ရှေးခေတ်ကြည့်မှန်တွေက ဒီနေ့ခေတ်ကြည့်မှန်တွေလောက် အလင်းပြန်နိုင်စွမ်း အားမကောင်းပါဘူး။ ဒါကြောင့်လည်း တမန်တော်ပေါလုက “ယခုတွင် ငါတို့သည် ကြေးမုံအားဖြင့် မှုန်ဝါးဝါးသာမြင်ရ၏” လို့ပြောခဲ့ပါတယ်။—၁ ကောရိန္သု ၁၃:၁၂