ကမ္ဘာဦး ၁၂:၁-၂၀

  • ခါရန်မြို့ကနေ ခါနန်ပြည်ကို အာဗြံ ထွက်ခွာ (၁-၉)

    • အာဗြံကို ဘုရားကတိပေး ()

  • အီဂျစ်ပြည်ရောက် အာဗြံနဲ့ စာရဲ (၁၀-၂၀)

၁၂  ယေဟောဝါက အာဗြံကို “နေရင်းပြည်၊ ဆွေမျိုးသားချင်းတွေနဲ့ ဖခင်ရဲ့အိမ်ကို ထားခဲ့ပြီး ငါပြမယ့်ပြည်ကို သွားပါ။+ ၂  မင်းကို လူမျိုးကြီးဖြစ်စေပြီး ကောင်းချီးပေးမယ်။ မင်းရဲ့နာမည်ကို ကြီးမြတ်စေမယ်။ မင်းကြောင့် တခြားသူတွေ ကောင်းချီးရလိမ့်မယ်။+ ၃  မင်းကို ကောင်းချီးပေးသူတွေကို ငါကောင်းချီးပေးမယ်။ မင်းကို ကျိန်ဆဲသူတွေကို ငါကျိန်ဆဲမယ်။+ ကမ္ဘာပေါ်က လူမျိုးအားလုံး မင်းကြောင့် ကောင်းချီးခံစားရမယ်”+ လို့ပြောတယ်။ ၄  ယေဟောဝါပြောတဲ့အတိုင်း အာဗြံထွက်သွားတော့ လောတလည်း လိုက်သွားတယ်။ ခါရန်မြို့ကနေ ထွက်သွားချိန်မှာ+ အာဗြံက အသက် ၇၅ နှစ်ရှိနေပြီ။ ၅  အာဗြံက ဇနီးစာရဲ၊+ အစ်ကိုရဲ့သား လောတ၊+ စုဆောင်းထားတဲ့ ပစ္စည်းဥစ္စာတွေ၊+ ခါရန်မြို့မှာရရှိခဲ့တဲ့ လူတွေ အားလုံးကို ခေါ်ပြီး ခါနန်ပြည်ကို ထွက်ခွာသွားတယ်။+ ခါနန်ပြည်ကို ရောက်တဲ့အခါ၊ ၆  အပင်ကြီးတွေရှိရာ မောရေဒေသအနားက+ ရှေခင်အရပ်အထိ+ ခရီးဆက်တယ်။ အဲဒီတုန်းက ခါနန်ပြည်မှာ ခါနန်လူမျိုးတွေ နေထိုင်ကြတယ်။ ၇  အာဗြံဆီ ယေဟောဝါ ရောက်လာပြီး “မင်းရဲ့မျိုးနွယ်ကို+ ဒီပြည် ငါပေးမယ်”+ လို့ပြောတယ်။ အာဗြံလည်း ယေဟောဝါအတွက် အဲဒီမှာ ပူဇော်ရာပလ္လင် တည်တယ်။ ၈  ပြီးနောက် အဲဒီကနေ ဗေသလအရှေ့ဘက်+ တောင်တန်းဒေသကို ပြောင်းရွှေ့ပြီး တဲထိုးနေထိုင်တယ်။ တဲရဲ့အနောက်ဘက်မှာ ဗေသလမြို့၊ အရှေ့ဘက်မှာ အာအိမြို့+ ရှိတယ်။ အဲဒီနေရာမှာလည်း ယေဟောဝါအတွက် ပူဇော်ရာပလ္လင်ကို+ တည်တယ်၊ ယေဟောဝါရဲ့နာမည်ကို ခေါ်ပြီး ဆုတောင်းတယ်။+ ၉  အာဗြံက တဲကိုဖြုတ်၊ တစ်နေရာပြီးတစ်နေရာ တဲထိုးနေထိုင်ရင်း နေဂပ်အရပ်ကို+ ဆက်သွားတယ်။ ၁၀  မကြာခင် ခါနန်ပြည်မှာ အငတ်ဘေးဆိုက်ပြီး အစာရေစာ ရှားပါးလာတဲ့အတွက်+ အာဗြံက အီဂျစ်ပြည်မှာ ခဏနေဖို့+ ဆင်းသွားတယ်။ ၁၁  အီဂျစ်ပြည်ရောက်ခါနီးမှာ စာရဲကို “မိန်းမရေ၊ နားထောင်ပါဦး။ မင်းဟာ မိန်းမချောဆိုတော့၊+ ၁၂  အီဂျစ်ပြည်သားတွေ မြင်ရင် ‘ဒါ သူ့မိန်းမပဲ’ ဆိုပြီး ကိုယ့်ကို သတ်မှာပေါ့။ မင်းကိုတော့ အသက်ချမ်းသာပေးမှာ။ ၁၃  ဒီတော့ ကိုယ့်ညီမလို့ပြောပါ မိန်းမရာ။ ဒါမှ ကိုယ်လည်း မင်းကြောင့် ကောင်းစားပြီး အသက်ချမ်းသာရာရမှာ” လို့ ပြောတယ်။+ ၁၄  အီဂျစ်ပြည်ကို အာဗြံရောက်တာနဲ့ အီဂျစ်ပြည်သားတွေက စာရဲ သိပ်လှတာကို သတိပြုမိကြတယ်။ ၁၅  ဖာရောရဲ့မှူးမတ်တွေလည်း စာရဲကို မြင်ပြီး ဖာရောရှေ့မှာ ချီးမွမ်းခန်းဖွင့်ကြတယ်။ ဒါနဲ့ စာရဲကို နန်းတော်ထဲ ခေါ်သွားတယ်။ ၁၆  ဖာရောမင်းက စာရဲကြောင့် အာဗြံကို ကောင်းကောင်းဆက်ဆံတဲ့အတွက် အာဗြံဟာ သိုး၊ နွား၊ မြည်း၊ ကုလားအုတ်နဲ့ ကျွန်တွေ ရလာတယ်။+ ၁၇  ယေဟောဝါက အာဗြံရဲ့ဇနီး စာရဲအတွက်+ ဖာရောမင်းနဲ့ နန်းတွင်းသားတွေကို ဘေးဆိုးတွေနဲ့ ဒဏ်ခတ်တယ်။ ၁၈  ဒါနဲ့ ဖာရောမင်းက အာဗြံကိုခေါ်ပြီး “မင်း ဘယ်လိုလုပ်လိုက်တာလဲ။ စာရဲဟာ မင်းရဲ့ဇနီးလို့ မပြောဘဲ၊ ၁၉  ‘ညီမ’ လို့ ဘာကြောင့်ပြောရတာလဲ။+ အဲဒီလိုပြောလို့ သူ့ကို ငါသိမ်းပိုက်မိတော့မလို့ပဲ။ အခု၊ မင်းမိန်းမကို ပြန်ခေါ်သွားတော့” လို့ပြောတယ်။ ၂၀  ဖာရောမင်း အမိန့်ပေးတဲ့အတွက် မင်းမှုထမ်းတွေက အာဗြံနဲ့ စာရဲကို ပစ္စည်းဥစ္စာတွေနဲ့ တစ်ပါတည်း လိုက်ပို့ပေးကြတယ်။+

အောက်ခြေမှတ်ချက်များ