ကမ္ဘာဦး ၂၀:၁-၁၈
-
အဘိမလက်ဆီက စာရာ ကယ်တင်ခံရ (၁-၁၈)
၂၀ အာဗြဟံလည်း နေဂပ်အရပ်ဆီ ထွက်သွားပြီး ကာဒေရှနဲ့+ ရှုရအရပ်ကြားမှာ+ နေထိုင်တယ်။+ ဂေရာအရပ်မှာ+ ခဏနေထိုင်တုန်း၊
၂ အာဗြဟံက ဇနီးစာရာကို “ကျွန်တော့်ညီမပါ”+ ဆိုပြီး ပြောပြန်တယ်။ ဒါနဲ့ ဂေရာဘုရင် အဘိမလက်က လူလွှတ်ပြီး စာရာကို ခေါ်လိုက်တယ်။+
၃ ညရောက်တော့ အဘိမလက်ရဲ့ အိပ်မက်ထဲမှာ ဘုရားသခင် ရောက်လာပြီး “အဲဒီမိန်းမဟာ အိမ်ထောင်သည်၊ ပိုင်ရှင်ရှိတဲ့မိန်းမပဲ။+ သူ့ကိုသိမ်းယူတဲ့အတွက် မင်းသေရလိမ့်မယ်”+ ဆိုပြီးပြောတယ်။
၄ အဘိမလက်မင်းက စာရာကို လက်ဖျားနဲ့တောင် မထိရသေးတော့ “ယေဟောဝါဘုရား၊ အပြစ်မရှိတဲ့လူမျိုးကို အဆုံးစီရင်တော့မှာလား။
၅ ယောက်ျားဖြစ်သူက သူ့မိန်းမကို ‘ကျွန်တော့်ညီမ’ တဲ့။ မိန်းမကလည်း သူ့ယောက်ျားကို ‘ကျွန်မအစ်ကို’ တဲ့။ ဒါကြောင့် မှားလို့မှားမှန်းမသိဘဲ သဘောရိုးနဲ့ ကျွန်တော် လုပ်မိတာပါ” လို့ပြောတယ်။
၆ အဲဒီအခါ စစ်မှန်တဲ့ဘုရားသခင်က “မင်း သဘောရိုးနဲ့လုပ်မှန်း သိလို့ ငါ့ကို မပြစ်မှားမိအောင် တားနေတာ။ ဒါကြောင့် အဲဒီမိန်းမကိုထိဖို့ ငါခွင့်မပြုတာပေါ့။
၇ အခု၊ အဲဒီမိန်းမကို ပြန်ပို့လိုက်ပါ။ သူ့ယောက်ျားက ပရောဖက်ဆိုတော့+ မင်းအသက်ဆက်ရှင်နိုင်ဖို့ အသနားခံဆုတောင်းပေးမှာပဲ။+ ပြန်မပို့ရင်တော့ မင်းရော မင်းရဲ့လူတွေပါ သေရလိမ့်မယ်” လို့ အိပ်မက်ထဲမှာ ပြောတယ်။
၈ ဒါနဲ့ အဘိမလက်မင်းက မနက်စောစောထ၊ မင်းမှုထမ်းတွေကိုခေါ်ပြီး အကြောင်းစုံပြောပြတော့ ထိတ်လန့်သွားကြတယ်။
၉ အဘိမလက်မင်းက အာဗြဟံကိုခေါ်ပြီး “မင်း ဘယ်လိုလုပ်လိုက်တာလဲ။ မင်းကို ဘာများလုပ်မိလို့ ငါနဲ့ငါ့နိုင်ငံအပေါ် ဒီလို ကြီးလေးတဲ့အပြစ်သင့်အောင် လုပ်ရတာလဲ။ မင်းလုပ်ပုံက မဟုတ်သေးဘူး” လို့ပြောတယ်။
၁၀ အဘိမလက်မင်းက “မင်း ဘာသဘောနဲ့ ဒီလိုလုပ်တာလဲ” လို့မေးတဲ့အခါ၊+
၁၁ အာဗြဟံက “‘ဒီအရပ်သားတွေက ဘုရားသခင်ကို မကြောက်တော့ ကျွန်တော့်မိန်းမအတွက်နဲ့ ကျွန်တော့်ကို သတ်မှာပဲ’ ဆိုပြီး တွေးမိလို့ပါ။+
၁၂ တကယ်လည်း သူဟာ ကျွန်တော့်ညီမပါပဲ။ အဖေတူ အမေကွဲညီမပါ။ နောက်ပိုင်းမှာ သူ့ကို ကျွန်တော်လက်ထပ်လိုက်တာ။+
၁၃ ဘုရားသခင်က ကျွန်တော့်ကို အဖေ့အိမ်ကနေထွက်ပြီး+ ခရီးလှည့်လည်ခိုင်းတဲ့အခါ ‘ကိုယ့်ကို ခိုင်မြဲတဲ့မေတ္တာပြတဲ့အနေနဲ့ ရောက်လေရာတိုင်းမှာ “ကျွန်မအစ်ကို” လို့ပြော’ ဆိုပြီး သူ့ကို မှာထားလို့ပါ”+ ဆိုပြီးပြန်ဖြေတယ်။
၁၄ အဲဒီနောက် အဘိမလက်မင်းက အာဗြဟံကို သိုးနွားတွေ၊ ကျွန်တွေ ပေးတယ်။ ဇနီးစာရာကို ပြန်အပ်တယ်။
၁၅ ပြီးတော့ “ငါ့ပိုင်နက်ထဲက မင်းကြိုက်တဲ့နေရာမှာ နေထိုင်ပါ” လို့ ပြောတယ်။
၁၆ စာရာကိုလည်း “မင်းအစ်ကို,ကို ငါ ငွေစ ၁,၀၀၀ ပေးတယ်။+ ဒါဟာ မင်းရဲ့လူတွေနဲ့ လူအားလုံးရှေ့မှာ မင်း အပြစ်ကင်းတယ်ဆိုတဲ့ အထောက်အထားပဲ။ မင်းကို ကဲ့ရဲ့ရှုတ်ချစရာအကြောင်း မရှိစေရဘူး” ဆိုပြီးပြောတယ်။
၁၇ အာဗြဟံလည်း စစ်မှန်တဲ့ဘုရားသခင်ဆီ အသနားခံဆုတောင်းပေးတယ်။ အဲဒီအခါ ဘုရားသခင်က အဘိမလက်နဲ့ မိဖုရားကိုရော ကျွန်မိန်းမတွေကိုပါ ပြန်ကျန်းမာစေတဲ့အတွက် သူတို့ သားသမီးရလာကြတယ်။
၁၈ ယေဟောဝါက အာဗြဟံရဲ့ဇနီး စာရာအတွက် အဘိမလက်ရဲ့နန်းတော်က မိန်းမတွေ ကလေးမရနိုင်အောင် ဒဏ်ခတ်ခဲ့တယ်။+