ဆာလံ ၁၃:၁-၆
ဂီတမှူးသို့။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။
၁၃ ယေဟောဝါဘုရား၊ ကျွန်တော့်ကို ဘယ်လောက်ကြာကြာ မေ့ထားမှာလဲ။ ထာဝစဉ်ပဲလား။
ဘယ်လောက်ကြာကြာ မျက်နှာလွှဲထားမှာလဲ။+
၂ နေ့တိုင်း သောကရောက်ပြီးဘယ်လောက်ကြာကြာ စိုးရိမ်ပူပန်နေရဦးမှာလဲ။
ရန်သူဟာ ကျွန်တော့်ကို ဘယ်လောက်ကြာကြာ အနိုင်ယူနေဦးမှာလဲ။+
၃ အို ယေဟောဝါ၊ ကျွန်တော့်အဖြစ်ကို ကြည့်ပြီး အဖြေပေးလှည့်ပါ။
သေခြင်းမှာ အိပ်ပျော်မသွားရအောင် ကျွန်တော့်မျက်လုံးတွေကို အလင်းပေးလှည့်ပါ။
၄ ဒါမှ ရန်သူက “သူ့ကို ငါနိုင်ပြီ” လို့ မပြောနိုင်မှာ။
ကျွန်တော်ကျရှုံးသွားလို့ ရန်ဘက်တွေ ဝမ်းမြောက်ရတာမျိုး မဖြစ်စေပါနဲ့။+
၅ ကျွန်တော်ကတော့ ခိုင်မြဲတဲ့မေတ္တာတော်ကိုပဲ ယုံကြည် ကိုးစားပါတယ်။+
ကိုယ်တော် ကယ်တင်တဲ့အခါ ရင်ထဲမှာ ဝမ်းမြောက်ရလိမ့်မယ်။+
၆ ယေဟောဝါ ကြွယ်ဝစွာဆုချတဲ့အတွက် ကျွန်တော် ချီးမွမ်းသီချင်းဆိုမယ်။+