ဆာလံ ၁၉:၁-၁၄

  • ဘုရားရဲ့ဖန်ဆင်းခြင်းနဲ့ နိယာမတရားက သက်သေခံ

    • ‘ကောင်းကင်က ဘုရားရဲ့ဂုဏ်ကျက်သရေကို ကြေညာ’ ()

    • ပြည်ဝစုံလင်တဲ့ပညတ်ဟာ အစွမ်းခွန်အားပြည့်စေ ()

    • ‘မသိဘဲ လုပ်မိတဲ့ အပြစ်’ (၁၂)

ဂီတမှူးသို့။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ၁၉  ကောင်းကင်က ဘုရားသခင်ရဲ့ ဂုဏ်ကျက်သရေကို ကြေညာနေတယ်။+ အထက်မိုးကောင်းကင်က ဘုရားရဲ့လက်ရာတွေအကြောင်း ပြောကြားနေတယ်။+ ၂  သူတို့က နေ့စဉ်နေ့တိုင်း တတွတ်တွတ် ပြောနေတယ်။ ညစဉ်ညတိုင်း ဘုရားသခင်အကြောင်း ဖော်ပြနေတယ်။ ၃  တကယ်တော့ သူတို့ ဘာစကားမှ မပြောဘူး။ စကားတစ်ခွန်းမှ မဟဘူး။ ဘာစကားသံမှလည်း မကြားရဘူး။ ၄  ဒါပေမဲ့ သူတို့ရဲ့အသံဟာ* မြေတစ်ပြင်လုံးအထိ၊သူတို့ရဲ့သတင်းစကားဟာ မြေကြီးစွန်းအထိ ပျံ့နှံ့သွားတယ်။+ ဘုရားသခင်က ကောင်းကင်မှာ နေမင်းအတွက် တဲတစ်ဆောင် ဆောက်ပေးတယ်။ ၅  နေမင်းဟာ မင်္ဂလာအိပ်ခန်းထဲက ထွက်လာတဲ့ သတို့သားနဲ့တူတယ်။ ခွန်အားကြီးသူလို ကိုယ့်လမ်းကြောင်းအတိုင်း ပြေးရင်းနဲ့ ရွှင်လန်းနေတယ်။ ၆  ကောင်းကင် တစ်ဖက်စွန်းကနေ ထွက်လာပြီးနောက်တစ်ဖက်စွန်းအထိ လှည့်ပတ်သွားတယ်။+ သူ့အပူရှိန်နဲ့ လွတ်ကင်းတာ ဘာမှမရှိဘူး။ ၇  ယေဟောဝါရဲ့ပညတ်ဟာ ပြည့်ဝစုံလင်တယ်။+ လူကို အစွမ်းခွန်အား ပြည့်စေတယ်။+ ယေဟောဝါရဲ့ သတိပေးချက်ဟာ ယုံကြည်စိတ်ချထိုက်တယ်။+ အတွေ့အကြုံမရှိသူကို ဉာဏ်ပညာရှိစေတယ်။+ ၈  ယေဟောဝါရဲ့ မိန့်မှာချက်တွေဟာ ဖြောင့်မတ်တယ်။ စိတ်နှလုံးကို ရွှင်လန်းစေတယ်။+ ယေဟောဝါရဲ့ ပညတ်ချက်ဟာ သန့်စင်တယ်။ မျက်စိကို လင်းစေတယ်။+ ၉  ယေဟောဝါကို ကြောက်ရွံ့ခြင်းဟာ+ စင်ကြယ်တယ်။ ထာဝစဉ်တည်တယ်။ ယေဟောဝါရဲ့ တရားစီရင်ချက်တွေဟာ စစ်မှန်တယ်၊ အလုံးစုံ ဖြောင့်မတ်တယ်။+ ၁၀  အဲဒါတွေဟာ ရွှေထက်မက ရွှေစင်အမြောက်အမြားထက် နှစ်သက်စရာ ကောင်းတယ်။+ ပျားအုံကနေ တစက်စက်ကျနေတဲ့ ပျားရည်ထက် ချိုမြိန်တယ်။+ ၁၁  အဲဒါတွေက ကျွန်တော်မျိုးကို သတိပေးနေတယ်။+ အဲဒါတွေကို စောင့်ထိန်းတဲ့အတွက် အကျိုးကြီးလှပါတယ်။+ ၁၂  ကိုယ့်အမှားကိုယ်သိတဲ့သူ ဘယ်သူရှိသလဲ။+ မသိဘဲလုပ်မိတဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးလှည့်ပါ။ ၁၃  ရောင့်တက်တဲ့ လုပ်ရပ်တွေ မလုပ်မိအောင် ကျွန်တော်မျိုးကို တားဆီးပေးပါ။+ အဲဒါတွေဟာ ကျွန်တော့်ကို အနိုင်မယူပါစေနဲ့။+ ဒါမှ ကျွန်တော်ဟာ အပြစ်ပြောစရာမရှိတဲ့သူ၊+ပြောင်ပြောင်တင်းတင်း ကျူးလွန်တဲ့ အပြစ်တွေနဲ့ ကင်းစင်တဲ့သူ ဖြစ်နိုင်မှာပါ။ ၁၄  အို ယေဟောဝါ၊ ကျွန်တော့်ကျောက်ဆောင်၊+ ကျွန်တော့်ရွေးနုတ်ရှင်၊+ကျွန်တော့်နှုတ်ကထွက်တဲ့ စကားတွေနဲ့ စိတ်ထဲက အတွေးတွေဟာ ကိုယ်တော် နှစ်သက်တာတွေ ဖြစ်ပါစေ။+

အောက်ခြေမှတ်ချက်များ

“သူတို့ရဲ့တိုင်းကြိုးဟာ” လည်းဖြစ်နိုင်။