ဆာလံ ၂၅:၁-၂၂
ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။
א
၂၅ အို ယေဟောဝါ၊ ကိုယ်တော့်ကို ဆုတောင်းအသနားခံပါတယ်။
ב
၂ ဘုရားသခင်၊ ကိုယ်တော့်ကို ယုံကြည်ကိုးစားပါတယ်။+
ကျွန်တော် အရှက်မကွဲပါရစေနဲ့။+
ရန်သူတွေ ကျွန်တော့်ဒုက္ခကိုကြည့်ပြီး ကျိတ်ဝမ်းသာနေတာမျိုး မဖြစ်ပါစေနဲ့။+
ג
၃ ကိုယ်တော့်ကို မျှော်လင့်သူတွေ အရှက်ကွဲရမှာ မဟုတ်ဘူး။+
သက်သက်မဲ့ သစ္စာဖောက်သူတွေကိုတော့ အရှက်ကွဲခြင်းက စောင့်ကြိုနေတယ်။+
ד
၄ အို ယေဟောဝါ၊ ကိုယ်တော့်လမ်းစဉ်တွေအကြောင်း ကျွန်တော့်ကို သိနားလည်စေပါ။+
နည်းလမ်းတွေအကြောင်း သင်ကြားပေးလှည့်ပါ။+
ה
၅ ကိုယ်တော့် အမှန်တရားလမ်းပေါ် လျှောက်လှမ်းစေပါ။ ကျွန်တော့်ကို သင်ကြားပေးပါ။+
ကိုယ်တော်ဟာ ကျွန်တော့်ကို ကယ်တင်တဲ့ ဘုရားသခင်ပါ။
ו
ကိုယ်တော့်ကို တစ်နေ့လုံး မျှော်လင့်နေပါတယ်။
ז
၆ အို ယေဟောဝါ၊ ကိုယ်တော် အမြဲပြတဲ့+
ကရုဏာနဲ့ ခိုင်မြဲတဲ့မေတ္တာကို အောက်မေ့လှည့်ပါ။+
ח
၇ ငယ်ရွယ်စဉ်က ကျွန်တော်ကျူးလွန်ခဲ့တဲ့ အပြစ်တွေ၊ အမှားတွေကို မေ့ပျောက်ပေးပါ။
အို ယေဟောဝါ၊ ကိုယ်တော့်ကောင်းမြတ်ခြင်းကို ထောက်ပြီး+ခိုင်မြဲတဲ့မေတ္တာနဲ့အညီ ကျွန်တော့်ကို သတိရလှည့်ပါ။+
ט
၈ ယေဟောဝါဟာ ကောင်းမြတ်ပြီး ဖြောင့်မှန်တယ်။+
ဒါကြောင့် အပြစ်လုပ်သူတွေကို လျှောက်သင့်တဲ့လမ်းဆီ ပြညွှန်ပေးတယ်။+
י
၉ စိတ်နူးညံ့သူတွေကို လမ်းမှန်ပေါ်ရောက်အောင် လမ်းညွှန်ပေးလိမ့်မယ်။+
စိတ်နူးညံ့သူတွေကို မိမိရဲ့လမ်းစဉ်အကြောင်း သင်ကြားပေးလိမ့်မယ်။+
כ
၁၀ ဘုရားရဲ့ပဋိညာဉ်နဲ့+ သတိပေးချက်တွေကို+ စောင့်ထိန်းသူတွေအတွက်
ယေဟောဝါရဲ့ လမ်းစဉ်အားလုံးဟာ ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာတရားပါပဲ။
ל
၁၁ အို ယေဟောဝါ၊ ကျွန်တော့်အပြစ်က ကြီးလေးပေမဲ့
နာမတော်ကိုထောက်ပြီး+ ခွင့်လွှတ်ပေးပါ။
מ
၁၂ ဘယ်သူဟာ ယေဟောဝါကို ကြောက်ရွံ့သလဲ။+
သူ့ကို ရွေးချယ်သင့်တဲ့ လမ်းစဉ်အကြောင်း သွန်သင်ပေးလိမ့်မယ်။+
נ
၁၃ သူဟာ ကောင်းကျိုးချမ်းသာ ခံစားရလိမ့်မယ်။+
သူ့သားစဉ်မြေးဆက်တွေလည်း ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။+
ס
၁၄ ယေဟောဝါကို ကြောက်ရွံ့သူတွေဟာ ဘုရားနဲ့ ခင်မင်ရင်းနှီးခွင့်ရတယ်။+
ဘုရားရဲ့ကတိသစ္စာအကြောင်း သူတို့ကို အသိပေးတယ်။+
ע
၁၅ ယေဟောဝါက ငါ့ခြေကို ကျော့ကွင်းထဲကနေ လွတ်မြောက်စေမှာမို့လို့+
ဘုရားကို အမြဲ မျှော်ကြည့်နေတယ်။+
פ
၁၆ ကျွန်တော့်ဘက် မျက်နှာလှည့်ပြီး မျက်နှာသာပြပါဦး။
အထီးကျန်ပြီး ခိုကိုးရာမဲ့နေလို့ပါ။
צ
၁၇ ရင်ထဲမှာ သောကတွေ သိပ်များနေပြီ။+
ဝေဒနာတွေကို ပျောက်ကင်းစေပါ။
ר
၁၈ ကျွန်တော့် ဒုက္ခဝေဒနာတွေကို မြင်ပြီး+
အပြစ်မှန်သမျှ ခွင့်လွှတ်ပေးပါ။+
၁၉ ရန်သူတွေ ဘယ်လောက်တောင် များနေတယ်၊သူတို့ရဲ့ မုန်းတီးစိတ် ဘယ်လောက် ပြင်းထန်နေတယ်ဆိုတာ မြင်လှည့်ပါ။
ש
၂၀ ကျွန်တော့်အသက်ကို စောင့်ရှောက်ပြီး ကယ်တင်ပေးပါ။+
ကိုယ်တော့်ဆီ ခိုလှုံတဲ့အတွက် အရှက်မကွဲပါရစေနဲ့။
ת
၂၁ ကိုယ်တော့်ကို မျှော်လင့်နေတဲ့အတွက်+
သမာဓိနဲ့ ဖြောင့်မှန်မှုက ကျွန်တော့်ကို ကာကွယ်စောင့်ရှောက်ပါစေ။+
၂၂ အို ဘုရားသခင်၊ အစ္စရေးကို ဆင်းရဲဒုက္ခအားလုံးကနေ ကယ်တင်ပေးပါ။