ဆာလံ ၅၁:၁-၁၉

  • နောင်တရသူရဲ့ ဆုတောင်းချက်

    • မွေးကတည်းက အပြစ်ပါလာ ()

    • ‘အပြစ်စင်ကြယ်သွားအောင် သန့်စင်ပေးပါ’ ()

    • “စင်ကြယ်တဲ့စိတ်နှလုံးကို ဖန်ဆင်းပေးပါ” (၁၀)

    • ကျိုးပဲ့ကြေမွတဲ့ စိတ်နှလုံးကို ဘုရားနှစ်သက် (၁၇)

ဂီတမှူးသို့။ ဗာသရှေဘနဲ့ မှားယွင်းပြီးနောက် ပရောဖက်နာသန် ရောက်လာတဲ့အခါ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။+ ၅၁  အို ဘုရားသခင်၊ ခိုင်မြဲတဲ့မေတ္တာကို ထောက်ပြီး မျက်နှာသာ ပေးလှည့်ပါ။+ ကြီးမားလှတဲ့ ကရုဏာနဲ့အညီ အပြစ်တွေကို ဖျောက်ဖျက်ပေးလှည့်ပါ။+ ၂  အမှားကင်းစင်သွားအောင် ဆေးကြောပေးပါ။+ အပြစ်မရှိတော့အောင် သန့်စင်ပေးပါ။+ ၃  ကိုယ့်အမှားကိုယ် သိပါတယ်။ ကိုယ့်အပြစ်ကို အတွေးထဲကနေ မဖျောက်နိုင်ဘူး။+ ၄  ကိုယ်တော့်ကို တကယ်ပဲ ပြစ်မှားမိပြီ။+ ကိုယ်တော့်အမြင်မှာ မကောင်းတာကို လုပ်မိပြီ။+ ကိုယ်တော်ပြောတာ ဖြောင့်မှန်ပါတယ်။ ကိုယ်တော်စီရင်တာ မှန်ကန်ပါတယ်။+ ၅  ကျွန်တော်ဟာ မွေးကတည်းက အပြစ်ပါလာတယ်။ အမေ့ဝမ်းထဲ သန္ဓေတည်ကတည်းက အပြစ်တွေနဲ့ပါ။+ ၆  စိတ်ရင်းနဲ့ ဟုတ်တိုင်းမှန်ရာ ပြောဆိုတာကို ကိုယ်တော်နှစ်သက်တယ်။+ ကျွန်တော့်စိတ်နှလုံးကို စစ်မှန်တဲ့ ဉာဏ်ပညာအကြောင်း သင်ကြားပေးပါ။ ၇  အပြစ်စင်ကြယ်သွားအောင်ဟုဿုပ်ခက်နဲ့* သန့်စင်ပေးပါ။+ နှင်းပွင့်ထက် ဖြူဖွေးသွားအောင် ဆေးကြောပေးပါ။+ ၈  ရွှင်လန်းဝမ်းမြောက်တဲ့အသံတွေ ကြားပါရစေ။ ဒါမှသာ ကိုယ်တော်ခြေမွလိုက်တဲ့ အရိုးတွေ ဝမ်းမြောက်နိုင်မှာပါ။+ ၉  အပြစ်တွေကို မျက်နှာလွှဲပေးပါ။+ အမှားတွေကို သင်ပုန်းချေပေးပါ။+ ၁၀  အို ဘုရားသခင်၊ ကျွန်တော့်ရင်ထဲမှာ စင်ကြယ်တဲ့စိတ်နှလုံးကို ဖန်ဆင်းပေးပါ။+ မယိမ်းယိုင်တတ်တဲ့ စိတ်သဘောအသစ်ကို ထည့်သွင်းပေးပါ။+ ၁၁  ကျွန်တော့်ကို ရှေ့တော်ကနေ မမောင်းထုတ်လိုက်ပါနဲ့။ သန့်ရှင်းသော စွမ်းအားတော်ကိုလည်း မရုပ်သိမ်းလိုက်ပါနဲ့။ ၁၂  ကယ်တင်ခြင်းကျေးဇူးကြောင့် ခံစားရတဲ့ ရွှင်လန်းမှုလေး ပြန်ပေးလှည့်ပါ။+ စိတ်ပါလက်ပါ နာခံချင်စိတ်ရှိအောင် လှုံ့ဆော်ပေးပါ။ ၁၃  အပြစ်ကျူးလွန်သူတွေကို နည်းလမ်းတော်အကြောင်း သင်ကြားပေးပါ့မယ်။+ ဒါမှ အပြစ်လုပ်တဲ့သူတွေကိုယ်တော့်ဆီ ပြန်လှည့်လာနိုင်မှာပါ။ ၁၄  ကျွန်တော့်ရဲ့ ကယ်တင်ရှင် ဘုရားသခင်၊+ လူသတ်မှု မကျူးလွန်မိအောင် ကယ်တင်ပေးပါ။+ ဒါမှ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းအကြောင်း ရွှင်လန်းစွာ ကြေညာနိုင်မှာပါ။+ ၁၅  ယေဟောဝါဘုရား၊ ကျွန်တော့်နှုတ်ကို ဖွင့်ပေးပါ။ ဒါမှ ကိုယ်တော့်ကို ချီးမွမ်းနိုင်မှာပါ။+ ၁၆  ကိုယ်တော်က ပူဇော်သက္ကာကို မလိုချင်ဘူး။ လိုချင်တယ်ဆိုရင် ကျွန်တော် ပူဇော်မှာပါ။+ အကုန်အစင်မီးရှို့ရာအလှူကိုလည်း ကိုယ်တော် မနှစ်သက်ဘူး။+ ၁၇  ဘုရားသခင် နှစ်သက်တဲ့ ပူဇော်သက္ကာဟာ ကြေကွဲတဲ့စိတ်ပါ။ အို ဘုရားသခင်၊ ကျိုးပဲ့ကြေမွတဲ့ စိတ်နှလုံးကို ကိုယ်တော် မပစ်ပယ်ပါဘူး။+ ၁၈  စေတနာစိတ်တော်နဲ့အညီ ဇိအုန်တောင်ကို ကောင်းကျိုးပြုလှည့်ပါ။ ဂျေရုဆလင်မြို့ရိုးကို တည်ဆောက်ပေးလှည့်ပါ။ ၁၉  အဲဒီအခါ ဖြောင့်မတ်တဲ့ ပူဇော်သက္ကာတွေ၊ မီးရှို့ရာ ပူဇော်သက္ကာတွေ၊အကုန်အစင်ပူဇော်တဲ့ အလှူတွေကို ကိုယ်တော် နှစ်သက်ပါလိမ့်မယ်။ ပူဇော်ရာပလ္လင်ပေါ်မှာလည်းနွားထီးတွေကို ပူဇော်ကြပါလိမ့်မယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။