ဆာလံ ၅၅:၁-၂၃

  • မိတ်ဆွေ သစ္စာဖောက်ချိန်မှာ ဆုတောင်းချက်

    • မိတ်ဆွေရင်းရဲ့ ကဲ့ရဲ့မှု (၁၂-၁၄)

    • “ထမ်းထားရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ” (၂၂)

ဂီတမှူးသို့။ ကြိုးတပ်တူရိယာနဲ့ တွဲဖက်သီဆိုရန်။ ဒါဝိဒ်စပ်ဆိုတဲ့ မက်စကီး။* ၅၅  အို ဘုရားသခင်၊ ကျွန်တော် ဆုတောင်းတာကိုနားထောင်ပေးပါ။+ ကရုဏာပြဖို့ အသနားခံတာကိုလည်း လျစ်လျူမရှုလိုက်ပါနဲ့။+ ၂  ကျွန်တော်ပြောတာကို အာရုံစိုက် နားထောင်ပြီး ပြန်ဖြေပေးပါ။+ သောကကြောင့် စိတ်ယောက်ယက်ခတ်နေပါတယ်။+ စိတ်ရှုပ်ထွေးနေပါတယ်။ ၃  ရန်သူရဲ့ စကားကြောင့်၊လူယုတ်မာတွေရဲ့ ဖိနှိပ်မှုကြောင့် အခုလိုဖြစ်နေတာပါ။ သူတို့က ကျွန်တော့်အပေါ် ဒုက္ခတွေ စုပုံထားတယ်။ ဒေါသတကြီးနဲ့ အမုန်းရန်ငြိုး သိုထားတယ်။+  ၄  ကျွန်တော် ရင်ထဲ မချိအောင် ခံစားနေရတယ်။+ သေမှာကို ကြောက်တဲ့စိတ်လွှမ်းမိုးနေတယ်။+ ၅  ကြောက်လွန်းလို့ တဆတ်ဆတ် တုန်နေတယ်။ ၆  “ချိုးငှက်လို တောင်ပံတစ်စုံသာရှိရင်ဟိုးအဝေးကို ပျံသန်းပြီး လုံခြုံတဲ့နေရာမှာ နားခိုလိုက်ချင်ပါရဲ့။ ၇  ဟိုးအဝေးကို ထွက်ပြေးပြီး+တောကန္တာရထဲမှာ နေလိုက်ချင်ပါရဲ့။+ (စဲလာ) ၈  မိုးသက်မုန်တိုင်း ကင်းစင်တဲ့ ခိုနားရာနေရာဆီအမြန်ဆုံး ပြေးသွားလိုက်ချင်ပါရဲ့” လို့ပြောနေမိတယ်။ ၉  ယေဟောဝါဘုရား၊ သူတို့ကို ကစဉ့်ကလျား ဖြစ်စေပါ။ သူတို့အကြံအစည်တွေကို ပျက်ပြားစေပါ။+ မြို့ထဲမှာ အကြမ်းဖက်မှုတွေ၊ ရန်ပွဲတွေကိုပဲ မြင်တွေ့နေရလို့ပါ။ ၁၀  သူတို့က မြို့ရိုးပေါ်မှာ နေ့ရောညပါ လှည့်လည်နေတယ်။ မြို့ထဲမှာ အငြိုးအတေးတွေ၊နှောင့်ယှက်မှုတွေနဲ့ ပြည့်နှက်နေတယ်။+ ၁၁  မြို့လယ်ကောင်မှာ ပျက်စီးခြင်း ရှိနေတယ်။ လူထုရင်ပြင်မှာ ဖိနှိပ်မှုတွေ၊ လှည့်စားမှုတွေ အမြဲရှိနေတယ်။+ ၁၂  ငါ့ကိုကဲ့ရဲ့တာ ငါ့ရန်သူမဟုတ်ဘူး။+ ဟုတ်ခဲ့ရင် ငါသည်းခံနိုင်ပါတယ်။ ငါ့ကိုတိုက်ခိုက်တာ ငါ့ရန်ဘက် မဟုတ်ဘူး။ ဟုတ်ခဲ့ရင် ငါရှောင်နိုင်ပါတယ်။ ၁၃  အခုတော့ အဲဒီလိုလုပ်တာမင်းကိုယ်တိုင် ဖြစ်နေပါလား။ ငါ့လိုလူ၊+ ငါသိပ်ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်နေပါလား။+ ၁၄  တစ်ချိန်က ငါတို့ သိပ်ရင်းနှီးခဲ့တယ်။ ဘုရားသခင့်အိမ်တော်ကိုလည်း လူစုကြီးနဲ့အတူ သွားခဲ့ဖူးတယ်။ ၁၅  ရန်သူတွေ ပျက်စီးသွားပါစေ။+ သင်္ချိုင်းထဲ အရှင်လတ်လတ်ဆင်းသွားပါစေ။ သူတို့ဆီမှာ၊ သူတို့စိတ်ထဲမှာယုတ်မာမှုတွေ ရှိနေတယ်။ ၁၆  ငါကတော့ ဘုရားသခင်ကို အော်ခေါ်မယ်။ ငါ့ကို ယေဟောဝါ ကယ်တင်လိမ့်မယ်။+ ၁၇  ညဦး၊ နံနက်၊ မွန်းတည့်ချိန်တွေမှာ ငါစိုးရိမ်ပူပန်ပြီး ညည်းတွားနေရတယ်။+ ငါ့အသံကို ဘုရား ကြားတယ်။+ ၁၈  ငါ့ကိုတိုက်ခိုက်သူတွေ အများကြီး ရှိနေတဲ့အတွက်+သူတို့လက်ကနေ ကယ်တင်ပြီး ငြိမ်းချမ်းစွာ နေခွင့်ပေးလိမ့်မယ်။ ၁၉  ဟိုးရှေးရှေးကတည်းက နန်းထိုင်တဲ့ ဘုရားသခင်က+ငါ့စကားကိုကြားပြီး သူတို့ကို အရေးယူလိမ့်မယ်။+ (စဲလာ) သူတို့က ဘုရားသခင်ကို မကြောက်တဲ့အတွက်+ အကျင့်ပြောင်းလဲမှာ မဟုတ်ဘူး။ ၂၀  ငါ့မိတ်ဆွေက* ကိုယ့်ရန်ဘက်မဟုတ်တဲ့သူတွေကို တိုက်ခိုက်တယ်။+ ကတိသစ္စာကို ဖောက်ဖျက်တယ်။+ ၂၁  သူ့အပြောဟာ ထောပတ်ထက် နူးညံ့ပေမဲ့+သူ့ရင်ထဲမှာတော့ တိုက်ခိုက် ချင်စိတ်တွေ ကိန်းအောင်းနေတယ်။ သူ့စကားတွေဟာ ဆီထက်ပျော့ပျောင်းပေမဲ့ဓားအိမ်ကနေ ဆွဲထုတ်ထားတဲ့ ဓားတွေလိုပဲ။+ ၂၂  ထမ်းထားရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။+ ကိုယ်တော် ဖေးမလိမ့်မယ်။+ ဖြောင့်မတ်သူကို ဘယ်တော့မှလဲကျခွင့်ပြုမှာ မဟုတ်ဘူး။+ ၂၃  အို ဘုရားသခင်၊ ကိုယ်တော်ကလူဆိုးတွေကို အနက်ဆုံးတွင်းထဲ ချပစ်လိမ့်မယ်။+ လူ့အသက်သတ်တဲ့သူ၊ လှည့်စားတတ်တဲ့သူတွေဟာ သက်တမ်းတစ်ဝက်တောင် နေရမှာမဟုတ်ဘူး။+ ကျွန်တော်ကတော့ ကိုယ်တော့်ကို ယုံကြည်ကိုးစားပါ့မယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
အခန်းငယ် ၁၃၊ ၁၄ မှာပါတဲ့ မိတ်ဆွေကို ဆိုလို။