ဆာလံ ၇၇:၁-၂၀

  • ဒုက္ခရောက်ချိန်မှာ ဆုတောင်းချက်

    • ဘုရားရဲ့ လုပ်ဆောင်မှုတွေအကြောင်း တွေးတော (၁၁၊ ၁၂)

    • “ဘယ်ဘုရားက ကိုယ်တော့်လို ကြီးမြတ်ပါသလဲ” (၁၃)

ယေဒုသုန်* နဲ့သက်ဆိုင်တဲ့ ဂီတမှူးသို့။ အာသပ်စပ်ဆိုတဲ့သီချင်း။+ ၇၇  ဘုရားသခင်ကို ငါအော်ခေါ်မယ်။ ငါအော်ခေါ်တဲ့အခါ ဘုရားသခင် ကြားမှာပါ။+ ၂  ဒုက္ခရောက်ချိန်မှာ ယေဟောဝါကို ငါရှာတယ်။+ ညဘက်မှာ ကိုယ်တော့်ဆီ မနားတမ်း လက်ဖြန့်ဆုတောင်းတယ်။ ဒါတောင် စိတ်သက်သာရာ မရနိုင်ဘူး။ ၃  ဘုရားသခင်ကို သတိရလေတိုင်း ငါညည်းတွားနေမိတယ်။+ ငါ့မှာ စိတ်ဒုက္ခရောက်လို့ အားအင်ကုန်ခန်းနေပါပြီ။+ (စဲလာ) ၄  မျက်စိမှိတ်ပြီး အိပ်ပျော်ခွင့်ကို ကိုယ်တော်မပေးခဲ့ဘူး။ ကျွန်တော် စိတ်ညစ်လွန်းလို့ စကားတောင် မပြောနိုင်တော့ဘူး။ ၅  ဟိုးအရင်က နေ့ရက်တွေ၊ဟိုးအတိတ်က နှစ်တွေအကြောင်း ပြန်တွေးမိတယ်။+ ၆  ကိုယ်ရေးစပ်ခဲ့တဲ့ သီချင်းကို ညအချိန်မှာ ပြန်သတိရတယ်။+ တစိမ့်စိမ့်တွေးတယ်။+ အသေအချာ ဆန်းစစ်တယ်။ ၇  ယေဟောဝါက ငါတို့ကို ထာဝစဉ် စွန့်ပစ်ထားမှာလား။+ မျက်နှာသာမပေးဘဲ နေတော့မှာလား။+ ၈  ခိုင်မြဲတဲ့မေတ္တာ ထာဝစဉ် ကုန်ခန်းသွားပြီလား။ ကတိတော်ကလည်း လူမျိုးအစဉ်အဆက် ပျက်နေတော့မှာလား။ ၉  ဘုရားသခင်က မျက်နှာသာပေးဖို့ မေ့နေပြီလား။+ အမျက်ထွက်ပြီး ကရုဏာကို ရုပ်သိမ်းလိုက်ပြီလား။ (စဲလာ) ၁၀  “အမြင့်ဆုံးအရှင်က ညာလက်ကို ရုပ်သိမ်းလိုက်ပြီ။ ဒါကြောင့် ကျွန်တော် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေပြီ”+ လို့ ပြောနေရမှာလား။ ၁၁  ယေဟောဝါရဲ့ လုပ်ဆောင်မှုတွေကို သတိရပါ့မယ်။ ဟိုတုန်းကလုပ်ဆောင်ခဲ့တဲ့ အံ့ဖွယ်အမှုတွေကို သတိရပါ့မယ်။ ၁၂  ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေအကြောင်း တွေးတောဆင်ခြင်ပါ့မယ်။ ကိုယ်တော်ရဲ့ လုပ်ရပ်တွေအကြောင်း စဉ်းစားဆင်ခြင်ပါ့မယ်။+ ၁၃  အို ဘုရားသခင်၊ ကိုယ်တော်ရဲ့ လမ်းစဉ်တွေဟာ သန့်ရှင်းမြင့်မြတ်တယ်။ အို ဘုရားသခင်၊ ဘယ်ဘုရားက ကိုယ်တော့်လို ကြီးမြတ်ပါသလဲ။+ ၁၄  ကိုယ်တော်ဟာ စစ်မှန်တဲ့ဘုရားသခင်ပဲ။ အံ့ဖွယ်ရာတွေ လုပ်ဆောင်တယ်။+ လူတွေကို အစွမ်းတန်ခိုးပြတယ်။+ ၁၅  လူမျိုးတော်ကို တန်ခိုးနဲ့ ကယ်တင်ခဲ့တယ်။+ ယာကုပ်နဲ့ ယောသပ်ရဲ့ သားမြေးတွေကို ကယ်တင်ခဲ့တယ်။ (စဲလာ) ၁၆  အို ဘုရားသခင်၊ ရေတွေက ကိုယ်တော့်ကိုမြင်တယ်။ ကိုယ်တော့်ကို မြင်တဲ့အခါ ရေတွေ မငြိမ်မသက် ဖြစ်သွားတယ်။+ နက်ရှိုင်းတဲ့ရေထုကြီး ဟုန်းဟုန်းမြည်သွားတယ်။ ၁၇  မိုးတိမ်တွေ မိုးရွာချတယ်။ အုံ့မှိုင်းနေတဲ့ ကောင်းကင်က မိုးခြိမ်းတယ်။ ကိုယ်တော်ရဲ့မြားတွေ ဟိုဟိုဒီဒီ ပျံဝဲနေတယ်။+ ၁၈  မိုးခြိမ်းသံဟာ+ မြင်းရထားဘီးတွေရဲ့ အသံလိုပဲ။ လျှပ်စီးတွေကြောင့် ကမ္ဘာမြေ လင်းလက်သွားတယ်။+ ကမ္ဘာမြေ သိမ့်သိမ့်တုန်သွားတယ်။+ ၁၉  ပင်လယ်ပြင်ကို ကိုယ်တော် ဖြတ်လျှောက်သွားတယ်။+ ရေထုကြီးကို ဖြတ်သန်းသွားတယ်။ ဒါပေမဲ့ ကိုယ်တော့်ကို ခြေရာခံလို့ မရနိုင်ဘူး။ ၂၀  လူမျိုးတော်ကို သိုးအုပ်လို ကိုယ်တော် ဦးဆောင်ခေါ်သွားတယ်။+ မောရှေနဲ့ အာရုန်ကိုသုံးပြီး ဂရုစိုက် စောင့်ရှောက်ခဲ့တယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။