ဆာလံ ၉၂:၁-၁၅

  • ယေဟောဝါ ထာဝရ ချီးမြှောက်ခံရ

    • ဘုရားသခင်ရဲ့ လုပ်ဆောင်မှု၊ နက်နဲလှတဲ့ အကြံအစည်များ ()

    • ‘ဖြောင့်မတ်သူတွေ အပင်လို ရှင်သန်’ (၁၂)

    • ဇရာအိုများ သီးပွင့်ဝေဆာနေဆဲ (၁၄)

ဥပုသ်နေ့အတွက် သီချင်း။ ၉၂  အို ယေဟောဝါ၊ ကိုယ်တော့်ကို ကျေးဇူးတင် ချီးမွမ်းတာဟာ လျောက်ပတ်လှပါတယ်။+ အမြင့်ဆုံးအရှင်၊ နာမတော်ကို ချီးမွမ်းသီချင်းဆိုတာလည်း သင့်မြတ်လှပါတယ်။  ၂  မနက်မှာ ကိုယ်တော်ရဲ့ ခိုင်မြဲတဲ့မေတ္တာအကြောင်း၊ညမှာ ကိုယ်တော်ရဲ့ သစ္စာတရားအကြောင်း ကြေညာတာဟာ+ လျော်ကန်လှပါတယ်။ ၃  ဆယ်ကြိုးတပ် တူရိယာနဲ့ ဗျပ်စောင်းကို တီးပြီးသာယာနာပျော်ဖွယ် စောင်းသံနဲ့အတူ ချီးမွမ်းထိုက်ပါတယ်။+ ၄  အို ယေဟောဝါ၊ ကိုယ်တော်ရဲ့ လုပ်ရပ်တွေကြောင့် ဝမ်းမြောက်ပါတယ်။ လက်ရာတော်တွေကြောင့် ရွှင်လန်းစွာ သီချင်းဆိုပါတယ်။ ၅  အို ယေဟောဝါ၊ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေဟာ ကြီးမြတ်လှတယ်။+ အကြံအစည်တွေလည်း နက်နဲလှတယ်။+ ၆  ဒါတွေကို စဉ်းစားဉာဏ်မဲ့သူတွေ မသိနိုင်ဘူး။ လူမိုက်တွေ နားမလည်နိုင်တာက–+ ၇  လူဆိုးတွေ ပေါင်းပင်လို ပေါက်နေပြီးအမှားလုပ်တဲ့သူတွေ ရှင်သန်ကြီးထွားနေပေမဲ့နောက်ဆုံးတော့ ထာဝရ ဖျက်ဆီးခံရလိမ့်မယ်ဆိုတဲ့ အချက်ပဲ။+ ၈  အို ယေဟောဝါ၊ ကိုယ်တော်ကတော့ ထာဝစဉ် အမြင့်မြတ်ဆုံးအရှင်ပါ။ ၉  ယေဟောဝါဘုရား၊ ရန်သူတွေကို အောင်ပွဲခံတဲ့အကြည့်နဲ့ ကြည့်လိုက်ပါ။ ရန်သူတွေ ပျက်စီးသွားမှာကို ကြည့်လိုက်ပါ။ အမှားလုပ်တဲ့သူအားလုံး တကွဲတပြား ဖြစ်သွားပါလိမ့်မယ်။+ ၁၀  ကိုယ်တော်က ကျွန်တော့်ကို နွားရိုင်းလို အစွမ်းခွန်အား* တိုးပွားစေလိမ့်မယ်။ လန်းဆန်းစေတဲ့ဆီကို ကျွန်တော် လိမ်းကျံပါ့မယ်။+ ၁၁  ရန်သူတွေကို အနိုင်ရတဲ့အကြည့်နဲ့ ကြည့်ရလိမ့်မယ်။+ ကျွန်တော့်ကို တိုက်ခိုက်တဲ့ လူယုတ်မာတွေ ရှုံးနိမ့်တဲ့သတင်းကို ကြားရလိမ့်မယ်။ ၁၂  ဖြောင့်မတ်သူတွေကတော့ စွန်ပလွံပင်လို ရှင်သန်ကြီးထွားလိမ့်မယ်။ လက်ဘနွန်က သစ်ကတိုးပင်လို ကြီးထွားလိမ့်မယ်။+ ၁၃  ယေဟောဝါရဲ့ အိမ်တော်မှာ ပေါက်တဲ့အပင်တွေလို ဖြစ်လိမ့်မယ်။ တံတိုင်းတော်ထဲမှာ ရှင်သန်ကြီးထွားလိမ့်မယ်။+ ၁၄  ဇရာအိုအရွယ်မှာတောင် သီးပွင့်ဝေဆာနေလိမ့်မယ်။+ အားမာန်အပြည့်နဲ့ လန်းဆန်းနေလိမ့်မယ်။+ ၁၅  ယေဟောဝါ ဖြောင့်မှန်တယ်ဆိုတာကို ကြေညာကြလိမ့်မယ်။ ဘုရားသခင်ဟာ မဖြောင့်မတ်မှုနဲ့ ကင်းစင်တဲ့ ငါ့ရဲ့ကျောက်ဆောင်ပဲ။+

အောက်ခြေမှတ်ချက်များ

မူရင်း၊ “ဦးချို။”