နေဟမိ ၁၁:၁-၃၆
-
ဂျေရုဆလင်မြို့ ပြန်စည်ကား (၁-၃၆)
၁၁ အဲဒီအချိန်မှာ အစ္စရေးခေါင်းဆောင်တွေက ဂျေရုဆလင်မြို့မှာ နေထိုင်တယ်။+ ကျန်တဲ့လူတွေထဲက ဆယ်အိမ်ထောင်မှာ တစ်အိမ်ထောင်ဟာ သန့်ရှင်းတဲ့ ဂျေရုဆလင်မြို့မှာနေပြီး ကျန်တဲ့ကိုးအိမ်ထောင်ကတော့ တခြားမြို့တွေမှာနေဖို့ မဲချပြီး+ ဆုံးဖြတ်ကြတယ်။
၂ ဂျေရုဆလင်မြို့မှာ ဆန္ဒအလျောက် သွားနေထိုင်သူတွေကိုလည်း ဆုမွန်ကောင်း တောင်းပေးကြတယ်။
၃ ယုဒခရိုင်ဝန်တွေက ဂျေရုဆလင်မြို့မှာ နေထိုင်တယ်။ (ကျန်တဲ့အစ္စရေးတွေ၊ ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေ၊ ဗိမာန်တော်ကျွန်တွေနဲ့*+ ရှောလမုန်ကျွန်တွေရဲ့ သားမြေးတွေကတော့+ တခြားယုဒမြို့တွေမှာ၊ ကိုယ့်မြို့ကိုယ့်ရွာမှာ နေထိုင်ကြတယ်။+
၄ ယုဒနဲ့ ဗင်ယာမိန်အမျိုးသား တချို့လည်း ဂျေရုဆလင်မြို့မှာ နေထိုင်တယ်။) ယုဒအနွယ်မှာ ဖာရက်မိသားစုထဲက+ အသာယ (အသာယရဲ့ဖခင်က ဩဇိ၊ သြဇိရဲ့ဖခင်က ဇာခရိ၊ ဇာခရိရဲ့ဖခင်က အာမရိ၊ အာမရိရဲ့ဖခင်က ရှေဖတိ၊ ရှေဖတိရဲ့ဖခင်က မဟာလေလ)၊
၅ ရှေလ,မိသားစုထဲက မာသေယ (မာသေယရဲ့ဖခင်က ဗာရုတ်၊ ဗာရုတ်ရဲ့ဖခင်က ကောလဟောဇ၊ ကောလဟောဇရဲ့ဖခင်က ဟဇာယ၊ ဟဇာယရဲ့ဖခင်က အဒါယ၊ အဒါယရဲ့ဖခင်က ယောယရိပ်၊ ယောယရိပ်ရဲ့ဖခင်က ဇာခရိ)၊
၆ ဖာရက်ရဲ့သားမြေးထဲက လုပ်ရည်ကိုင်ရည်ရှိသူ ၄၆၈ ယောက်တို့က ဂျေရုဆလင်မြို့မှာ နေထိုင်ကြတယ်။
၇ ဗင်ယာမိန် အမျိုးသားတွေထဲမှာ စာလု+ (စာလုရဲ့ဖခင်က မေရှုလံ၊ မေရှုလံရဲ့ဖခင်က ယောဒဒ်၊ ယောဒဒ်ရဲ့ဖခင်က ပေဒါယ၊ ပေဒါယရဲ့ဖခင်က ကောလာယ၊ ကောလာယရဲ့ဖခင်က မာသေယ၊ မာသေယရဲ့ဖခင်က အိသေလ၊ အိသေလရဲ့ဖခင်က ယေရှာယ)။
၈ ပြီးတော့ ဂါဗဲနဲ့စာလဲအမျိုး စုစုပေါင်း ၉၂၈ ယောက်လည်း ပါတယ်။
၉ ဇိခရိရဲ့သား ယောလက ကြီးကြပ်ရေးမှူးဖြစ်ပြီး ဟာသေနွာရဲ့သား ယုဒက လက်ထောက်မြို့အုပ်ဖြစ်တယ်။
၁၀ ပုရောဟိတ်တွေထဲမှာ ယောယရိပ်ရဲ့သား ယေဒါယ၊ ယာခိန်၊+
၁၁ ဘုရားသခင့် အိမ်တော်ခေါင်းဆောင် စရာယ (စရာယရဲ့ဖခင်က ဟိလခိ၊ ဟိလခိရဲ့ဖခင်က မေရှုလံ၊ မေရှုလံရဲ့ဖခင်က ဇာဒုတ်၊ ဇာဒုတ်ရဲ့ဖခင်က မေရာယုတ်၊ မေရာယုတ်ရဲ့ဖခင်က အဟိတုပ်+)၊
၁၂ အိမ်တော်မှာ အလုပ်လုပ်တဲ့ သူတို့ညီအစ်ကို ၈၂၂ ယောက်၊ အဒါယ (အဒါယရဲ့ဖခင်က ယေရောဟံ၊ ယေရောဟံရဲ့ဖခင်က ပေလလိ၊ ပေလလိရဲ့ဖခင်က အံဇိ၊ အံဇိရဲ့ဖခင်က ဇာခရိ၊ ဇာခရိရဲ့ဖခင်က ပါရှုရ၊+ ပါရှုရရဲ့ဖခင်က မာလခိယ)၊
၁၃ သူ့ညီအစ်ကို ဆွေမျိုးစုခေါင်းဆောင် ၂၄၂ ယောက်၊ အာမရှဲ (အာမရှဲရဲ့ဖခင်က အာဇာရေလ၊ အာဇာရေလရဲ့ဖခင်က အာဇိ၊ အာဇိရဲ့ဖခင်က မေရှိလမုတ်၊ မေရှိလမုတ်ရဲ့ဖခင်က အိမေရ)၊
၁၄ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ သူတို့ရဲ့ညီအစ်ကို ၁၂၈ ယောက်ရှိတယ်။ ကြီးကြပ်ရေးမှူးကတော့ ဆွေကြီးမျိုးကြီးထဲက ဇာဗဒေလဖြစ်တယ်။
၁၅ လေဝိအမျိုးသားတွေထဲမှာ ဗုနိရဲ့တီ၊ ဟာရှဘိရဲ့မြစ်၊ အာဇရိကံရဲ့မြေး၊ ဟာရှုပ်ရဲ့သား ရှေမာယ၊+
၁၆ ဘုရားသခင့်အိမ်တော် အပြင်ပိုင်းလုပ်ငန်းတွေကို ကြီးကြပ်ရတဲ့ လေဝိအမျိုးသား ခေါင်းဆောင်တွေထဲက ရှဗေသဲနဲ့+ ယောဇဗတ်၊+
၁၇ အာသပ်ရဲ့မြစ်၊+ ဇာဗဒိရဲ့မြေး၊ မိက္ခာရဲ့သား ဂီတမှူး မသနိနဲ့+ လက်ထောက် ဗာဗုကိ၊ ယေဒုသုန်ရဲ့မြစ်၊+ ဂါလာရဲ့မြေး၊ ရှမွာရဲ့သား အာဗဒတို့ဖြစ်တယ်။ မသနိက ဆုတောင်းတဲ့အခါ ကျေးဇူးတင်ချီးမွမ်းတဲ့သီချင်းကို ဦးဆောင်သီဆိုသူလည်း+ ဖြစ်တယ်။
၁၈ သန့်ရှင်းတဲ့မြို့မှာနေထိုင်သူ လေဝိအမျိုးသား စုစုပေါင်း ၂၈၄ ယောက်ရှိတယ်။
၁၉ တံခါးစောင့်တွေကတော့ အက္ကုပ်၊ တာလမုန်နဲ့+ သူတို့ညီအစ်ကို ၁၇၂ ယောက်ရှိတယ်။
၂၀ ကျန်တဲ့အစ္စရေးတွေ၊ ပုရောဟိတ်တွေနဲ့ လေဝိအမျိုးသားတွေက ကိုယ်အမွေရထားတဲ့ တခြားယုဒမြို့တွေမှာ နေထိုင်ကြတယ်။
၂၁ ဗိမာန်တော်ကျွန်တွေက*+ သြဖေလအရပ်မှာ+ နေထိုင်ကြတယ်။ ဇိဟနဲ့ ဂိသပက သူတို့ကို ကြီးကြပ်တယ်။
၂၂ ဂျေရုဆလင်မြို့မှာ နေထိုင်တဲ့ လေဝိအမျိုးသားတွေရဲ့ ကြီးကြပ်ရေးမှူးကတော့ သီချင်းသည် အာသပ်ကနေ ဆင်းသက်လာတဲ့ သြဇေဖြစ်တယ်။ သြဇေရဲ့ဖခင်က ဗာနိ၊ ဗာနိရဲ့ဖခင်က ဟာရှဘိ၊ ဟာရှဘိရဲ့ဖခင်က မသနိ၊+ မသနိရဲ့ဖခင်က မိက္ခာ။ သြဇေက ဘုရားသခင်ရဲ့ အိမ်တော်လုပ်ငန်းကိုလည်း ကြီးကြပ်ရတယ်။
၂၃ သီချင်းသည်တွေ လိုအပ်တဲ့ရိက္ခာကို နေ့စဉ်ပေးရမယ်ဆိုပြီး အမိန့်တော် ထုတ်ပြန်ထားတယ်။+
၂၄ ယုဒအနွယ် ဇေရရဲ့မြေး၊ မေရှဇဗေလရဲ့သား ပေသဟိက လူတွေရဲ့ အရေးကိစ္စအားလုံးအတွက် ဘုရင်ကို အကြံပေးရတဲ့သူဖြစ်တယ်။
၂၅ ပတ်ဝန်းကျင် နယ်မြေအပါအဝင် မြို့ရွာတွေရဲ့ စာရင်းကတော့ ကိရယအာဘမြို့နဲ့+ ပတ်ဝန်းကျင်မြို့ငယ်တွေ၊ ဒိဘုန်မြို့နဲ့ ပတ်ဝန်းကျင်မြို့ငယ်တွေ၊ ယေကပ်ဇေလမြို့နဲ့+ ကျေးရွာတွေမှာ ယုဒလူတချို့ နေထိုင်ကြတယ်။
၂၆ ယေရွှာမြို့၊ မောလဒမြို့၊+ ဗက်ပါလက်မြို့၊+
၂၇ ဟာဇာရှုအာမြို့၊+ ဗေရရှေဘမြို့နဲ့ ပတ်ဝန်းကျင်မြို့ငယ်တွေ၊
၂၈ ဇိကလတ်မြို့၊+ မေကောနမြို့နဲ့ ပတ်ဝန်းကျင်မြို့ငယ်တွေ၊
၂၉ အင်ရိမုန်မြို့၊+ ဇောရာမြို့၊+ ယာမုတ်မြို့၊
၃၀ ဇာနောမြို့၊+ အဒုလံမြို့နဲ့ ကျေးရွာတွေ၊ လာခိရှမြို့နဲ့+ နယ်မြေတွေ၊ အဇေကာမြို့နဲ့+ ပတ်ဝန်းကျင်မြို့ငယ်တွေမှာလည်း နေထိုင်တယ်။ ဗေရရှေဘမြို့ကနေ ဟိန်နုံချိုင့်ဝှမ်းအထိ+ အခြေချနေထိုင်ကြတယ်။
၃၁ ဗင်ယာမိန်အမျိုးသားတွေက ဂေဘမြို့၊+ မိတ်မတ်မြို့၊ အာအိယမြို့၊ ဗေသလမြို့နဲ့+ ပတ်ဝန်းကျင်မြို့ငယ်တွေ၊
၃၂ အာနသုတ်မြို့၊+ နောဗမြို့၊+ အာနနိယမြို့၊
၃၃ ဟာဇော်မြို့၊ ရာမမြို့၊+ ဂိတိမ်အရပ်၊
၃၄ ဟာဒိမြို့၊ ဇေဘိုင်မြို့၊ နေဗလတ်အရပ်၊
၃၅ လောဒမြို့နဲ့ လက်မှုပညာသည်ချိုင့်ဝှမ်းဖြစ်တဲ့ သြနောမြို့မှာ+ နေထိုင်ကြတယ်။
၃၆ ယုဒနယ်မြေမှာ နေထိုင်ခဲ့ရတဲ့ လေဝိအမျိုးသားအုပ်စုတချို့က ဗင်ယာမိန်နယ်မြေမှာ နေထိုင်ရတယ်။
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “နက်သနင်တွေနဲ့။” မူရင်း၊ “ပေးအပ်ခံရသူတွေ။”
^ ဒါမှမဟုတ်၊ “နက်သနင်တွေက။” မူရင်း၊ “ပေးအပ်ခံရသူတွေ။”