ယေဇကျေလ ၇:၁-၂၇

  • အဆုံး ရောက်လာပြီ (၁-၂၇)

    • မကြုံဖူးတဲ့ ဘေးဆိုး ()

    • ငွေကို လမ်းပေါ်လွှင့်ပစ် (၁၉)

    • ဗိမာန်တော်ကို ညစ်ညူးစေ (၂၂)

 ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂  “လူသား၊ အစ္စရေးပြည်ကို အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားတွေကို မင်း ပြောရမယ်– ‘အဆုံး ရောက်လာပြီ။ တစ်ပြည်လုံးရဲ့အဆုံး ရောက်လာပြီ။ ၃  အခု မင်းရဲ့အဆုံး ရောက်လာပြီ။ မင်းအပေါ် ငါ့ဒေါသကို ဖွင့်ချမယ်။ မင်းရဲ့လမ်းစဉ်နဲ့အညီ တရားစီရင်မယ်။ မင်းရဲ့ ရွံစရာအကျင့်တွေအတွက် ပြန်ဆပ်ပေးမယ်။ ၄  မင်းအတွက် ငါဝမ်းမနည်းဘူး။ သနားညှာတာမှာ မဟုတ်ဘူး။+ မင်းရဲ့လမ်းစဉ်အတိုင်း ရလဒ်ကို ပြန်ခံစေမယ်။ ရွံစရာအကျင့်တွေရဲ့ အကျိုးဆက်ကို ခံရလိမ့်မယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ မင်းသိရလိမ့်မယ်။’+ ၅  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ဘေးဆိုးတစ်ခု၊ မကြုံဖူးတဲ့ ဘေးဆိုးတစ်ခု လာနေပြီ။+ ၆  အဆုံး လာနေပြီ။ အဆုံးရောက်လာတော့မယ်။ မင်းဆီ ဗြုန်းခနဲ ရောက်လာမယ်။ အဆုံး လာနေပြီ။ ၇  အို ပြည်သား၊ မင်းအလှည့်* ရောက်လာပြီ။ အချိန်ရောက်လာပြီ။ အဲဒီနေ့ နီးနေပြီ။+ တောင်တန်းတွေပေါ်မှာ အုတ်အုတ်သဲသဲအသံ ထွက်ပေါ်နေတယ်။ ပျော်ရွှင်မြူးထူးသံတော့ မဟုတ်ဘူး။ ၈  “‘မကြာခင် ငါ့ဒေါသကို မင်းအပေါ် သွန်းလောင်းမယ်။+ ငါ့ဒေါသကို အကုန်အစင် ဖွင့်ချမယ်။+ မင်းရဲ့လမ်းစဉ်နဲ့အညီ တရားစီရင်မယ်။ မင်းရဲ့ ရွံစရာအကျင့်တွေအတွက် ပြန်ဆပ်ပေးမယ်။ ၉  မင်းအတွက် ငါဝမ်းမနည်းဘူး။ သနားညှာတာမှာ မဟုတ်ဘူး။+ မင်းရဲ့လမ်းစဉ်အတိုင်း ရလဒ်ကို ပြန်ခံစေမယ်။ ရွံစရာအကျင့်တွေရဲ့ အကျိုးဆက်ကို ပြန်ခံရလိမ့်မယ်။ မင်းကိုဒဏ်ခတ်တဲ့သူဟာ ငါယေဟောဝါပဲဆိုတာ မင်းသိရလိမ့်မယ်။+ ၁၀  “‘အဲဒီနေ့ လာနေပြီ။+ မင်းအလှည့်* ရောက်လာပြီ။ ကြိမ်လုံးဟာ အပွင့်ပွင့်နေပြီ။ ရောင့်တက်မှုဟာ အညွန့် တလူလူတက်နေပြီ။ ၁၁  မင်းရဲ့ဆိုးညစ်မှုကြောင့် ကြိမ်လုံးက ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မယ်။+ ကိုယ်တိုင်သာမက စည်းစိမ်ဥစ္စာတွေ၊ လူအုပ်တွေ၊ ထင်ပေါ်ကျော်ကြားမှုတွေ တစ်ခုမှကျန်ရစ်မှာ မဟုတ်ဘူး။ ၁၂  အဲဒီအချိန် ရောက်လာမယ်။ အဲဒီနေ့ ရောက်လာမယ်။ ဝယ်သူ ဝမ်းမြောက်မနေနဲ့။ ရောင်းသူလည်း ညည်းတွားမနေနဲ့။ လူတိုင်းကို ငါဒေါသထွက်နေလို့ပဲ။+ ၁၃  ရောင်းသူက အသက်ချမ်းသာရခဲ့ရင်တောင် ရောင်းလိုက်တဲ့မြေကို ပြန်လာနိုင်မှာ မဟုတ်ဘူး။ ဒီစိတ်အာရုံအတိုင်း သူတို့ကြုံရလိမ့်မယ်။ တစ်ယောက်မှ ပြန်လာနိုင်မှာ မဟုတ်ဘူး။ သူ* ကျူးလွန်ခဲ့တဲ့အပြစ်ကြောင့် တစ်ယောက်မှ အသက်ဆက်ရှင်မှာ မဟုတ်ဘူး။ ၁၄  “‘သူတို့က ခရာမှုတ်ပြီး+ အသင့်ဖြစ်နေပေမဲ့ စစ်တိုက်ထွက်သူတစ်ယောက်မှ မရှိဘူး။ သူတို့ကို ငါဒေါသထွက်နေလို့ပဲ။+ ၁၅  အပြင်မှာ ဓားဘေး၊+ အထဲမှာ ကပ်ရောဂါဘေးနဲ့ အငတ်ဘေး ရှိနေတယ်။ လယ်ထဲမှာရှိနေသူတိုင်း ဓားဘေးကြောင့် သေဆုံးလိမ့်မယ်။ မြို့ထဲမှာရှိနေသူတွေကို အငတ်ဘေးနဲ့ ကပ်ရောဂါဘေး ဝါးမျိုလိမ့်မယ်။+ ၁၆  အသက်ရှင် လွတ်မြောက်သူတွေက တောင်တန်းတွေပေါ် တက်သွားလိမ့်မယ်။ အားလုံးဟာ ကိုယ့်အပြစ်နဲ့ကိုယ် ချိုင့်ဝှမ်းထဲက ချိုးငှက်တွေလို ညည်းတွားနေလိမ့်မယ်။+ ၁၇  သူတို့လက်တွေ ပျော့ခွေသွားလိမ့်မယ်။ ဒူးတွေလည်း အရည်တစက်စက် ကျနေလိမ့်မယ်။*+ ၁၈  အထည်ကြမ်း* ဝတ်ပြီး+ တဆတ်ဆတ် တုန်နေလိမ့်မယ်။ အားလုံး အရှက်တကွဲဖြစ်ပြီး ခေါင်းတုံးတုံးကြလိမ့်မယ်။+ ၁၉  “‘သူတို့က ငွေကို လမ်းပေါ် လွှင့်ပစ်လိမ့်မယ်။ သူတို့အတွက် ရွှေဟာ ရွံစရာပဲ။ ယေဟောဝါ အမျက်ထွက်တဲ့နေ့မှာ ရွှေငွေတွေ ကယ်တင်နိုင်မှာ မဟုတ်ဘူး။+ သူတို့ ဝဝလင်လင် စားရမှာ မဟုတ်ဘူး။ ဗိုက်ဟောင်းလောင်း ဖြစ်နေလိမ့်မယ်။ အဲဒီရွှေငွေတွေဟာ သူတို့အတွက် အပြစ်ကျူးလွန်စေတဲ့ ဆူးငြောင့်ခလုတ် ဖြစ်လို့ပဲ။ ၂၀  သူတို့ရဲ့ အလှတန်ဆာတွေကြောင့် မာန်တက်နေတယ်။ ရွှေငွေတွေသုံးပြီး ရွံရှာဖွယ်ရုပ်ပုံတွေ၊ ရွံမုန်းဖွယ်ရုပ်တုတွေ လုပ်တယ်။+ ဒါကြောင့် အဲဒီရွှေငွေတွေကို ရွံစရာဖြစ်အောင် ငါလုပ်မယ်။ ၂၁  တိုင်းတစ်ပါးသားတွေ လုယက်ဖို့၊ လူဆိုးတွေ သိမ်းယူဖို့ ငါအပ်မှာဖြစ်လို့ အဲဒီရွှေငွေတွေကို သူတို့ ညစ်ညူးစေမယ်။ ၂၂  “‘သူတို့ကို ငါမျက်နှာလွှဲမယ်။+ ရန်သူတွေက ငါ့ရဲ့လျှို့ဝှက်နေရာကို* ညစ်ညူးစေမယ်။ ဓားပြတွေ ဝင်လာပြီး ညစ်ညူးစေမယ်။+ ၂၃  “‘သုံ့ပန်းတွေကို ချည်ဖို့ သံကြိုးတွေ လုပ်ပါ။+ တိုင်းပြည်မှာ မမျှတတဲ့စီရင်ချက်တွေကြောင့် လူတွေ သေဆုံးနေတယ်။+ မြို့ထဲမှာလည်း အကြမ်းဖက်မှုတွေ အပြည့်ပဲ။+ ၂၄  ငါက လူမျိုးခြားတွေထဲက အဆိုးဆုံးလူတွေကို ခေါ်လာပြီး+ အိမ်တွေကို သိမ်းယူစေမယ်။+ ခွန်အားကြီးသူတွေရဲ့ မာနကို ချိုးပစ်မယ်။ သန့်ရှင်းရာအရပ်တွေ ညစ်ညူးသွားလိမ့်မယ်။+ ၂၅  သူတို့ ဝေဒနာခံစားရတဲ့အခါ ငြိမ်သက်ခြင်းကို ရှာမှာပဲ။ ဒါပေမဲ့ တွေ့မှာမဟုတ်ဘူး။+ ၂၆  ဘေးဒုက္ခ တစ်ခုပြီးတစ်ခု ဖြစ်လာမယ်။ သတင်း တစ်ခုပြီးတစ်ခု ကြားရလိမ့်မယ်။ လူတွေက ပရောဖက်ကို စိတ်အာရုံအကြောင်း မေးမြန်းကြလိမ့်မယ်။+ ပုရောဟိတ်တွေက ပညတ်အကြောင်း သင်ပေးနိုင်မှာ မဟုတ်ဘူး။ အကြီးအကဲတွေလည်း အကြံဉာဏ်ပေးနိုင်မှာ မဟုတ်ဘူး။+ ၂၇  ဘုရင်ဟာ ညည်းတွားငိုကြွေးရလိမ့်မယ်။+ ခေါင်းဆောင်လည်း စိတ်ပျက်နေလိမ့်မယ်။ ပြည်သားတွေဟာ ကြောက်လွန်းလို့ လက်တွေ တဆတ်ဆတ် တုန်နေလိမ့်မယ်။ သူတို့ရဲ့ လမ်းစဉ်နဲ့အညီ ငါဆက်ဆံမယ်။ သူတို့ တရားစီရင်ခဲ့တဲ့အတိုင်း ပြန်တရားစီရင်မယ်။ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့ သိရကြလိမ့်မယ်။’”+

အောက်ခြေမှတ်ချက်များ

“ပန်းကုံး” လည်းဖြစ်နိုင်။
“ပန်းကုံး” လည်းဖြစ်နိုင်။
“သူတို့” လည်းဖြစ်နိုင်။
ကြောက်လို့ ဆီးထွက်ကျတာဖြစ်။
ခက်ဆစ်ကိုကြည့်။
ယေဟောဝါရဲ့ သန့်ရှင်းရာဌာနတော်ထဲက အတွင်းအကျဆုံးအခန်း ဖြစ်နိုင်။