ယေဇကျေလ ၉:၁-၁၁

  • ကွပ်မျက်သူ ခြောက်ယောက်၊ မင်အိုးပါသူတစ်ယောက် (၁-၁၁)

    • သန့်ရှင်းရာဌာနတော်ကနေ စတင်စီရင် ()

 အဲဒီနောက် သူက “မြို့ကို ဒဏ်ခတ်ဖျက်ဆီးဖို့ လက်နက်ကိုယ်စီ ကိုင်ထားသူတွေကို ဆင့်ခေါ်လိုက်ပါ” လို့ ကျွန်တော့်ကို အော်ပြောတယ်။ ၂  အဲဒီအခါ မြောက်အရပ်ဘက် မျက်နှာမူထားတဲ့ အထက်တံခါးပေါက်ကနေ+ လူခြောက်ယောက် ထွက်လာတာကို ကျွန်တော်တွေ့တယ်။ ရိုက်ခွဲစရာလက်နက် ကိုယ်စီ ကိုင်ထားတယ်။ ချည်ထည်ဝတ်ဆင်ပြီး ခါးမှာ စာရေးတော်မင်ဘူး ချိတ်ထားသူတစ်ယောက်လည်း ပါတယ်။ ကြေးနီပူဇော်ရာပလ္လင်ဘေးမှာ သူတို့လာရပ်ကြတယ်။+ ၃  အစ္စရေးတို့ ဘုရားသခင်ရဲ့ ဘုန်းအသရေဟာ+ ခေရုဗိမ်တွေအထက်မှာ ရှိနေရာကနေ အိမ်တော်တံခါးခုံကို ရောက်လာတယ်။+ ချည်ထည်ဝတ်ဆင်ပြီး ခါးမှာ စာရေးတော်မင်ဘူး ချိတ်ထားသူကို ခေါ်ပြီး၊ ၄  ယေဟောဝါက “ဂျေရုဆလင်မြို့ထဲ သွားပါ။ မြို့ထဲမှာလုပ်နေတဲ့ ရွံစရာတွေကြောင့်+ သက်ပြင်းချသူတွေ၊ ညည်းတွားသူတွေရဲ့ နဖူးမှာ မှတ်သားပါ”+ လို့ ပြောတယ်။ ၅  ဘုရားသခင်က ကျန်တဲ့သူတွေကိုလည်း “သူ့နောက်ကနေ မြို့ထဲ လိုက်သွားပြီး လူတွေကို ကွပ်မျက်ပါ။ သူတို့အတွက် ဝမ်းမနည်းနဲ့။ သနားမနေနဲ့။+ ၆  လူကြီးလူငယ်၊ အပျိုစင်၊ မိန်းမ၊ ကလေးငယ်ပါမကျန် ကွပ်မျက်ပါ။+ နဖူးမှာ အမှတ်အသားပါသူတွေကိုတော့ မကွပ်မျက်နဲ့။+ သန့်ရှင်းရာဌာနတော်ကနေ စလုပ်ပါ”+ လို့ပြောတယ်။ ဒါကြောင့် သူတို့က အိမ်တော်ရှေ့မှာရှိတဲ့ အကြီးအကဲတွေကို စပြီးကွပ်မျက်တယ်။+ ၇  အဲဒီနောက် “အိမ်တော်ကို ညစ်ညူးစေပါ။ ရင်ပြင်တွေကိုအလောင်းတွေနဲ့ ပြည့်စေပါ။+ ကဲ၊ စပေတော့” လို့ ဘုရားပြောတာနဲ့ သူတို့လည်း ထွက်သွားပြီး မြို့ထဲမှာ လူတွေကို ကွပ်မျက်ကြတယ်။ ၈  အဲဒီလို ကွပ်မျက်တဲ့အခါ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်တယ်။ ကျွန်တော်လည်း ပျပ်ဝပ်ပြီး “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ဂျေရုဆလင်မြို့အပေါ် အမျက်တော် သွန်းလောင်းတဲ့အခါ အစ္စရေးအကြွင်းအကျန်တွေကိုပါ ဖျက်ဆီးပစ်မှာလား”+ လို့ပြောလိုက်တယ်။ ၉  အဲဒီအခါ ဘုရားက “အစ္စရေးနဲ့ ယုဒအမျိုးရဲ့ အပြစ်ဟာ အင်မတန်ကြီးလေးတယ်။+ တိုင်းပြည်မှာ သွေးချောင်းစီးနေတယ်။+ မြို့ထဲမှာလည်း အကျင့်ပျက်ခြစားမှုတွေ အပြည့်ပဲ။+ ‘ဒီပြည်ကို ယေဟောဝါဘုရား စွန့်သွားပြီ။ ယေဟောဝါ မမြင်ပါဘူး’+ လို့ ပြောနေကြတယ်။ ၁၀  ဒါကြောင့် သူတို့အတွက် ငါဝမ်းမနည်းဘူး။ သနားညှာတာမှာ မဟုတ်ဘူး။+ သူတို့လမ်းစဉ်ရဲ့ အကျိုးဆက်ကို ပြန်ခံစေမယ်” လို့ ပြောတယ်။ ၁၁  အဲဒီနောက် ချည်ထည်ဝတ်ဆင်ပြီး ခါးမှာ မင်အိုးချိတ်ထားသူက “မိန့်မှာထားတဲ့အတိုင်း လုပ်ပြီးပါပြီ” လို့ လာပြောတာကို ကျွန်တော်တွေ့ရတယ်။

အောက်ခြေမှတ်ချက်များ