ယောဟန် ၃:၁-၃၆

  • ယေရှုနဲ့ နိကောဒင် (၁-၂၁)

    • တစ်ဖန်မွေးဖွားခြင်း (၃-၈)

    • လူ့လောကကို ဘုရားသခင်ချစ် (၁၆)

  • ယေရှုအကြောင်း ယောဟန် နောက်ဆုံးအကြိမ် သက်သေခံ (၂၂-၃၀)

  • အထက်အရပ်က လာတဲ့သူ (၃၁-၃၆)

 ဂျူးတွေရဲ့ ခေါင်းဆောင်လည်းဖြစ်၊ ဖာရိရှဲလည်းဖြစ်တဲ့  နိကောဒင်ဆိုတဲ့+  လူတစ်ယောက်ရှိတယ်။ ၂  သူက ညအချိန်မှာ ယေရှုဆီလာပြီး+ “ဆရာ၊*+ ဆရာဟာ ဘုရားသခင် စေလွှတ်တဲ့သူဖြစ်မှန်း ကျွန်တော်တို့ သိပါတယ်။ ဘုရားသခင် အတူမရှိရင် ဒီလိုအံ့ဖွယ်အမှုတွေကို+ ဘယ်သူမှ မလုပ်ပြနိုင်ဘူး” လို့ပြောတော့၊+ ၃  ယေရှုက “ကျွန်တော် မှန်တာကို ပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ တစ်ဖန်မွေးဖွားခြင်း မခံရတဲ့သူဟာ+ ဘုရားသခင့်နိုင်ငံတော်ကို မြင်ရမှာ မဟုတ်ဘူး” လို့ဖြေတယ်။+ ၄  အဲဒီအခါ နိကောဒင်က “လူတစ်ယောက် အရွယ်ရောက်ပြီးခါမှ ဘယ်လိုလုပ် မွေးဖွားခံရဦးမှာလဲ။ မိခင်ဝမ်းထဲ ပြန်ဝင်ပြီး ဒုတိယအကြိမ် မွေးဖွားခံလို့မှ မရတာ” လို့ပြောတယ်။ ၅  ယေရှုက “ကျွန်တော် မှန်တာကိုပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ ရေနဲ့ရော+ စွမ်းအားတော်နဲ့ပါ+ မွေးဖွားခြင်းမခံရင် ဘယ်သူမှ ဘုရားသခင့်နိုင်ငံတော်ကို ဝင်လို့မရဘူး။ ၆  လူက မွေးဖွားရင် လူပဲဖြစ်မယ်။ ဘုရားသခင့် စွမ်းအားတော်နဲ့ မွေးဖွားခြင်းခံရရင်တော့ ဘုရားသခင်ရဲ့ သားသမီးတွေ ဖြစ်မယ်။ ၇  ခင်ဗျားတို့ တစ်ဖန်မွေးဖွားခြင်းခံရမယ်ဆိုပြီး ကျွန်တော်ပြောလိုက်လို့ မအံ့သြပါနဲ့။ ၈  လေက တိုက်ချင်တဲ့ဘက်ကို တိုက်တတ်တယ်။ လေတိုက်သံ ကြားပေမဲ့ ဘယ်ကလာလို့ ဘယ်ကိုတိုက်မှန်း မသိနိုင်ဘူး။ စွမ်းအားတော်နဲ့ မွေးဖွားခြင်းခံရသူတွေလည်း အဲဒီအတိုင်းပဲ”+ လို့ပြန်ဖြေတယ်။ ၉  နိကောဒင်က “ဒါတွေ ဘယ်လိုလုပ်  ဖြစ်နိုင်မှာလဲ”  လို့မေးတော့၊ ၁၀  ယေရှုက “ခင်ဗျားဟာ အစ္စရေးတွေရဲ့ ဆရာဖြစ်လျက်နဲ့ ဒါတွေကို မသိသေးဘဲကိုး။ ၁၁  ကျွန်တော် မှန်တာကိုပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ ကျွန်တော်တို့က ကိုယ်သိတာကို ပြောတယ်။ ကိုယ်မြင်တာကို သက်သေခံတယ်။  ဒါပေမဲ့ ကျွန်တော်တို့ သက်သေခံတာကို  ခင်ဗျားတို့လက်မခံဘူး။ ၁၂  ကျွန်တော်ပြောနေတဲ့ မြေကြီးနဲ့ဆိုင်တဲ့ အရာတွေကိုတောင် ခင်ဗျားတို့မယုံရင် ကောင်းကင်နဲ့ဆိုင်တဲ့ အရာတွေဆို   ဘယ်လိုလုပ်  ယုံမှာလဲ။ ၁၃  ကောင်းကင်ကနေ ဆင်းသက်လာတဲ့ လူသားကလွဲလို့+ ဘယ်သူမှ ကောင်းကင်ကို မတက်ဖူးဘူး။+ ၁၄  မောရှေက တောမှာ မြွေကို မြှောက်ထားသလို+ လူသားလည်း မြှောက်ထားခံရလိမ့်မယ်။+ ၁၅  ဒါမှ လူသားကို ယုံကြည်သူအားလုံး ထာဝရအသက် ရနိုင်ကြမယ်။+ ၁၆  “ဘုရားသခင်က လူ့လောကကို အလွန်ချစ်တယ်။ ဒါကြောင့် မိမိရဲ့သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက်ရနိုင်ဖို့+ အဲဒီတစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်။+ ၁၇  အဲဒီသားကို စေလွှတ်ရတဲ့  အကြောင်းရင်းက လူ့လောကကို ပြစ်ဒဏ်စီရင်ဖို့ မဟုတ်ဘူး။ သူ့ကိုသုံးပြီး လူ့လောကကို ကယ်တင်ဖို့ပဲ။+ ၁၈  သူ့ကို ယုံကြည်သက်ဝင်သူတွေ ပြစ်ဒဏ်စီရင်ခံရမှာ မဟုတ်ဘူး။+ မယုံကြည်တဲ့သူကတော့ အခုကတည်းက ပြစ်ဒဏ်စီရင်ခံနေရပြီ။ ဘာလို့လဲဆိုတော့ ဘုရားသခင်ရဲ့ တစ်ဦးတည်းသောသားနာမည်ကို သူတို့ မယုံကြည်ကြလို့ပဲ။+ ၁၉  အလင်းက လူ့လောကကို ရောက်လာပြီ။+ ဒါပေမဲ့ လူတွေက သူတို့ရဲ့မကောင်းတဲ့  အကျင့်တွေကြောင့် အလင်းထက် အမှောင်ကို ပိုနှစ်သက်ကြတယ်။ ဒါကြောင့် သူတို့ ပြစ်ဒဏ်စီရင် ခံရလိမ့်မယ်။ ၂၀  ဆိုးညစ်တဲ့အကျင့်ရှိသူဟာ အလင်းကို မုန်းတယ်။ သူ့အကျင့်တွေ ပေါ်သွားမှာစိုးလို့ အလင်းဆီ မလာဘူး။ ၂၁  ဖြောင့်မတ်တဲ့အကျင့်ရှိသူကတော့ သူ့အကျင့်တွေ ဘုရားသခင့်အလိုတော်နဲ့ ကိုက်ညီမှန်း ဖော်ပြဖို့ အလင်းဆီ လာတတ်တယ်”+ လို့ပြောတယ်။ ၂၂  အဲဒီနောက် ယေရှုက တပည့်တွေနဲ့အတူ ယုဒတောရွာတွေဆီ သွားတယ်။ အဲဒီမှာ တပည့်တွေနဲ့အတူနေပြီး လူတွေကို နှစ်ခြင်းပေးတယ်။+ ၂၃  ယောဟန်လည်း ရှာလိမ်မြို့အနီး အဲနုန်အရပ်မှာရှိတဲ့ ရေအိုင်ကြီးတစ်အိုင်မှာ နှစ်ခြင်းပေးနေတော့+ လူတွေ သူ့ဆီလာပြီး  နှစ်ခြင်းခံကြတယ်။+ ၂၄  အဲဒီတုန်းက ယောဟန် ထောင်မကျသေးဘူး။+ ၂၅  ယောဟန်ရဲ့တပည့်တွေက သန့်စင်ခြင်းထုံးစံနဲ့ပတ်သက်ပြီး  ဂျူးတစ်ယောက်နဲ့  အငြင်းအခုံဖြစ်တယ်။ ၂၆  တပည့်တွေက ယောဟန်ဆီလာပြီး “ဆရာ၊ မှတ်မိလား။ ဂျော်ဒန်မြစ် တစ်ဖက်ကမ်းမှာတုန်းက ဆရာ့ဆီလာတဲ့လူလေ။ သူ့အကြောင်း ဆရာ သက်သေခံဖူးပါတယ်။+ အခု အဲဒီလူက နှစ်ခြင်းပေးနေတော့ လူအများကြီး သူ့ဆီသွားနေကြပြီ” လို့ပြောတော့၊ ၂၇  ယောဟန်က “ဘုရားသခင် မပေးဘဲ လူတွေရတာဆိုလို့ ဘာတစ်ခုမှ မရှိဘူး။ ၂၈  ‘ကျွန်တော်က ခရစ်တော် မဟုတ်ဘူး၊+ ခရစ်တော်ထက်အရင် စေလွှတ်ခံရသူဖြစ်တယ်’+ လို့ ကျွန်တော်ပြောတာကို ခင်ဗျားတို့ကိုယ်တိုင် ကြားခဲ့သားပဲ။ ၂၉  သတို့သမီးကိုရတဲ့သူဟာ သတို့သားပါ။+ ဒါပေမဲ့ အနားမှာရပ်နေတဲ့ မိတ်ဆွေကလည်း သတို့သားရဲ့အသံကို ကြားပြီး ဝမ်းသာကြည်နူးနေတတ်တယ်။ အဲဒီလိုပဲ ကျွန်တော်လည်း ဝမ်းသာကြည်နူးနေတယ်။ ၃၀  ခရစ်တော်ဟာ တိုးတက်နေရမယ်၊ ကျွန်တော်ကတော့ ဆုတ်ယုတ်သွားရမှာပဲ” လို့ပြောတယ်။ ၃၁  အထက်အရပ်ကနေ လာတဲ့သူဟာ+  အားလုံးထက်  ပိုကြီးမြတ်တယ်။ မြေကြီးကနေ လာတဲ့သူကတော့ မြေကြီးနဲ့ စပ်ဆိုင်တယ်။ မြေကြီးနဲ့ဆိုင်တာတွေကိုပဲ ပြောတတ်တယ်။ ကောင်းကင်ကနေ  လာတဲ့သူဟာ  အားလုံးထက် ပိုကြီးမြတ်တယ်။+ ၃၂  သူက မြင်ခဲ့၊ ကြားခဲ့တာတွေကို သက်သေခံပေမဲ့+ သူပြောတာကို ဘယ်သူမှ လက်မခံကြဘူး။+ ၃၃  သူပြောတာကိုလက်ခံတဲ့သူကတော့ ဘုရားသခင်ဟာ အမှန်တရားကို  ပြောတယ်ဆိုတဲ့အချက်ကိုအတည်ပြုတဲ့သူပဲ။*+ ၃၄  ဘုရားသခင်က စွမ်းအားတော်ကို မတွန့်တိုဘဲ ပေးသနားတဲ့အတွက် ဘုရားစေလွှတ်လိုက်တဲ့သူက ဘုရားသခင်ရဲ့ တရားစကားတွေကို  ပြောတယ်။+ ၃၅  အဖဘုရားက သားကိုချစ်တဲ့အတွက်+ သူ့လက်ထဲ အရာခပ်သိမ်း  အပ်နှင်းလိုက်ပြီ။+ ၃၆  ဘုရားရဲ့သားကို ယုံကြည်သက်ဝင်သူဟာ ထာဝရအသက် ရလိမ့်မယ်။+ သူ့စကားကို နားမထောင်တဲ့သူကတော့ အသက်ရမှာ မဟုတ်ဘူး။+ ဘုရားသခင့်အမျက်တော် ခံရလိမ့်မယ်။+

အောက်ခြေမှတ်ချက်များ

မူရင်း၊ “ရဗ္ဗိ။”
မူရင်း၊ “တံဆိပ်ခတ်တဲ့သူပဲ။”