ဟေရှာယ ၂၆:၁-၂၁
၂၆ အဲဒီအချိန်ကျရင် ယုဒပြည်မှာ+ ဒီသီချင်းကို သီဆိုလိမ့်မယ်–+
“ငါတို့ရဲ့မြို့ဟာ ခိုင်ခံ့တယ်။+
ကယ်တင်ခြင်းကျေးဇူးတော်ဟာ မြို့ရိုးတွေ၊ ခံစစ်ကုန်းရိုးတွေနဲ့တူတယ်။+
၂ မြို့တံခါးတွေကို ဖွင့်ထားပါ။+
ဖြောင့်မတ်တဲ့လူမျိုး၊ သစ္စာရှိရှိကျင့်ကြံတဲ့ လူမျိုး ဝင်လာမယ်။
၃ ဘုရားက အပြည့်အဝ မှီခိုတဲ့သူတွေကို* ကာကွယ်စောင့်ရှောက်ပေးမယ်။
ယုံကြည်ကိုးစားတဲ့သူတွေကို+တည်မြဲတဲ့ငြိမ်သက်မှု ပေးလိမ့်မယ်။+
၄ အို ယေဟောဝါ၊ ယေဟောဝါဟာ ထာဝရ ကျောက်ဆောင်ပဲ။+
ဒါကြောင့် ယေဟောဝါကို ထာဝစဉ် ယုံကြည်ကိုးစားကြ။+
၅ ဘုရားက မြင့်မားတဲ့အရပ်၊ မြင့်မားတဲ့မြို့မှာ နေထိုင်သူတွေကို ဆွဲချတယ်။
အဲဒီမြို့ကို ဖြိုချတယ်။
မြေကြီးအထိရောက်အောင် ဆွဲချတယ်။
မြေမှုန့်အထိရောက်အောင် ဖြိုလှဲတယ်။
၆ ဒုက္ခရောက်သူတွေ၊ နိမ့်ကျသူတွေအဲဒီမြို့ကို နင်းခြေကြမယ်။”
၇ ဖြောင့်မတ်သူရဲ့ လမ်းစဉ်ဟာ ဖြောင့်မှန်တယ်။
ကိုယ်တော်က ဖြောင့်မှန်တဲ့အတွက်ဖြောင့်မတ်သူရဲ့လမ်းကို ဖြောင့်ဖြူးစေမယ်။
၈ အို ယေဟောဝါ၊ တရားမျှတတဲ့ လမ်းစဉ်တော်အတိုင်း လိုက်လျှောက်ရင်း
ကိုယ်တော့်ကို ကျွန်တော်တို့ မျှော်လင့်နေပါတယ်။
နာမတော်ကိုရော နာမတော်နဲ့ပတ်သက်တဲ့ အမှတ်ရစရာတွေကိုပါ တမ်းတနေပါတယ်။
၉ ညအချိန်မှာ ကိုယ်တော့်ကို ကျွန်တော် သိပ်တမ်းတနေပါတယ်။
စိတ်ထဲကနေ ကိုယ်တော့်ကို လိုက်ရှာနေပါတယ်။+
ကမ္ဘာမြေကို ကိုယ်တော် တရားစီရင်တဲ့အခါပြည်သူပြည်သားတွေက ဖြောင့်မတ်ခြင်းအကြောင်း သင်ယူကြတယ်။+
၁၀ လူဆိုးဟာ မျက်နှာသာခံစားရရင်တောင်
ဖြောင့်မတ်ခြင်းအကြောင်း သင်ယူမှာ မဟုတ်ဘူး။+
ဖြောင့်မှန်တဲ့ပြည်မှာတောင် ဆိုးညစ်စွာ ပြုမူမယ်။+
ယေဟောဝါရဲ့ ဘုန်းတန်ခိုးကို မမြင်ဘူး။+
၁၁ အို ယေဟောဝါ၊ လက်တော်ကို မြှောက်ထားပေမဲ့ သူတို့ မမြင်ကြဘူး။+
လူမျိုးတော်အတွက် ကိုယ်တော်ရဲ့ထက်သန်မှုကို သူတို့မြင်တဲ့အခါ အရှက်ကွဲမယ်။
ရန်သူတွေကို မီးဝါးမျိုမယ်။
၁၂ ယေဟောဝါ၊ ကိုယ်တော်က ကျွန်တော်တို့ လုပ်ဆောင် သမျှကိုအောင်မြင်စေတဲ့အတွက်ငြိမ်သက်ခြင်း ပေးသနားမယ်။+
၁၃ ကျွန်တော်တို့ရဲ့ဘုရား ယေဟောဝါ၊ ကိုယ်တော်မဟုတ်ဘဲ တခြားသခင်တွေက ကျွန်တော်တို့ကို အုပ်စိုးခဲ့တယ်။+
ကျွန်တော်တို့ကတော့ နာမတော်ကိုပဲ ချီးမွမ်းပါတယ်။+
၁၄ သူတို့ သေဆုံးသွားပြီ။ ပြန်ရှင်လာမှာ မဟုတ်ဘူး။
အစွမ်းမရှိတော့တဲ့ လူသေတွေ ဖြစ်သွားပြီ။ ပြန်ထလာမှာ မဟုတ်ဘူး။+
ကိုယ်တော် အရေးယူလုပ်ဆောင်ပြီး သူတို့ကို အစတုံး ဖျက်ဆီးလိုက်ပြီကိုး။
သူတို့နဲ့ပတ်သက်တဲ့ အမှတ်ရစရာအားလုံးကို ဖျောက်ဖျက်ပစ်လိုက်ပြီကိုး။
၁၅ ယေဟောဝါ၊ ကိုယ်တော်က ကျွန်တော်တို့လူမျိုးကို တိုးပွားစေတယ်။
လူမျိုးတော်ကို တိုးပွားစေတယ်။
ကိုယ်တိုင် ဘုန်းတော်ထင်ရှားစေတယ်။+
ပြည်နယ်နိမိတ်တွေကို အကျယ်ကြီး ချဲ့ပေးတယ်။+
၁၆ ယေဟောဝါ၊ သူတို့ ဒုက္ခရောက်ချိန်မှာ ကိုယ်တော့်ဆီ ပြန်လာကြတယ်။
ကိုယ်တော်ဆုံးမတဲ့အခါ ရင်ဖွင့်ပြီး တီးတိုးဆုတောင်းကြတယ်။+
၁၇ ယေဟောဝါ၊ ကိုယ်ဝန်ဆောင်မိန်းမက သားဖွားခါနီးမှာ
ဝေဒနာခံစားပြီး အော်ဟစ်နေသလိုကျွန်တော်တို့လည်း ကိုယ်တော်ကြောင့် အဲဒီလိုခံစားရတယ်။
၁၈ ကိုယ်ဝန်ရှိလာပြီး သားဖွားဝေဒနာ ခံစားရပေမဲ့
လေကို မွေးဖွားလိုက်သလိုမျိုး ဖြစ်နေပြီ။
ပြည်ကို ကျွန်တော်တို့ မကယ်တင်နိုင်ခဲ့ဘူး။
ပြည်မှာနေထိုင်မယ့် ကလေးတစ်ယောက်ကိုတောင် မမွေးဖွားနိုင်ခဲ့ဘူး။
၁၉ “လူသေတွေ ပြန်ရှင်လာမယ်။
ငါ့ရဲ့လူမျိုးထဲက သေဆုံးသူတွေ ပြန်ထလာမယ်။+
မြေမှုန့်ထဲမှာ နေထိုင်သူတို့၊+နိုးထပြီး ရွှင်လန်းစွာ သီချင်းဆိုကြ။
ပြည်မှာကျတဲ့ ဆီးနှင်းဟာ မနက်ခင်းမှာကျတဲ့* ဆီးနှင်းလို ဖြစ်လိမ့်မယ်။
မြေကြီးက အစွမ်းမရှိတော့တဲ့ လူသေတွေကို အသက်ရှင်စေမယ်။
၂၀ ငါ့လူတို့၊ အတွင်းခန်းတွေထဲ ဝင်သွားပြီးတံခါးပိတ်ထားကြ။+
ငါ့အမျက် ပြေသွားချိန်အထိ
ခဏလေး ပုန်းရှောင်နေကြပါ။+
၂၁ ကြည့်ပါ။ ယေဟောဝါက ပြည်သူပြည်သားတွေကို သူတို့ရဲ့အမှားအတွက် ဖြေရှင်းချက်တောင်းဖို့
စံမြန်းရာကနေ လာနေတယ်။
ပြည်မှာကျူးလွန်တဲ့ သွေးထွက်သံယိုမှုတွေကို ဖော်ထုတ်မယ်။
လူသတ်မှုတွေကို ဖုံးကွယ်ထားလို့ရမှာ မဟုတ်ဘူး။”
အောက်ခြေမှတ်ချက်များ
^ “စိတ်ဓာတ်ခိုင်မာသူတွေကို” လည်းဖြစ်နိုင်။
^ “(ကွမ်းကတိုး) ပင်တွေက ကျတဲ့” လည်းဖြစ်နိုင်။