ဟေရှာယ ၄၂:၁-၂၅
၄၂ ငါ့ကျွန်၊+ ငါထောက်မပေးတဲ့သူ၊ငါရွေးချယ်တဲ့သူ၊+ ငါမြတ်နိုးတဲ့သူကို ကြည့်ပါ။+
သူ့အပေါ် ငါ့ရဲ့စွမ်းအားတော် သက်ရောက်စေမယ်။+
လူမျိုးတွေကို တရားမျှတခြင်းအကြောင်း သူကြားသိစေမယ်။+
၂ သူ အော်ဟစ်မှာ၊ ကြွေးကြော်မှာ မဟုတ်ဘူး။
လမ်းမှာ သူ့အသံကို လူတွေကြားအောင်လုပ်မှာ မဟုတ်ဘူး။+
၃ နင်းခြေခံရတဲ့ ကျူပင်ကိုချိုးမှာ မဟုတ်ဘူး။
ငြိမ်းခါနီး မီးစာကိုလည်း ငြိမ်းသတ်မှာ မဟုတ်ဘူး။+
လူတွေကို တရားမျှတခြင်းအကြောင်း သစ္စာရှိရှိ ကြားပြောလိမ့်မယ်။+
၄ သူဟာ မှေးမှိန်သွားမှာ၊ နင်းခြေခံရမှာ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ တရားမျှတမှုကို တည်တံ့စေမယ်။+
ကျွန်းတွေက သူ့တရားကို စောင့်မျှော်နေတယ်။
၅ မိုးကောင်းကင်ကို ဖန်ဆင်းတဲ့အရှင်၊ မိုးကောင်းကင်ကို ဖြန့်မိုးတဲ့အရှင်၊+ကမ္ဘာနဲ့ ကမ္ဘာပေါ်ရှိသမျှကို ဖြန့်ခင်းတဲ့အရှင်၊+ကမ္ဘာသူကမ္ဘာသားတွေကို ထွက်သက်ဝင်သက် ပေးတဲ့အရှင်၊+ကမ္ဘာမြေပေါ် သွားလာတဲ့သူတွေကို အသက်စွမ်းအား ပေးတဲ့အရှင်၊+စစ်မှန်တဲ့ဘုရား ယေဟောဝါပြောတာက–
၆ “ဖြောင့်မတ်ခြင်းနဲ့အညီ လုပ်ဆောင်တဲ့ ငါယေဟောဝါက မင်းကိုခေါ်တယ်။
မင်းရဲ့လက်ကို ဆွဲပြီး ကာကွယ်စောင့်ရှောက်ပေးမယ်။
မင်းကိုသုံးပြီး လူတွေနဲ့ ပဋိညာဉ်ဖွဲ့မယ်။+
မင်းကို လူမျိုးတွေအတွက် အလင်းဖြစ်စေမယ်။+
၇ ဒါကြောင့် မင်းက ကန်းနေတဲ့ မျက်စိတွေကို ဖွင့်ပေးမယ်။+
အကျဉ်းသားတွေကို မြေအောက်အကျဉ်းတိုက်ထဲကနေ ခေါ်ထုတ်မယ်။
မှောင်မိုက်မှာနေထိုင်သူတွေကို အကျဉ်းထောင်ထဲကနေ ခေါ်ထုတ်မယ်။+
၈ ငါဟာ ယေဟောဝါပဲ။ ဒါဟာ ငါ့နာမည်ပဲ။
ငါ့ရဲ့ဘုန်းအသရေကို ဘယ်သူ့ကိုမှ မပေးဘူး။
ငါရထိုက်တဲ့ ချီးမွမ်းခြင်းကိုလည်း ရုပ်တုတွေကို မပေးဘူး။+
၉ ကြည့်ပါ။ အရင်က ငါဟောခဲ့တာတွေ ဖြစ်လာပြီ။
အခု အသစ်သောအရာတွေအကြောင်း ငါကြေညာနေတယ်။
အဲဒါတွေ မဖြစ်လာခင်ကတည်းက အခု ငါပြောပြနေတယ်။”+
၁၀ ပင်လယ်နဲ့ ပင်လယ်သတ္တဝါတွေအလယ်မှာ သွားလာသူတို့၊ကျွန်းတွေနဲ့ ကျွန်းသူကျွန်းသားတို့၊+ယေဟောဝါကို ချီးမွမ်းတဲ့ သီချင်းအသစ်ကို သီဆိုကြ။+
ကမ္ဘာမြေအစွန်အဖျားကနေ ချီးမွမ်းကြပါ။+
၁၁ တောကန္တာရနဲ့ တောကန္တာရမှာရှိတဲ့မြို့တွေ၊+ကေဒါလူတွေနေထိုင်တဲ့+ ယာယီတပ်စခန်းတွေ ကြွေးကြော်ကြပါစေ။
ကျောက်ဆောင်မှာ နေထိုင်သူတွေလည်း ရွှင်လန်းစွာ ကြွေးကြော်ကြပါစေ။
တောင်ထိပ်တွေပေါ်ကနေ အော်ဟစ်ကြပါစေ။
၁၂ ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းကြ။
ကျွန်းတွေမှာလည်း ဘုရားကို ချီးမွမ်းကြ။+
၁၃ ယေဟောဝါဟာ ခွန်အားကြီးသူလို ထွက်လာမယ်။+
စစ်သူရဲလို မိမိရဲ့ စိတ်ထက်သန်မှုကို နှိုးဆော်မယ်။+
ဟစ်အော်ပြီး စစ်ငြာသံပေးမယ်။
ရန်သူတွေထက် ခွန်အားကြီးကြောင်း ပြမယ်။+
၁၄ “ငါ အတော်ကြာကြာ နှုတ်ဆိတ်နေခဲ့တယ်။
ဆက်ပြီး နှုတ်ဆိတ်နေခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းခဲ့တယ်။
သားဖွားလိုက်တဲ့ မိန်းမလို ရုတ်တရက် ပင့်သက်ရှိုက်ပြီး၊ မောဟိုက်ပြီး အော်ဟစ်မယ်။
၁၅ တောင်တန်းတောင်ကုန်းတွေကို ငါဖျက်ဆီးမယ်။
အပင်တွေကို ခြောက်သွေ့စေမယ်။
မြစ်တွေကို ကုန်းမြေ* ဖြစ်စေမယ်။
ကျူပင်ပေါတဲ့ ရေအိုင်တွေကို ခန်းခြောက်စေမယ်။+
၁၆ မျက်မမြင်တွေကို သူတို့ မသိတဲ့လမ်းပေါ်မှာ ငါဦးဆောင်ခေါ်သွားမယ်။+
သူတို့ အကျွမ်းတဝင်မရှိတဲ့ လမ်းတွေပေါ် လျှောက်စေမယ်။+
သူတို့ရှေ့မှာ အမှောင်ကို အလင်းဖြစ်စေမယ်။+
မညီညာတဲ့မြေကို ညီညာပြန့်ပြူးစေမယ်။+
သူတို့အတွက် အဲဒီလို လုပ်ဆောင်ပေးမယ်။ သူတို့ကို စွန့်ပစ်မှာ မဟုတ်ဘူး။”
၁၇ ထွင်းထုတဲ့ရုပ်တုကို ကိုးစားတဲ့သူတွေ၊သွန်းထားတဲ့ရုပ်တုကို “ဒါ ငါတို့ရဲ့ဘုရားပဲ” လို့ပြောတဲ့သူတွေဟာ လှည့်ပြန်သွားရလိမ့်မယ်။ လုံးလုံး အရှက်ကွဲရလိမ့်မယ်။+
၁၈ နားမကြားသူတို့၊ နားထောင်ကြ။
မျက်စိမမြင်သူတို့၊ မြင်အောင် ကြည့်ကြ။+
၁၉ ငါ့ကျွန်လောက် မျက်စိကန်းတဲ့သူ၊ငါလွှတ်လိုက်တဲ့ တမန်လောက် နားပင်းတဲ့သူ ဘယ်သူရှိသလဲ။
ငါဆုချခဲ့တဲ့သူလောက် မျက်စိကန်းတဲ့သူ၊ယေဟောဝါရဲ့ကျွန်လောက် မျက်စိကန်းတဲ့သူ ဘယ်သူရှိသလဲ။+
၂၀ မင်းက အများကြီးမြင်ရပေမဲ့ ဆက်ပြီး စောင့်ကြည့်မနေဘူး။
နားကိုစွင့်ပေမဲ့ နားမထောင်ဘူး။+
၂၁ ယေဟောဝါဟာ မိမိရဲ့ဖြောင့်မတ်မှုအတွက် ပညတ်ကို ကြီးမြတ်အောင်၊ဂုဏ်ကျက်သရေရှိအောင် လုပ်ရတာကို နှစ်သက်တယ်။
၂၂ ဒါပေမဲ့ ဒီလူတွေဟာ တိုက်ခိုက်ခံရသူတွေ၊ လုယက်ခံရသူတွေပဲ။+
သူတို့အားလုံးက တွင်းတွေမှာ ပိတ်မိပြီး အကျဉ်းထောင်တွေမှာ ပိတ်လှောင်ခံရတယ်။+
တိုက်ခိုက်ခံရတယ်။ ကယ်မယ့်သူ မရှိဘူး။+
လုယက်ခံရတယ်။ “ပြန်ခေါ်ခဲ့” လို့ပြောမယ့်သူ မရှိဘူး။
၂၃ မင်းတို့ထဲမှာ ဒါကိုကြားတဲ့သူ ဘယ်သူရှိသလဲ။
အနာဂတ်အတွက် ဘယ်သူ အာရုံစိုက်နားထောင်မလဲ။
၂၄ လုယက်သူတွေလက်ထဲ ယာကုပ်ကို ဘယ်သူအပ်သလဲ။
တိုက်ခိုက်သူတွေလက်ထဲ အစ္စရေးကို ဘယ်သူအပ်သလဲ။
ငါတို့ပြစ်မှားခဲ့တဲ့အရှင် ယေဟောဝါပဲ မဟုတ်လား။
သူတို့က ဘုရားရဲ့လမ်းစဉ်အတိုင်း မလိုက်လျှောက်ဘူး။
ဘုရားရဲ့ပညတ်ကို မနာခံဘူး။+
၂၅ ဒါကြောင့် ဘုရားက အစ္စရေးအပေါ် အမျက်ဒေါသ သွန်းလောင်းတယ်။
ပြင်းထန်တဲ့စစ်ပွဲ ကျရောက်စေတယ်။+
ပတ်လည်မှာ ရှိသမျှကို စစ်မီးလျှံတွေ ဝါးမျိုပေမဲ့ သူဂရုမစိုက်ဘူး။+
သူ့ကိုလောင်ကျွမ်းပေမဲ့ နှလုံးမသွင်းဘူး။+
အောက်ခြေမှတ်ချက်များ
^ မူရင်း၊ “ကျွန်းတွေ။”