ဟေရှာယ ၄၆:၁-၁၃

  • ဗာဗုလုန်ရုပ်တုတွေနဲ့ အစ္စရေးတို့ရဲ့ဘုရား ကွာခြား (၁-၁၃)

    • အနာဂတ်ကို ယေဟောဝါ ကြိုဟော (၁၀)

    • နေထွက်ရာအရပ်မှ သားရဲငှက် (၁၁)

၄၆  ဗေလ* ဒူးထောက်နေတယ်။+ နေဗော* ဝပ်တွားနေတယ်။ သူတို့ရဲ့ရုပ်တုကို တိရစ္ဆာန်ရဲ့ကျောပေါ် တင်ထားတယ်။+ ဝန်လေးပင်ပန်းစေတဲ့ အထုပ်အပိုးတွေ တင်သလို တင်ရတာပါပဲ။  ၂  သူတို့ ဝပ်တွားပြီး ဒူးထောက်နေရတယ်။ ကိုယ့်ဝန်ထုပ်ကို* မကယ်နိုင်ကြဘူး။ ကိုယ်တိုင် သုံ့ပန်းအဖြစ် လိုက်သွားရပြီ။  ၃  “အို ယာကုပ်အမျိုး၊ အစ္စရေးအမျိုးထဲက ကျန်ကြွင်းသူအပေါင်းတို့၊ နားထောင်ကြပါ။+ မင်းကို မွေးစကတည်းက ငါထောက်မခဲ့တယ်။ မိခင်ရဲ့ဝမ်းကနေ ကျွတ်ကတည်းက ချီပိုက်ခဲ့တယ်။+  ၄  မင်းတို့ အသက်ကြီးလာချိန်အထိ ငါ မပြောင်းလဲပါဘူး။+ မင်းတို့ ဆံပင်ဖြူလာချိန်အထိ ငါကျောပိုးထားဦးမှာပါ။ အရင်ကလိုပဲ မင်းတို့ကို ငါချီပိုက်မယ်။ ကျောပိုးထားမယ်။ ကယ်တင်မယ်။+  ၅  ငါ့ကို ဘယ်သူနဲ့ နှိုင်းမလဲ။ ဘယ်သူနဲ့ တန်းတူထားမလဲ။+ ဘယ်သူနဲ့တူတယ်ဆိုပြီး နှိုင်းမလဲ။+  ၆  အိတ်ထဲက ရွှေကို မတွန့်မတို ထုတ်တဲ့သူ၊ငွေကို ချိန်ခွင်နဲ့ ချိန်ပေးတဲ့သူတွေ ရှိတယ်။ သူတို့က ပန်းထိမ်သမားကို ငှားပြီး ဘုရားရုပ်တု လုပ်ခိုင်းတယ်။+ ပြီးတော့ အဲဒီရုပ်တုကို ပျပ်ဝပ်ကိုးကွယ်ကြတယ်။+  ၇  အဲဒီရုပ်တုကို ထမ်းပြီး သယ်လာကြတယ်။+ ရုပ်တုက ချထားတဲ့နေရာမှာပဲ ရပ်နေတယ်။ နေရာကနေ မရွေ့ဘူး။+ သူ့ကို အော်ဟစ်အကူအညီတောင်းပေမဲ့ ပြန်မဖြေဘူး။ ဘယ်သူ့ကိုမှ ဒုက္ခဆင်းရဲကနေ မကယ်တင်နိုင်ဘူး။+  ၈  ဒီအချက်ကို သတိရကြ။ သတ္တိမွေးကြ။ အပြစ်ကျူးလွန်သူတို့၊ ဒါကို နှလုံးသွင်းကြ။  ၉  အတိတ်ကဖြစ်ရပ်တွေကို ပြန်သတိရကြ။ ငါဟာ ဘုရားသခင်ပဲ၊ ငါကလွဲလို့ တခြားဘုရားမရှိမှန်း သတိရကြပါ။ ငါဟာ ဘုရားသခင်ပဲ။ ငါ့လိုဘုရားမျိုး မရှိဘူး။+ ၁၀  နောက်ဆုံးရလဒ်ကို အစကတည်းက ငါကြိုဟောခဲ့တယ်။ မလုပ်ဆောင်ရသေးတဲ့အရာတွေကို ရှေးကတည်းက ကြိုဟောခဲ့တယ်။+ ‘ငါ့ဆုံးဖြတ်ချက် တည်လိမ့်မယ်၊+ အလိုရှိရာမှန်သမျှ ငါလုပ်ဆောင်မယ်။’+ ဒါဟာ ငါကိုယ်တိုင်ပြောခဲ့တဲ့ စကားပဲ။ ၁၁  ငါ့ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ နေထွက်ရာအရပ်က သားရဲငှက်ကို ငါခေါ်မယ်။+ ဝေးလံတဲ့ပြည်က လူတစ်ယောက်ကို ငါခေါ်မယ်။+ ငါပြောပြီးပြီ။ အဲဒီအတိုင်း လုပ်ဆောင်မယ်။ ငါရည်ရွယ်ပြီးပြီ။ အဲဒါကို အကောင်အထည်ဖော်မယ်။+ ၁၂  ခေါင်းမာသူတို့၊ ဖြောင့်မတ်ခြင်းနဲ့ အလှမ်းဝေးသူတို့၊ငါပြောတာကို နားထောင်ကြပါ။ ၁၃  ငါ့ရဲ့ဖြောင့်မတ်ခြင်းကို အနားခေါ်ထားပြီ။ အလှမ်းမဝေးတော့ပါဘူး။ ငါပေးမယ့်ကယ်တင်ခြင်းဟာ နှောင့်နှေးမှာ မဟုတ်ဘူး။+ ဇိအုန်ကို ကယ်တင်ခြင်းကျေးဇူး အပ်နှင်းမယ်။ အစ္စရေးကို ငါ့ရဲ့ ခမ်းနားမြင့်မြတ်မှု ပေးအပ်မယ်။”+

အောက်ခြေမှတ်ချက်များ

ဗာဗုလုန်နတ်ဘုရား။
ဗာဗုလုန်နတ်ဘုရား။
တိရစ္ဆာန်တွေပေါ် တင်ထားတဲ့ ရုပ်တုတွေ။