ဟေရှာယ ၅၅:၁-၁၃

  • အဖိုးအခမပေးဘဲ စားသောက်ဖို့ ဖိတ်ခေါ် (၁-၅)

  • ယေဟောဝါကို၊ နှုတ်ထွက်စကားတွေကို ရှာပါ (၆-၁၃)

    • ဘုရားရဲ့လမ်းစဉ်ဟာ လူ့လမ်းစဉ်ထက် မြင့်မား (၈၊ ၉)

    • ဘုရားရဲ့နှုတ်ထွက်စကား ကျိန်းသေအောင်မြင် (၁၀၊ ၁၁)

၅၅  ရေငတ်နေသူအပေါင်းတို့၊+ ရေရှိရာကို လာကြ။+ ငွေမရှိသူတို့၊ လာကြ။ ဝယ်စားကြ။ ငွေမပေးဘဲ၊ အဖိုးအခ မပေးဘဲ+ စပျစ်ဝိုင်နဲ့  နို့ကို ဝယ်ကြ။+  ၂  စားစရာမဟုတ်တဲ့အရာအတွက် ဘာလို့ ငွေကုန်ခံနေတာလဲ။ အဆာမပြေနိုင်တဲ့အရာအတွက် ဘာလို့ ချွေးနှဲစာကို ဖြုန်းနေတာလဲ။ ငါပြောတာကို အသေအချာ နားထောင်ကြ။ ကောင်းတဲ့အစာကိုပဲ စားကြ။+ ဒါဆိုရင် အဆီအနှစ်ပြည့်ဝတဲ့ အစာကို မင်းတို့ မြိန်ရေရှက်ရေ စားရလိမ့်မယ်။+  ၃  နားစွင့်ကြ။ ငါ့ဆီ လာကြ။+ နားထောင်ကြ။ ဒါဆို မင်းတို့ ဆက်အသက်ရှင်လိမ့်မယ်။ ငါက မင်းတို့နဲ့ ထာဝရပဋိညာဉ် ဖွဲ့မယ်။+ ဒါဝိဒ်ကို ကတိပေးခဲ့တဲ့ ခိုင်မြဲတဲ့မေတ္တာမျိုး မင်းတို့ကို ပြမယ်။ အဲဒီမေတ္တာဟာ ယုံကြည်စိတ်ချထိုက်တယ်။+  ၄  ကြည့်ပါ။ လူမျိုးတွေအတွက် သက်သေအဖြစ် သူ့ကို ငါခန့်လိုက်ပြီ။+ လူမျိုးတွေအတွက် ခေါင်းဆောင်အဖြစ်၊+ အမိန့်ပေးသူအဖြစ်+ ခန့်လိုက်ပြီ။  ၅  ကြည့်ပါ။ မင်းက မသိတဲ့လူမျိုးတစ်မျိုးကို ခေါ်လာလိမ့်မယ်။ မင်းကိုမသိတဲ့ လူမျိုးထဲက လူတွေကလည်း အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင် ယေဟောဝါဘုရားကြောင့်+ မင်းဆီ ပြေးလာလိမ့်မယ်။ မင်းကို ဘုရားဂုဏ်တင်မှာ ဖြစ်လို့ပဲ။+  ၆  ယေဟောဝါကို တွေ့နိုင်တုန်းမှာ ရှာကြ။+ အနားမှာရှိနေတုန်း ခေါ်ပြီး ဆုတောင်းကြ။+  ၇  လူဆိုးက မိမိလမ်းစဉ်ကို စွန့်ပါစေ။+ လူယုတ်မာကလည်း မိမိအကြံအစည်တွေကို စွန့်ပါစေ။ ကရုဏာပြမယ့် ယေဟောဝါဆီ ပြန်လှည့်လာပါစေ။+ ဘုရားသခင်က အကြွင်းမဲ့ ခွင့်လွှတ်လိမ့်မယ်။+  ၈  ယေဟောဝါ ပြောတာက– “ငါ့အကြံအစည်ဟာ မင်းတို့ရဲ့ အကြံအစည်နဲ့ မတူဘူး။+ ငါ့လမ်းစဉ်လည်း မင်းတို့ရဲ့လမ်းစဉ်နဲ့ မတူဘူး။  ၉  မိုးကောင်းကင်ဟာ မြေကြီးထက် မြင့်မားသလို ငါ့လမ်းစဉ်ဟာ မင်းတို့ရဲ့လမ်းစဉ်ထက်၊ ငါ့အကြံအစည်ဟာ မင်းတို့ရဲ့ အကြံအစည်ထက် မြင့်မားတယ်။+ ၁၀  မိုးတွေ၊ နှင်းတွေဟာ ကောင်းကင်ကနေ ကျလာပြီးနောက် မြေကြီးစိုစွတ်အောင်၊ သီးနှံဖြစ်ထွန်းအောင် မလုပ်ပေးဘဲ၊ မျိုးကြဲသူအတွက် မျိုးစေ့၊ စားသုံးသူအတွက် စားစရာမပေးဘဲ ပြန်တက်သွားရိုးထုံးစံ မရှိဘူး။ ၁၁  ငါ့နှုတ်ထွက်စကားလည်း အဲဒီလိုပဲ ဖြစ်မယ်။+ မပြည့်စုံဘဲ ငါ့ဆီပြန်လာမှာ မဟုတ်ဘူး။+ ငါအလိုရှိရာ မှန်သမျှကို ကျိန်းသေ ပြီးမြောက်စေမယ်။+ ငါစေခိုင်းတဲ့အတိုင်း ကျိန်းသေ အောင်မြင်မယ်။ ၁၂  မင်းတို့ ဝမ်းသာအားရ ထွက်သွားရလိမ့်မယ်။+ ချောချောမောမော ပြန်လာမယ်။+ မင်းတို့ပြန်ရောက်လာတဲ့အခါ တောင်တန်းတောင်ကုန်းတွေ ပျော်မြူးပြီး ရွှင်လန်းစွာ ကြွေးကြော်မယ်။+ တောသစ်ပင်တွေလည်း လက်ခုပ်တီးမယ်။+ ၁၃  ဆူးချုံအစား ဂျူနီပါထင်းရှူးပင် ပေါက်လာမယ်။+ ဆူးဖက်ယားပင်အစား မုရတုပင်* ပေါက်လာမယ်။ ဒါဟာ ပျက်စီးမသွားမယ့် ထာဝရအထောက်အထား ဖြစ်မယ်။ ငါယေဟောဝါလည်း ဂုဏ်သတင်း ကျော်စောလိမ့်မယ်။”+

အောက်ခြေမှတ်ချက်များ

အရွက်ပြောင်လက်ပြီး အပွင့်ဖြူဖွေး မွှေးကြိုင်တဲ့ ချုံပင်။