ဟေရှာယ ၆:၁-၁၃

  • ဗိမာန်တော်က ယေဟောဝါအကြောင်း စိတ်အာရုံ (၁-၄)

    • “ယေဟောဝါဟာ သန့်ရှင်းတယ်၊ သန့်ရှင်းတယ်၊ သန့်ရှင်းတယ်” ()

  • ဟေရှာယရဲ့နှုတ်ခမ်း သန့်စင်သွား (၅-၇)

  • ဟေရှာယ တာဝန်ရ (၈-၁၀)

    • “ကျွန်တော်ရှိပါတယ်။ ကျွန်တော့်ကို စေလွှတ်ပါ” ()

  • ‘အို ယေဟောဝါ၊ ဘယ်လောက်ကြာမှာလဲ’ (၁၁-၁၃)

 သြဇိမင်း ကွယ်လွန်တဲ့နှစ်မှာ+ မြင့်မားလှတဲ့ ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ယေဟောဝါကို ငါမြင်တယ်။+ ဗိမာန်တော်ဟာ ဝတ်လုံတော်ရဲ့ အနားစွန်းနဲ့ ပြည့်သွားတယ်။ ၂  ဘုရားရဲ့ပတ်လည်မှာ  သရပ်တွေ*  ရပ်နေတယ်။ သူတို့မှာ အတောင်ခြောက်ခုစီ ရှိတယ်။ အတောင်နှစ်ခုက မျက်နှာကို၊ နှစ်ခုက ခြေထောက်ကို ဖုံးအုပ်ထားပြီး ကျန်တဲ့အတောင်နှစ်ခုနဲ့ ပျံသန်းကြတယ်။  ၃  “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဟာ သန့်ရှင်းတယ်၊ သန့်ရှင်းတယ်၊ သန့်ရှင်းတယ်။+ ကမ္ဘာမြေတစ်ပြင်လုံးဟာ ဘုရားရဲ့ ဘုန်းတန်ခိုးနဲ့ ပြည့်နေတယ်”  ဆိုပြီးတစ်ပါးကိုတစ်ပါး ကြွေးကြော်နေကြတယ်။ ၄  အဲဒီကြွေးကြော်သံကြောင့် တံခါးဆုံလည်တွေ တုန်ခါသွားပြီး အိမ်တော်တစ်ခုလုံး မီးခိုးနဲ့ပြည့်သွားတယ်။+  ၅  ဒါကြောင့် “ငါတော့ အဖြစ်ဆိုး ကြုံရတော့မှာပဲ။ သေတော့မှာပဲ။ ညစ်ညူးတဲ့နှုတ်ခမ်း ရှိရုံမကညစ်ညူးတဲ့နှုတ်ခမ်း ရှိသူတွေကြားမှာ နေထိုင်လျက်သားနဲ့+ဗိုလ်ခြေတို့ရဲ့အရှင်၊ ဘုရင်ယေဟောဝါကိုမျက်စိနဲ့ တပ်အပ်မြင်လိုက်ရပြီ” လို့ ငါပြောတယ်။ ၆  အဲဒီအခါ သရပ်တစ်ပါး ငါ့ဆီပျံသန်းလာတယ်။ ပူဇော်ရာပလ္လင်ပေါ်က+ မီးခဲတစ်ခဲကို မီးညှပ်နဲ့ ကိုင်လာတယ်။+ ၇  ငါ့နှုတ်ခမ်းကိုတို့ပြီး“ကဲ၊ ဒီမီးခဲနဲ့ မင်းရဲ့နှုတ်ခမ်းကို တို့လိုက်ပြီဆိုတော့မင်းရဲ့အမှားတွေကို ဖယ်ရှားလိုက်ပြီ။ အပြစ်တွေကို ဖြေလွှတ်လိုက်ပြီ” လို့ပြောတယ်။ ၈  အဲဒီနောက်  ယေဟောဝါက “ဘယ်သူ့ကို ငါစေလွှတ်ရမလဲ။ ငါတို့အတွက် ဘယ်သူသွားပေးမလဲ” လို့မေးတာကို ငါကြားတယ်။+ ဒါနဲ့ “ကျွန်တော်ရှိပါတယ်။ ကျွန်တော့်ကို စေလွှတ်ပါ”+ လို့ဖြေတော့၊  ၉  ဘုရားက “ဒီလူမျိုးဆီ မင်းသွားပါ– ‘မင်းတို့ အကြိမ်ကြိမ် ကြားရပေမဲ့နားလည်မှာမဟုတ်ဘူး။ အကြိမ်ကြိမ် မြင်ရပေမဲ့ဘာမှသိလာမှာ မဟုတ်ဘူး’+ လို့ပြောလိုက်ပါ။ ၁၀  ဒီလူတွေရဲ့ စိတ်တံခါးကို ပိတ်ပစ်ပါ။+ နားကို ထိုင်းစေပါ။+ မျက်စိကိုလည်း ပိတ်ပစ်ပါ။ သူတို့ဟာ နားရှိလျက်နဲ့ မကြား၊မျက်စိရှိလျက်နဲ့ မမြင် ဖြစ်ကြလိမ့်မယ်။ နားမလည်နိုင်ဘဲ ဖြစ်လိမ့်မယ်။ သူတို့ ပြန်မလှည့်လာတော့ ကုသပေးလို့လည်း မရဘူး” လို့ပြောတယ်။+ ၁၁  ဒါနဲ့ ငါက “ယေဟောဝါဘုရား၊ ဘယ်လောက်ကြာကြာ အဲဒီလိုဖြစ်နေမှာလဲ” လို့မေးတော့ ဘုရားက– “မြို့တွေ ပျက်စီးပြီး မြို့သူမြို့သားတွေ မရှိ၊အိမ်တွေမှာ လူမရှိ၊ပြည်လည်း ပျက်စီးပြီး လူသူကင်းမဲ့သွားချိန်အထိ ကြာလိမ့်မယ်။+ ၁၂  ငါယေဟောဝါက လူတွေကို အဝေးကြီး နှင်ထုတ်လိုက်တဲ့အတွက်+တစ်ပြည်လုံးနီးပါး လွင်တီးခေါင်ဖြစ်သွားချိန်အထိ ကြာလိမ့်မယ်။ ၁၃  ဒါပေမဲ့ တိုင်းပြည်မှာ လူဆယ်ပုံတစ်ပုံ ကျန်ဦးမယ်။ သူတို့ ထပ်ပြီး မီးရှို့ခံရဦးမယ်။ သစ်ပင်ကြီးလို၊ ဝက်သစ်ချပင်လို သူတို့ ခုတ်လှဲခံရပြီးတဲ့နောက် သစ်ငုတ် ကျန်ခဲ့ဦးမယ်။ အဲဒီသစ်ငုတ်ကနေ သန့်ရှင်းတဲ့အတက်* ထွက်လာမယ်” လို့ပြောတယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ဒါမှမဟုတ်၊ “မျိုးနွယ်။”