၁ သက်သာလောနိတ် ၁:၁-၁၀

  • နှုတ်ခွန်းဆက်စကား ()

  • သက်သာလောနိတ်မြို့သားများရဲ့ယုံကြည်ခြင်းအတွက် ကျေးဇူးတင် (၂-၁၀)

 ပေါလု၊ သိလွာနု၊*+ တိမောသေတို့က+  အဖဘုရားသခင်နဲ့ရော သခင်ယေရှုခရစ်နဲ့ပါ  တစ်စိတ်တစ်ဝမ်းတည်းရှိနေတဲ့ သက်သာလောနိတ် အသင်းတော်ဆီ စာရေးလိုက်ပါတယ်။ မဟာကရုဏာနဲ့ ငြိမ်သက်ခြင်းကို ခင်ဗျားတို့ ခံစားရပါစေ။ ၂  ခင်ဗျားတို့အားလုံးအတွက် ဆုတောင်းပေးတဲ့အခါတိုင်း ဘုရားသခင်ကို ကျွန်တော်တို့ ကျေးဇူးတင်ချီးမွမ်းမိတယ်။+ ၃  အဖဘုရားသခင်ရှေ့မှာ ခင်ဗျားတို့ သစ္စာရှိရှိ လုပ်ဆောင်ခဲ့တာ၊ မေတ္တာပါပါ ကြိုးစားအားထုတ်ခဲ့တာ၊ သခင်ယေရှုခရစ်ကို မျှော်လင့်တဲ့စိတ်ကြောင့်+ ခံနိုင်ရည်ပြခဲ့တာတွေကို ကျွန်တော်တို့ အမြဲအမှတ်ရနေပါတယ်။ ၄  ဘုရားသခင် ချစ်မြတ်နိုးတဲ့ ညီအစ်ကိုတို့၊ ခင်ဗျားတို့ကို ဘုရားသခင် ရွေးချယ်ထားမှန်း ကျွန်တော်တို့ သိတယ်။ ၅  ခင်ဗျားတို့ဆီ သတင်းကောင်း လာဟောတုန်းက ကျွန်တော်တို့ ဟောရုံဟောခဲ့တာမှ မဟုတ်တာ။ သန့်ရှင်းသော စွမ်းအားတော်ရဲ့ အကူအညီနဲ့၊ ခိုင်မာတဲ့ ယုံကြည်စိတ်ချမှုနဲ့ ဟောခဲ့တဲ့အတွက် ခင်ဗျားတို့အပေါ် အများကြီး အကျိုးသက်ရောက်ခဲ့တယ်။ ခင်ဗျားတို့အကျိုးအတွက် ကျွန်တော်တို့ ဘယ်လိုလုပ်ဆောင်ခဲ့မှန်း ခင်ဗျားတို့ အသိပါ။ ၆  ဆင်းရဲဒုက္ခတွေ  အများကြီးကြုံရပေမဲ့+ ခင်ဗျားတို့ဟာ တရားစကားကို လက်ခံခဲ့တယ်။ သန့်ရှင်းသော စွမ်းအားတော်ကြောင့် ရွှင်လန်းနိုင်ခဲ့တယ်။ ကျွန်တော်တို့ကိုရော သခင့်ကိုပါ အတုယူကြတယ်။+ ၇  ဒါကြောင့် မက်ဆီဒိုးနီးယားပြည်နဲ့ အခါယပြည်မှာရှိတဲ့ ယုံကြည်သူအားလုံးအတွက် ခင်ဗျားတို့ဟာ စံနမူနာပါပဲ။ ၈  ခင်ဗျားတို့ကြောင့် မက်ဆီဒိုးနီးယားပြည်နဲ့  အခါယပြည်မှာ  ယေဟောဝါရဲ့* တရားစကား ပျံ့နှံ့သွားတယ်။ ဒါတင်မကဘူး၊ ဘုရားသခင်ကို ခင်ဗျားတို့ ဘယ်လောက်ယုံကြည်တယ်ဆိုတဲ့ သတင်းကိုလည်း နေရာတကာမှာ ပြောနေကြတော့+ ကျွန်တော်တို့ ထပ်ပြောပြစရာ မလိုတော့တဲ့ အထိပါပဲ။ ၉  ကျွန်တော်တို့နဲ့ ဘယ်လို စတင်သိရှိခဲ့တဲ့အကြောင်း၊ အသက်ရှင်ပြီး စစ်မှန်တဲ့ ဘုရားသခင်ဆီမှာ အစေခံဖို့ ရုပ်တုကိုးကွယ်တာကို ခင်ဗျားတို့ စွန့်လွှတ်ပြီးနောက်+ ဘုရားသခင်ဆီ ပြောင်းလဲခဲ့တဲ့အကြောင်း သူတို့ တစ်ချိန်လုံး ပြောပြနေကြတာ။ ၁၀  ကောင်းကင်ကနေလာမယ့် သားတော်ယေရှုကို စောင့်မျှော်ဖို့+ ဘုရားသခင်ဆီ ခင်ဗျားတို့ ပြောင်းလဲလာခဲ့တဲ့ အကြောင်းလည်း ပါတာပေါ့။ အဲဒီသားတော်ဟာ သေရာကနေ ဘုရားသခင် အသက်ပြန်ရှင်စေသူ၊ ကျရောက်တော့မယ့် အမျက်တော်ကနေ ကျွန်တော်တို့ကို ကယ်တင်တဲ့သူပဲ။+

အောက်ခြေမှတ်ချက်များ

သိလ။