မေးခွန်း ၁၄
ငွေရေးကြေးရေး ပြဿနာကို ဘယ်လို ရှောင်ရှားနိုင်သလဲ
“အပျော်အပါးမက်သူဟာ ဆင်းရဲရလိမ့်မယ်။ စပျစ်ဝိုင်နဲ့ဆီကို ကြိုက်တဲ့သူက ချမ်းသာမှာ မဟုတ်ဘူး။”
“ချေးငှားယူသူဟာ ချေးငှားပေးသူရဲ့ ကျွန်ပဲ။”
“ခင်ဗျားတို့ထဲက တစ်ယောက်ဟာ မျှော်စင်ဆောက်မယ်ဆိုရင် ပြီးအောင်ဆောက်ဖို့ ငွေလောက်၊ မလောက် အရင်ဆုံးထိုင်ပြီး ကုန်ကျစရိတ်ကို တွက်ချက်မယ်မဟုတ်လား။ အဲဒီလိုသာ မတွက်ရင် အုတ်မြစ်ချပေမဲ့ အပြီးသတ်နိုင်မှာ မဟုတ်ဘူး။ ဒါကို မြင်တဲ့သူတွေက ‘ဒီလူ စတော့ ဆောက်ပါရဲ့။ အပြီးမသတ်နိုင်တော့ဘူး’ ဆိုပြီး လှောင်ပြောင်ကြလိမ့်မယ်။”
“လူတွေ အဝစားပြီးနောက် ယေရှုက ‘အလေအလွင့် မဖြစ်အောင် စားကြွင်းစားကျန်တွေကို ကောက်သိမ်းကြ’ လို့တပည့်တွေကို ပြောတယ်။”