ခရစ်ယာန်အသက်တာလမ်းစဉ်
ပိုကောင်းတဲ့ကမ္ဘာ ဖြစ်လာတော့မယ် ဆိုတဲ့ သတင်းကောင်းကို ဝေမျှပါ
ပိုကောင်းတဲ့ကမ္ဘာ ဖြစ်လာတော့မယ် ဆိုတဲ့ သတင်းကောင်းကို နိုဝင်ဘာလမှာ ဝေမျှဖို့ အထူး ကြိုးစားကြပါမယ်။ (ဆ ၃၇:၁၀၊ ၁၁။ ဗ ၂၁:၃-၅) ဒီကင်ပိန်းမှာ ပါဝင်ဖို့ ကိုယ့်ရဲ့ အချိန်ဇယားကို ချိန်ညှိပါ။ အရန်ရှေ့ဆောင် လုပ်မယ်ဆိုရင် နာရီ ၃၀ ဒါမှမဟုတ် ၅၀ ရွေးချယ်နိုင်ပါတယ်။
လူများနိုင်သမျှ များများကို ကမ္ဘာသစ်အကြောင်း ကျမ်းပိုဒ် တစ်ပိုဒ် ဖတ်ပြဖို့ ပြင်ဆင်ပါ။ ကျမ်းပိုဒ် ရွေးချယ်တဲ့အခါ ကိုယ့်ဒေသက လူတွေ နှစ်သက်မယ့် ကျမ်းပိုဒ် ရွေးပါ။ ဦးဆုံးတွေ့ဆုံချိန်မှာ စိတ်ဝင်စားမှု ပြတဲ့သူကို လူထုအတွက် ကင်းမျှော်စင် အမှတ် ၂၊ ၂၀၂၁ တစ်စောင် ဝေငှပါ။ စိတ်ဝင်စားသူကို အမြန်ဆုံး လည်ပတ်ပြီး ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင်နဲ့ ကျမ်းစာသင်အံမှု စဖို့ ကြိုးစားပါ။ “ကောင်းကျိုးချမ်းသာနဲ့ ဆိုင်တဲ့ သတင်းကောင်း” ဝေမျှရာမှာ အပြည့်အဝ ပါဝင်ခွင့် ရတာ ရွှင်လန်းစရာပါ။—ရှာ ၅၂:၇။
ကမ္ဘာသစ် မြင်ကွင်း မူရင်းသီချင်း ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ။
-
မိန်းကလေးက ဘယ်လို အနာဂတ်ကို မြင်ယောင်နေသလဲ။
-
ကမ္ဘာသစ်မှာ ဘာတွေကို သင် မျှော်လင့်သလဲ။
-
ကိုယ့်ရဲ့ မျှော်လင့်ချက်ကို တွေးတောဆင်ခြင်တာက နိုဝင်ဘာလ ကင်ပိန်းမှာ အပြည့်အဝ ပါဝင်ဖို့ ဘယ်လို အထောက်အကူပြုသလဲ။—လု ၆:၄၅။