မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

အိမ်ထောင်ပြုတယ်ဆိုတာ ထာဝရ လက်တွဲဖို့ ဖြစ်

အိမ်ထောင်ပြုတယ်ဆိုတာ ထာဝရ လက်တွဲဖို့ ဖြစ်

အိမ်ထောင်ရေး သာယာတဲ့ ခရစ်ယာန်တွေဟာ ယေဟောဝါကို ဂုဏ်တင်ပြီး ပျော်ရွှင်​ကြတယ်။ (မာ ၁၀:၉) တည်မြဲပြီး သာယာတဲ့ အိမ်ထောင်​ ဖြစ်ချင်ရင် ကျမ်းစာမူ​အတိုင်း အိမ်ထောင်ဖက် ရွေးချယ်​ရမယ်။

လိင်စိတ်​ပြင်းပြတတ်တဲ့ “ပျိုမျစ်ချိန်” လွန်သွားပြီးနောက်မှ ပိုးပန်း​ပါ။ (၁​က ၇:၃၆) တစ်ကိုယ်ရေ​ဘဝမှာ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး​ ရှိအောင်၊ ခရစ်ယာန် အရည်အသွေးတွေ ရှိအောင် လုပ်ထား​ပါ။ ဒါမှ သာယာတဲ့​ အိမ်ထောင် တည်ထောင်​နိုင်မယ်။

လက်ထပ်​ဖို့ သဘောမတူခင် အချိန်​ပေးပြီး တစ်ဖက်သားရဲ့ ‘စိတ်သဘောထား’ ကို သိအောင် လုပ်ပါ။ (၁​ပ ၃:၄) သဘောထား ကွဲလွဲရင် နှစ်ဦးသား ဆွေးနွေးပါ။ တခြား​လူမှုပေါင်းသင်းမှုတွေမှာလိုပဲ အိမ်ထောင်မှာလည်း ကိုယ့်​အကျိုးထက် အိမ်ထောင်ဖက်ရဲ့ အကျိုးကို ဦးစားထား​သင့်​တယ်။ (ဖိ ၂:၃၊ ၄) အိမ်ထောင်မပြုခင်​ကတည်းက ကျမ်းစာ​မူတွေကို လိုက်လျှောက်​သူ​ ဖြစ်ရင် အိမ်ထောင်​သာယာ​ဖို့ အုတ်မြစ်ကောင်း ချနေတာပဲ။

အိမ်ထောင်မင်္ဂလာ​အတွက် ပြင်ဆင်ခြင်း—အပိုင်း ၃– “ကုန်ကျစရိတ်​ကို တွက်ချက်​ပါ” ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • ညီအစ်မ​နဲ့ ရှိန်းရဲ့ ဆက်ဆံရေး ဘယ်လို ရှိသလဲ။

  • တဖြည်းဖြည်း​နဲ့ ညီအစ်မ ဘာကို သတိထား​မိ​လာသလဲ။

  • မိဘတွေက ဘယ်လို ကူညီပေးသလဲ။ ဘယ်လို ပညာရှိရှိ ဆုံးဖြတ်ခဲ့သလဲ။