မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ် | လုပ်ငန်းတော် နှစ်သစ်အတွက် ပန်းတိုင်တွေ ချပါ

ပိုလိုအပ်တဲ့ ဒေသကို ပြောင်းရွှေ့ပါ

ပိုလိုအပ်တဲ့ ဒေသကို ပြောင်းရွှေ့ပါ

အမှုဆောင်လုပ်ငန်းကို တိုးချဲ့ဖို့ ကိုယ့်ဒေသကနေ နေရာသစ်ကို ပြောင်းရွှေ့တဲ့အခါ ယုံကြည်ခြင်း ရှိဖို့ လိုအပ်တယ်။ (ဟီ ၁၁:၈-၁၀) ပိုလိုအပ်တဲ့ဒေသကို ပြောင်းရွှေ့ဖို့ စဉ်းစားနေရင် အကြီးအကဲတွေနဲ့ တိုင်ပင်ပါ။ အကုန်အကျ တွက်ချက်ဖို့၊ ပြောင်းမယ့်ဒေသကို ရွေးဖို့ ဘယ်လို လက်တွေ့ကျကျ လုပ်ဆောင်မလဲ။ ပိုလိုအပ်တဲ့ ဒေသကို ပြောင်းရွှေ့ အမှုဆောင်ခြင်းနဲ့ဆိုင်တဲ့ ဆောင်းပါးတွေကို ရှာဖတ်ပါ။ တခြားအသင်းတော်ကို ပြောင်းရွှေ့ခဲ့သူတွေနဲ့ ဆွေးနွေးပါ။ (ပ ၁၅:၂၂) လမ်းညွှန်မှု ရဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ (ယာ ၁:၅) ကိုယ်ပြောင်းရွှေ့ချင်တဲ့ ဒေသတွေအကြောင်း လေ့လာပြီးနောက် ဖြစ်နိုင်ရင် ရက်အနည်းငယ် သွားလည်ပတ်ပြီးမှ ဆုံးဖြတ်ပါ။

အမှုဆောင်ဖို့ အခွင့်အရေး တံခါးကြီးထဲ ယုံကြည်ခြင်းနဲ့ ဝင်ပါ—ပိုလိုအပ်တဲ့ ဒေသကို ပြောင်းရွှေ့ပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို မေးပါ–

  • ဂေဘရီယယ် ဘယ်အခက်အခဲတွေ ကျော်လွှားခဲ့ရသလဲ။ သူ့ကို ဘာက အထောက်အကူပေးသလဲ။