ခရစ်ယာန်အသက်တာလမ်းစဉ် | လုပ်ငန်းတော် နှစ်သစ်အတွက် ပန်းတိုင်တွေ ချပါ
ရှေ့ဆောင်လုပ်ခြင်း
ဘုရားရေးရာ ပန်းတိုင်တွေ ထားတဲ့အခါ ကျွန်တော်တို့ရဲ့ ခွန်အားကို ပညာရှိရှိ အသုံးပြုကြတယ်။ (၁က ၉:၂၆) ပန်းတိုင်တွေက ဒီအစီအစဉ်စနစ် အဆုံးမတိုင်ခင် ကျန်ရှိတဲ့ အချိန်ကို အကျိုးရှိရှိ သုံးဖို့ ကူညီပေးတယ်။ (ဧ ၅:၁၅၊ ၁၆) မိသားစု ဝတ်ပြုမှုမှာ လာမယ့် လုပ်ငန်းတော်နှစ်အတွက် ပန်းတိုင်တွေ ချနိုင်တယ်။ ဒီလေ့ကျင့်ခန်းစာစောင်မှာ ဆုတောင်းသုံးသပ်စရာ ပန်းတိုင် အတော်များများအကြောင်း ဆောင်းပါးတွေ ပါတယ်။—ယာ ၁:၅။
ဥပမာ၊ မိသားစုထဲက အနည်းဆုံး တစ်ယောက်လောက် မှန်မှန်ရှေ့ဆောင် လုပ်ဖို့ ဝိုင်းဝန်း ကူညီပေးနိုင်မလား။ နာရီပြည့်မှာ မဟုတ်ဘူးလို့ ယူဆရင် ကိုယ်နဲ့ အခြေအနေတူတဲ့ ရှေ့ဆောင်တွေကို တိုင်ပင်ပါ။ (ပ ၁၅:၂၂) မိသားစု ဝတ်ပြုမှုမှာ ရှေ့ဆောင်တစ်ယောက်ကို မေးမြန်းနိုင်တယ်။ ပြီးတဲ့နောက် အစီအစဉ်ဇယား ဆွဲပါ။ ရှေ့ဆောင် လုပ်ခဲ့ဖူးတယ်ဆိုရင် အခုကော ရှေ့ဆောင်လုပ်ဖို့ အခြေအနေပေးမလား စဉ်းစားပါ။
မိသားစုဝင်တချို့ တစ်လ ဒါမှမဟုတ် ဒီထက်မက အရန်ရှေ့ဆောင် လုပ်နိုင်မလား။ ခွန်အား သိပ်မရှိရင် တစ်ရက်ကို အချိန်နည်းနည်းစီ ပေးပြီး အရန်ရှေ့ဆောင် လုပ်နိုင်ပါတယ်။ အချိန်ပြည့်အလုပ် လုပ်ရလို့၊ ကျောင်းတက်နေရလို့ ကြားရက်မှာ အမှုဆောင်ဖို့ အချိန်မရှိရင် အားလပ်ရက် ဒါမှမဟုတ် စနေ၊ တနင်္ဂနွေ ငါးပတ် ရှိတဲ့ လတွေမှာ ရှေ့ဆောင်လုပ်နိုင်တယ်။ အရန်ရှေ့ဆောင် လုပ်မယ့် အစီအစဉ်ကို ပြက္ခဒိန်မှာ ချရေးပါ၊ ဇယားဆွဲထားပါ။—ပ ၂၁:၅။
ရဲစွမ်းသတ္တိရှိသူ ဖြစ်ပါ . . . ရှေ့ဆောင်တို့ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို ဖြေပါ–
-
ရှေ့ဆောင်တွေကို ယေဟောဝါ ဂရုစိုက်စောင့်ရှောက်ကြောင်း ညီအစ်မ အမန်ရဲ့ တွေ့ကြုံမှုက ဘာသင်ပေးသလဲ။