အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ | အမှုဆောင်လုပ်ငန်းမှာ ပိုပျော်ရွှင်နိုင်ပုံ
ဘုရားသခင်အကြောင်း ကိုယ်တိုင် လေ့လာတတ်အောင် သင်သားကို သင်ပေးပါ
ကျမ်းစာသင်သားတွေ ယေဟောဝါအကြောင်း သိရှိပြီး ရင့်ကျက်တဲ့ ခရစ်ယာန်တွေ ဖြစ်လာဖို့ဆိုရင် သင်အံမှု လုပ်ရုံနဲ့ မလုံလောက်ဘူး။ (မ ၅:၃။ ဟီ ၅:၁၂–၆:၂) ဘုရားသခင်အကြောင်း ကိုယ်တိုင် လေ့လာတတ်အောင်လည်း သင်ယူရမယ်။
ကျမ်းစာ စသင်ကတည်းက သင်သားကို ကြိုတင်ပြင်ဆင်ပုံ ပြပေးပါ။ ကြိုတင်ပြင်ဆင်ဖို့ အားပေးပါ။ (mwb၁၈.၀၃ ၆) ကိုယ်ပိုင်လေ့လာမှု မလုပ်ခင် ဆုတောင်းဖို့ အားပေးပါ။ လေ့လာမှုအတွက် ဒီဂျစ်တယ်ပုံစံနဲ့ ရနိုင်တဲ့ ကိရိယာတွေကို သုံးတတ်အောင် ကူညီပေးပါ။ jw.org နဲ့ JW ရုပ်သံထုတ်လွှင့်မှု® မှာ အသစ်တင်ထားရာတွေကို ကြည့်တတ်အောင် သင်ပေးပါ။ နေ့တိုင်း ကျမ်းစာဖတ်ဖို့၊ အသင်းတော် အစည်းအဝေးတွေအတွက် ပြင်ဆင်ဖို့၊ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို ရှာတတ်ဖို့ တဖြည်းဖြည်း သင်ပေးပါ။ လေ့လာတဲ့အရာတွေကို တွေးတောဆင်ခြင်ဖို့ ကူညီပေးပါ။
ဘုရားသခင်အကြောင်း လေ့လာနည်း သိဖို့ ကျမ်းစာသင်သားကို ကူညီပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
-
ကျမ်းစာလေ့လာတယ်ဆိုတာ အဖြေကို သိရုံလောက်ပဲ မဟုတ်မှန်း ဂျက်စမင် နားလည်အောင် နီတာ ဘယ်လို ကူညီပေးခဲ့သလဲ။
-
လိင်အကျင့်ယိုယွင်းမှုကို ယေဟောဝါ တားမြစ်ပိုင်ခွင့် ရှိကြောင်း ဂျက်စမင် လက်ခံယုံကြည်လာအောင် ဘာက ကူညီပေးခဲ့သလဲ။
-
တွေးတောဆင်ခြင်တာနဲ့ပတ်သက်ပြီး ဂျက်စမင် ဘာကို နားလည်သွားသလဲ။