ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ
ပြည်တော်ကို ခွဲဝေရာမှာ ယေဟောဝါရဲ့ ပညာသားပါတဲ့ နည်းလမ်း
မျိုးနွယ်တစ်နွယ်စီ ရရှိမယ့် နယ်မြေကို မဲချပြီး ခွဲဝေပေးဖို့ ယေဟောဝါ ညွှန်ကြားခဲ့ (ယရ ၁၈:၁၀။ it-1 ၃၅၉ ပိုဒ်. ၁)
ယာကုပ် မသေဆုံးခင် ကြိုပြောခဲ့တဲ့ အချက်တွေ ပြည့်စုံဖို့ ယေဟောဝါ သေသေချာချာ လုပ်ဆောင်ပေး (ယရ ၁၉:၁။ it-1 ၁၂၀၀ ပိုဒ်. ၁)
တစ်နွယ်စီ ရမယ့် နယ်မြေ အကျယ်အဝန်းကို ပြင်ဆင်ဖို့ လူတွေကို ဘုရား ခွင့်ပြုခဲ့ (ယရ ၁၉:၉။ it-1 ၃၅၉ ပိုဒ်. ၂)
မျိုးနွယ်တွေကြားမှာ မနာလိုစရာ၊ အငြင်းပွားစရာ မဖြစ်အောင် နယ်မြေတွေ ခွဲဝေပေးခဲ့တယ်။ အဲဒါက ကမ္ဘာသစ်မှာ ကိစ္စရပ်တွေကို ယေဟောဝါ လမ်းညွှန်ပုံနဲ့ပတ်သက်ပြီး သင် ဘာကို ယုံကြည်စိတ်ချနိုင်သလဲ။