အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ | အမှုဆောင်လုပ်ငန်းမှာ ပိုပျော်ရွှင်နိုင်ပုံ
ယေဟောဝါရဲ့ အကူအညီရဖို့ ဆုတောင်းပါ
လူတစ်ယောက်ရဲ့ စိတ်နှလုံးမှာ အမှန်တရား မျိုးစေ့ အမြစ်စွဲပြီး ကြီးထွားလာအောင် လုပ်တာက ယေဟောဝါ ဖြစ်တယ်။ (၁က ၃:၆-၉) ဒါကြောင့် အမှုဆောင်လုပ်ငန်းမှာ အောင်မြင်မှု ရရှိအောင် ကျွန်တော်တို့နဲ့ ကျမ်းစာသင်သားတွေကို ကူညီပေးဖို့ ယေဟောဝါကို ယုံကြည်ကိုးစားရမယ်။
ဖိအားတွေကို ခံရပ်နိုင်ဖို့၊ အတားအဆီးတွေကို အောင်မြင်ကျော်လွှားဖို့ သင်သားကို ကူညီပေးပါလို့ ယေဟောဝါဆီ ဆုတောင်းပါ။ (ဖိ ၁:၉၊ ၁၀) တိတိကျကျ ပြောပြီး ဆုတောင်းပါ။ ကိုယ့်ရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်ကို လမ်းညွှန်ပေးဖို့ သန့်ရှင်းသော စွမ်းအားတော် တောင်းခံပါ။ (လု ၁၁:၁၃) ကျမ်းစာသင်သားကို ဆုတောင်းနည်း သင်ပေးပြီး ဆုတောင်းဖို့ တိုက်တွန်းပါ။ ကျမ်းစာသင်သားနဲ့အတူ ဆုတောင်းပါ။ သူတို့နာမည် ထည့်ပြီး ဆုတောင်းပေးပါ။
တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပျော်ရွှင်ဖို့ ယေဟောဝါရဲ့ အကူအညီကို လက်ခံပါ—ဆုတောင်းခြင်း ဗီဒီယို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ။
-
နီတာဟာ ကျမ်းစာသင်သား ဂျက်စမင်နဲ့ပတ်သက်ပြီး ဘာအခက်တွေ့နေသလဲ။
-
နီတာကို ၁ ကောရိန္သု ၃:၆ က ဘယ်လို ကူညီပေးခဲ့သလဲ။
-
နီတာရဲ့ အခက်အခဲ ဘယ်လို ပြေလည်သွားသလဲ။