ခရစ်ယာန်အသက်တာလမ်းစဉ်
အတွေးနဲ့ သမာဓိ
သမာဓိရှိကြောင်း အပြော၊ လုပ်ရပ်နဲ့သာမက အတွေးနဲ့ပါ တင်ပြရမယ်။ (ဆ ၁၉:၁၄) ဒါကြောင့် ကျမ်းစာက ကျွန်တော်တို့ကို မှန်ကန်တဲ့အရာ၊ အလေးအနက်ထားရမယ့်အရာ၊ ဖြောင့်မတ်တဲ့အရာ၊ စင်ကြယ်တဲ့အရာ၊ မေတ္တာတိုးစေတဲ့အရာ၊ အားပေးမှုဖြစ်စေတဲ့အရာ၊ မွန်မြတ်တဲ့အရာ၊ ချီးမွမ်းထိုက်တဲ့အရာ မှန်သမျှကို ဆင်ခြင်သုံးသပ်နေဖို့ အားပေးထားတာ ဖြစ်တယ်။ (ဖိ ၄:၈) မကောင်းတဲ့အတွေးတွေ ဝင်မလာအောင်တော့ မတားဆီးနိုင်ဘူး။ ဒါပေမဲ့ မကောင်းတဲ့အတွေးတွေကို ဖယ်ထုတ်ပြီး အကျိုးရှိတဲ့အတွေးတွေနဲ့ အစားထိုးနိုင်အောင် ချုပ်တည်းခြင်းက ကူညီပေးတယ်။ အတွေးထဲမှာတောင် သမာဓိရှိဖို့ ကြိုးစားရင် သမာဓိရှိရှိ ပြုမူကျင့်ကြံနိုင်ပါလိမ့်မယ်။ —မာ ၇:၂၁-၂၃။
ကျမ်းချက်တစ်ခုစီအောက်မှာ ကျွန်တော်တို့ ရှောင်ရှားသင့်တဲ့ အတွေးအခေါ်တွေကို ချရေးပါ–