ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ
မာနကြီးခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချလွန်းခြင်းကို ရှောင်ပါ
ကောရဟာ မာနကြီး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချလွန်းပြီး ယေဟောဝါရဲ့ အစီအစဉ်ကို ဆန့်ကျင်ပုန်ကန်ခဲ့ (တလ ၁၆:၁-၃။ က၁၁ ၉/၁၅ ၂၇ ပိုဒ်. ၁၂)
ကောရဟာ ရိုသေလေးစားခံရတဲ့ လေဝိအမျိုးသားတစ်ဦး ဖြစ်ပြီး အခွင့်ထူးတွေ ရရှိထား (တလ ၁၆:၈-၁၀။ က၁၁ ၉/၁၅ ၂၇ ပိုဒ်. ၁၁)
ကောရရဲ့ အတွေးအခေါ် မှားမှုကြောင့် ဆိုးကျိုးတွေ ခံစားခဲ့ရ (တလ ၁၆:၃၂၊ ၃၅)
အမှုဆောင်လုပ်ငန်းမှာ ရရှိတဲ့ အောင်မြင်မှုတွေကြောင့် မာနမကြီးရဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု မလွန်ကဲရဘူး။ အမှန်တရားမှာ သက်တမ်းကြာလေ ဒါမှမဟုတ် တာဝန်ကြီးတွေ ရလေ နှိမ့်ချမှု ပြဖို့ ပိုလိုအပ်လေပဲ။