“ကြီးမြတ်ချင်သူတိုင်း အစေခံဖြစ်ရမယ်”
မာနကြီးတဲ့ ဇဒ္ဒုကဲတွေနဲ့ ဖာရိရှဲတွေဟာ အထင်ကြီးခံချင်၊ ထင်ပေါ်ချင်ကြတယ်။ (မ ၂၃:၅-၇) ယေရှုကတော့ အဲဒီလို မဟုတ်ဘူး။ “သူတစ်ပါးကို စေခိုင်းဖို့ လာတာ မဟုတ်ဘူး။ သူတစ်ပါးအစေကိုခံ” ဖို့ ရောက်လာတာ။ (မ ၂၀:၂၈) အသိအမှတ်ပြုခံရ၊ ချီးမွမ်းခံရတဲ့ ဝတ်ပြုရေးဆိုင်ရာ လုပ်ဆောင်မှုတွေကိုပဲ ကျွန်တော်တို့ အဓိက အာရုံစိုက်သလား။ ယေဟောဝါရှေ့မှာ ကြီးမြတ်ချင်တယ်ဆိုရင် ယေရှုလိုပဲ တခြားသူတွေကို ကူညီဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ကြမှာဖြစ်တယ်။ အဲဒီအလုပ်မျိုးကို လူတွေ မမြင်ဘူး။ ယေဟောဝါပဲ မြင်တယ်။ (မ ၆:၁-၄) နှိမ့်ချတဲ့ အမှုဆောင်သူဟာ . . .
-
ခန်းမ သန့်ရှင်းရေး၊ ပြုပြင်ထိန်းသိမ်းရေးမှာ ပါဝင်လုပ်ဆောင်တယ်
-
အသက်ကြီးသူတွေ၊ တခြားသူတွေကို ကူညီဖို့ အစပြုလုပ်ဆောင်တယ်
-
နိုင်ငံတော်လုပ်ငန်းအတွက် အလှူငွေ ထည့်တယ်