စကားစမြည် ပြောဆိုနိုင်ပုံ နမူနာ
●○○ ဦးဆုံးတွေ့ဆုံချိန်
အောက်မေ့ရာပွဲဖိတ်စာ ကင်ပိန်း (မတ် ၃-၃၁)– သိပ်အရေးကြီးတဲ့ ပွဲနေ့တစ်ခုကို တက်ရောက်ဖို့ လာဖိတ်တာပါ။ ဒါက ဖိတ်စာပါ။ ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့ လူတွေဟာ မတ်လ ၃၁ ရက်၊ စနေနေ့မှာ ယေရှုခရစ်ရဲ့ သေခြင်း အောက်မေ့ရာပွဲ ကျင်းပဖို့ စုဝေးကြမယ်။ ကျင်းပမယ့် အချိန်နဲ့ နေရာကို ဒီဖိတ်စာထဲမှာ ဖော်ပြပေးထားတယ်။ အဲဒီနေ့ မတိုင်ခင်အပတ်မှာ ဟောမယ့် “ယေရှုခရစ်ဟာ ဘယ်သူလဲ” ဆိုတဲ့ ဟောပြောချက်ကို လာနားထောင်ဖို့လည်း ဖိတ်ခေါ်ပါတယ်။
နောက်လည်ပတ်မှုအတွက်– ယေရှု ဘာကြောင့် အသေခံရတာလဲ။
○●○ ဦးဆုံး ပြန်လည်ပတ်မှု
မေးခွန်း– ယေရှု ဘာကြောင့် အသေခံရတာလဲ။
ကျမ်းချက်– မ ၂၀:၂၈
နောက်လည်ပတ်မှုအတွက်– ရွေးဖိုးက ဘာတွေ ဖြစ်မြောက်စေသလဲ။
○○● ဒုတိယအကြိမ် ပြန်လည်ပတ်မှု
မေးခွန်း– ရွေးဖိုးက ဘာတွေ ဖြစ်မြောက်စေသလဲ။
ကျမ်းချက်– ရ ၆:၂၃
နောက်လည်ပတ်မှုအတွက်– ရွေးဖိုးအတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြသနိုင်သလဲ။