အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ | အမှုဆောင်လုပ်ငန်းမှာ ပိုပျော်ရွှင်နိုင်ပုံ
အဓိကအချက်တွေကို ပုံဥပမာပြပါ
ပြန်လည်ပတ်မှုတွေ၊ ကျမ်းစာသင်အံမှုတွေ လုပ်တဲ့အခါ နားထောင်နေသူတွေ အဓိကအချက်တွေကို နားလည်အောင် ကူညီပေးဖို့ လိုတယ်။ အဓိကအချက်တွေကို ဥပမာနဲ့ သင်ပေးမယ်ဆိုရင် စိတ်နှလုံး ထိမိပြီး မှတ်မိဖို့ လွယ်ကူစေမယ်။
ပြန်လည်ပတ်မှု၊ ကျမ်းစာသင်အံမှုအတွက် ပြင်ဆင်တဲ့အခါ မလိုအပ်တဲ့ အသေးစိတ် အချက်အလက်တွေကို မဟုတ်ဘဲ ဥပမာပေးချင်တဲ့ အဓိက အချက်တွေကို ထုတ်နုတ်ပါ။ နေ့စဉ် မြင်တွေ့နေကျ အရာတွေထဲက ရိုးရှင်းတဲ့ ဥပမာတွေ ရွေးပါ။ (မ ၅:၁၄-၁၆။ မာ ၂:၂၁။ လု ၁၄:၇-၁၁) သူတို့ရဲ့ နောက်ခံနဲ့ အလုပ်တွေကို ထည့်စဉ်းစားပါ။ (လု ၅:၂-၁၁။ ယဟ ၄:၇-၁၅) အဓိကအချက်တွေကို သူတို့ နားလည်ပြီး ပျော်ရွှင်သွားတာကို မြင်တဲ့အခါ သင်လည်း ပျော်ရွှင်ရပါလိမ့်မယ်။
တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပျော်ရွှင်ဖို့ စွမ်းရည်များကို မြှင့်တင်ပါ—အဓိကအချက်တွေကို ပုံဥပမာပြခြင်း ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ။
-
ကျမ်းချက်တွေကို သင်သားတွေ နားလည်ဖို့ ဘာကြောင့် အကူအညီ လိုသလဲ။
-
ရောမ ၅:၁၂ မှာ ပါတဲ့ အမှန်တရားကို နားလည်ဖို့ နီတာ ဘယ်လို ဥပမာ ပေးသလဲ။
-
ထိရောက်တဲ့ ပုံဥပမာတွေက နားထောင်နေသူတွေကို ဘယ်လို အကျိုးခံစားရစေသလဲ။
-
အမှုဆောင်လုပ်ငန်းမှာ အဖွဲ့အစည်းက ပြင်ဆင်ပေးထားတဲ့ ဗီဒီယိုတွေနဲ့ သွန်သင်ခြင်း ကိရိယာတွေကို ဘာကြောင့် သုံးသင့်သလဲ။