ခရစ်ယာန်အသက်တာလမ်းစဉ်
“နတ်ဘုရားရုပ်တုတွေကို လွှင့်ပစ်ကြ”
ရုပ်တုမကိုးကွယ်ရဆိုတဲ့ ပညတ်မရှိခင်ကတည်းက ယေဟောဝါတစ်ပါးတည်းကိုပဲ ကိုးကွယ်ရမယ်ဆိုတာ ယာကုပ် သိတယ်။ (ထွ ၂၀:၃-၅) ဒါကြောင့် ဗေသလအရပ်မှာ သွားနေပါလို့ ယာကုပ်ကို ယေဟောဝါ ပြောပြီးနောက် ယာကုပ်က နတ်ဘုရားရုပ်တုတွေကို လွှင့်ပစ်ဖို့ ယောက်တိုင်းကို ပြောခဲ့တယ်။ အဲဒီနောက်မှာ ယာကုပ်ဟာ အဆောင်လက်ဖွဲ့အဖြစ် ဝတ်ဆင်ပုံရတဲ့ နားဆွဲတွေ အပါအဝင် ရုပ်တုတွေကို စွန့်ပစ်လိုက်တယ်။ (က ၃၅:၁-၄) ယာကုပ်ရဲ့လုပ်ရပ်ကို ယေဟောဝါ နှစ်သက်မှာ သေချာတယ်။
အခုခေတ်မှာကော၊ ယေဟောဝါတစ်ပါးတည်းကိုပဲ ဘယ်လို ကိုးကွယ်ဆည်းကပ်နိုင်သလဲ။ ရုပ်တုကိုးကွယ်ခြင်း၊ နတ်ဆိုးပညာနဲ့ ဆက်နွှယ်တဲ့အရာ မှန်သမျှကို ရှောင်ကြဉ်ရမှာဖြစ်တယ်။ အဲဒီအထဲမှာ မှော်အတတ်နဲ့ သက်ဆိုင်တဲ့ ပစ္စည်းမှန်သမျှကို ဖယ်ရှားခြင်း၊ ကိုယ့်ရဲ့အပန်းဖြေမှုကို အသေအချာ ဆန်းစစ်ခြင်း ပါဝင်တယ်။ ဥပမာအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘သွေးစုပ်ဖုတ်ကောင်၊ သဘာဝလွန် စွမ်းအားရှင်တွေ ပါတဲ့ စာအုပ်၊ ရုပ်ရှင်တွေနဲ့ ငါ အပန်းဖြေနေသလား။ မှော်အတတ်ပညာ၊ ပြုစားတာ၊ ကျိန်စာတိုက်တာတွေကို ပျော်စရာအဖြစ် တင်ဆက်ထားတာတွေနဲ့ အပန်းဖြေနေသလား။ ယေဟောဝါ မုန်းတဲ့အရာမှန်သမျှကို ဝေးဝေးရှောင်သင့်တယ်။—ဆ ၉၇:၁၀။
“မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ” ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
-
ပါလစ်ဆာလို့ ခေါ်တဲ့ ကျမ်းစာသင်သားမှာ ဘာပြဿနာ ရှိသလဲ။
-
နတ်ဆိုးတွေရဲ့ နှောင့်ယှက်မှု ခံနေရတယ်ဆိုရင် အကြီးအကဲတွေဆီ အကူအညီတောင်းတာက ဘာကြောင့် ပညာရှိရာ ရောက်သလဲ။
-
ယေဟောဝါရဲ့ ကာကွယ်မှု ရချင်တယ်ဆိုရင် ဘာတွေကို ဖယ်ရှားပစ်ရမလဲ။
-
ပါလစ်ဆာ ဘာကို ပြတ်ပြတ်သားသား လုပ်ခဲ့သလဲ။
-
သင့်ဒေသမှာ နတ်ဆိုးဩဇာလွှမ်းမိုးမှုကို ဘယ်လိုနည်းတွေနဲ့ ရှောင်နိုင်သလဲ။